Part 5 (Zawgyi)

323 20 0
                                    

ခြံထဲကိုမောင်းဝင်လာတဲ့ကားကို Premရဲ့Porနဲ့Maeလှမ်းကြည့်လိုက်ကြလေသည်။

Premနဲ့Bounကတော့ကားပေါ်မှဆင်းလာကြလေသည်။ Premကဆေးထုတ်လေးဆွဲကာအိမ်ပေါ်သို့တက်လာပီးBounလဲPremနောက်မှလိုက်သွားလေတော့သည်။

အိမ်ပေါ်ရောက်တော့ Premရဲ့PorကPremကိုအလိုမကျတဲ့မျက်လုံးတွေနဲ့ကြည့်ကာ

Por: မင်းဆေးသွားဝယ်တာကလဲသေနေတာကျနေရော ကြာလိုက်တာမှကို

Premကတော့မျက်လုံးလေးကလယ်ကလယ်နဲ့သူ့ရဲ့Porကိုကြည့်နေလေသည်။

Por: ပြောလိုက်ရင်အူကြောင်ကြားရုပ်နဲ့ပြန်ကြည့်ဖို့ဘဲသိတယ် တယ် ငါလုပ်လိုက်ရ

လက်ဖြင့်ရိုက်ရန်ရွယ်လိုက်တဲ့Por
ကြောင့်Premခေါင်းလေးငုံ့ကာ ငြိမ်နေလိုက်လေသည်။

Boun: ကျွန်တော့်ကြောင့်ကြာသွားတာပါဗျ သူ့မှာအပြစ်မရှိပါဘူး ဆူချင်ရင်ကျွန်တော့်ကိုဘဲဆူပါနော်

PorကBounဝင်ပြောလိုက်တာကြောင့် Premကိုရိုက်ရန်ရွယ်ထားတဲ့လက်ကိုပြန်ချလိုက်ကာ

Por: ဟုတ်လား ဘယ်လိုဖြစ်လို့လဲ

Boun: သူဆေးဝယ်ထွက်လာတုန်းကျွန်တော်နဲ့တွေ့လို့ သူ့မျက်နှာပေါ်ကဒဏ်ရာတွေပါဆေးထည့်ပေးချင်လို့မြို့ထဲကဆေးခန်းကိုခေါ်သွားမိတာပါ အဲ့တာကြောင့်နောက်ကျသွားတာပါ ကျွန်တော်ဦးလေးတို့ကိုခွင့်မတောင်းဘဲခေါ်သွားမိတဲ့အတွက်တောင်းပန်ပါတယ်နော်

Por: ရပါတယ် မင်းနဲ့ဆိုရင်တော့ဦးလေးစိတ်ချပါတယ် တော်ကြာသူတခြားကောင်တွေနဲ့အလေလိုက်နေမှာစိုးလို့ဦးလေးကပြောနေရတာပါ

Porရဲ့စကားကြောင့်Premမျက်နှာညှိုးသွားကာ ခေါင်းငုံ့ထားလိုက်လေသည်။သူတို့မိသားစုတွေဘဲရှိတုန်းပြောတာတောင် သူရှက်နေတာကို ခုလိုသူစိမ်းတစ်ယောက်ရှေ့မှာအပြောခံလိုက်ရတော့ သူ့မျက်နှာဘယ်နားသွားထားရမှန်းမသိအောင်ကိုပင်ဖြစ်သွားလေတော့သည်။

Maeကတော့Premမျက်နှာပျက်သွားသည်ကိုသတိထားမိသွားကာ

Mae: ရှင်ကတော့လေ ကလေးကိုဆိုမဟုတ်တာအမြဲလုပ်နေတယ်ထင်တော့တာဘဲ မသိရင်ရှင့်သားမဟုတ်တဲ့အတိုင်းဘဲ

❣️သူနဲ့ကျွန်တော်❣️Where stories live. Discover now