Part 14 (Zawgyi)

277 15 2
                                    

Premတစ်ယောက် မိုးလင်းတော့အလုပ်သွားရန်ပြင်ဆင်ပီး Bounကိုစောင့်နေလိုက်လေသည်။

သူBounရဲ့Companyမှာအလုပ်ဝင်နေပီဖြစ်ကြောင်း Porနဲ့Maeကိုပြောတော့ Porနဲ့Maeကဝမ်းသာသည်တဲ့လေ။

Maeကတော့အလုပ်ကိုကြိုးကြိုးစားစားလုပ်ဖို့ပြောပေမယ့် Porကတော့ Bounနဲ့အဆင်ပြေအောင်ပေါင်းဖို့သာပြောလေသည်။

Bounရောက်လာတော့ Premလဲသူ့ရဲ့Porနဲ့Maeကိုနှုတ်ဆက်ကာ Bounရဲ့ကားနဲ့လိုက်သွားလေသည်။

Boun: ပေါက်စီ အိမ်ကဘာစားလာခဲ့လဲ

Prem: ဘာမှစားမလာဘူးအကို

Boun: ဒါဆိုဆိုင်တစ်ဆိုင်ဆိုင်မှာ တစ်ခုခုဝင်စားကြမလား

Prem: နေပါစေ မစားတော့ပါဘူး

Boun: ကိုယ်ဝယ်ကျွေးမှာပါကွာ

Prem: ကျွန်တော်သိပါတယ် အကို့ကိုအားနာလို့ပါ

Boun: ဘာမှအားနာမနေနဲ့ အကိုလဲအိမ်ကဘာမှစားမလာဘူး အတူတူစားကြမယ်လေနော်

Prem: ဟုတ်ကဲ့ ဒါဆိုလဲအကို့သဘောပါဘဲ

Bounလဲဆိုင်တစ်ဆိုင်ကိုမောင်းသွားလိုက်ကာ Premကိုစားစရာများမှာခိုင်းလိုက်လေသည်။

Boun: ပေါက်စီစားချင်တာမှာလိုက်နော်

Premလဲဘာမှာရမှန်းမသိဖြစ်နေလေတော့သည်။သူတစ်ခါမှဒီလိုဆိုင်အကြီးကြီးတွေကို လာမစားဖူးဘူးလေ။ဒါ့ကြောင့်ဘယ်အစားအစာကကောင်းလဲဆိုတာသူမသိတာကြောင့်

Prem: အကိုကြိုက်တာဘဲမှာလိုက်ပါ ကျွန်တော်ကအကုန်စားလို့ရပါတယ်ဗျ

Boun: Okလေ ဒါဆိုကိုယ်ဘဲမှာလိုက်တော့မယ်နော်

Bounကတော့စားစရာများကိုတစ်ခုပီးတစ်ခုမှာနေလေရဲ့။အကုန်လုံးကလဲဈေးကြီးမယ့်ပုံတွေဖြစ်နေတာကြောင့် PremလဲBounကိုအားနာနေတော့တယ်။

Prem: အကိုကလဲမှာတာတွေကများလိုက်တာ အကိုကုန်အောင်စားနိုင်လို့လား

Boun: စားနိုင်တာပေါ့ ကိုယ်တစ်ယောက်ထဲစားမှာမှမဟုတ်တာ ပေါက်စီနဲ့စားမယ့်ဟာကို ကုန်ပါတယ် နောက်နေ့တွေလဲအတူတူစားကြမယ်နော်

❣️သူနဲ့ကျွန်တော်❣️Where stories live. Discover now