Part 2 (Unicode)

594 46 2
                                    

Premတစ်ယောက်Maeကလမ်းထိပ်မှာစျေးသွားဝယ်ခိုင်းလို့ သွားဝယ်ရင်းနဲ့သူ့အနောက်မှ လူ၃ယောက်လိုက်လာသည်ကိုသတိထားမိကာ လှည့်ကြည့်လိုက်လေသည်။

Man 1: ဟေ့ကောင်တွေ အဲ့တာဟိုကောင်လေးမဟုတ်လား ဟိုတစ်နှစ်ကမှဒီရပ်ကွက်ထဲကိုပြန်ရောက်လာတဲ့ကောင်လေးလေ

Man 2: ဟုတ်တာပေါ့ကွ သူပြန်လာတော့လဲသူ့မှာအမည်းစက်ကြီးစွန်းထင်းပီးပြန်လာတာကွ

Man 3: ဘယ်လိုအမည်းစက်ကြီးလဲပြောပြပါအုံးကွ

Premတစ်ယောက်သူ့အကြောင်းကိုတမင်တကာ ပါးစပ်အရသာခံပီးပြောနေတဲ့ ထိုလူ၃ယောက်ဘက်ကို ဒေါသတကြီးလှည့်ကာ

Prem: ခင်ဗျားတို့ဘာဖြစ်နေတာလဲ ဘာလို့ကျွန်တော့်ကိုလိုက်နှောက်ယှက်နေရတာလဲ

Man 1: ငါတို့ကနှောက်ယှက်တယ် ဟုတ်လား မင်းကသာအရှက်မရှိတဲ့Gayကောင် အခြောက်ကောင်

Man 2: အရှက်မရှိရုံတင်ဘယ်ကမလဲ သူ့ရဲ့လင်ကပါ သူ့ကိုနောက်ဆုံးတော့ထားခဲ့တာလေ ကျက်သရေကိုမရှိဘူး

Prem: အဲ့တော့ဘာဖြစ်လဲ ခင်ဗျားတို့နဲ့ဘာဆိုင်လဲ ပီးတော့သူကကျွန်တော့်ကိုထားခဲ့တာမဟုတ်ဘူး သူ့ကိုကျွန်တော်ကထားခဲ့တာ ဘာမှမသိရင်သူများအကြောင်းကိုဝင်မပြောတာအကောင်းဆုံးဘဲ

Man 3: တစ်ခုလပ်ကောင်ကများပြန်ပြောရဲသေးတယ်

ထိုလူကပြောရင်းနဲ့ လက်သီးဖြင့်ထိုးလိုက်သဖြင့် Premနောက်သို့လဲကျသွားလေသည်။ဒါ
တောင်ဟိုလူတွေကသုံးယောက်ပေါင်းပီး Premကိုထိုးကျိတ်နေကြတုန်းပင်ဖြစ်သည်။

အောက်ကနေအထိုးခံနေရတဲ့Premကတော့ အသားနာတယ်ဆိုတာထက် ရင်ထဲကပိုပီးနာနေလေသည်။

သူတစ်ခါမှားခဲ့ဖူးတဲ့အမှားတစ်ခုက ခုတော့သူ့ဘဝတစ်လျှောက်လုံးကိုဖျက်စီးလိုက်ပီလေ။

သူ့ရဲ့Porတောင်သူ့ကိုရွံနေသေးတာဘဲ တခြားသူဆိုတာတော့ပြောမနေပါနဲ့တော့လေ။

ထိုလူများကထိုးကျိတ်လို့ဝတော့မှ ထွက်သွားကျသဖြင့် Premပြန်ထကာ နှုတ်ခမ်းမှထွက်နေသောသွေးများကို လက်ဖနှောင့်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ကာ အိမ်သို့ပြန်လာခဲ့လိုက်လေသည်။

❣️သူနဲ့ကျွန်တော်❣️Where stories live. Discover now