Part 11 (Unicode)

427 32 2
                                    

Prem တစ်ယောက်Toiletထဲမှာနာရီဝက်ခန့်နေပီးမှ အပြင်ကိုအသာလေးပြန်ထွက်လာကာ Jayရှိမရှိကိုချောင်းကြည့်လိုက်လေသည်။

Jayကမရှိတော့သောကြောင့် Premအလုပ်ပြန်လုပ်နေလိုက်လိုက်တော့သည်။ဒါပေမယ့်သူ့စိတ်ညစ်သွားသဖြင့် အလုပ်လုပ်တာတလွဲတချော်တွေဖြစ်နေတော့တာပေါ့။

Sammyလဲတလွဲတွေဖြစ်နေတဲ့ Premဘေးနားသွားလိုက်ကာ

Sammy: မောင်လေး ဘာဖြစ်နေတာလဲ ဒီနေ့ခဏခဏတလွဲတွေဖြစ်နေပါလား နေမကောင်းဘူးလား

Prem: ဟုတ်အမ ကျွန်တော်နေသိပ်မကောင်းလို့ပါ

Sammy: ဒါဆိုဒီနေ့နားလိုက်ပါလား အိမ်မှာဆိုတော့အေးအေးဆေးဆေးနေလို့ရတာပေါ့

Premလဲအလုပ်ထဲမှာစိတ်မပါဘဲမလုပ်ချင်တာကြောင့်

Prem: ဟုတ်အမ ကျေးဇူးပါနော် ဒါဆိုကျွန်တော်အိမ်ပြန်လိုက်အုံးမယ်နော်

Sammy: အမပြန်လိုက်ပို့ပေးမယ်လေ

Prem: နေပါစေအမရယ် အားနာစရာကြီး

Sammy: မဟုတ်တာကွယ် အမလဲအပြင်သွားစရာရှိလို့ပါ ဆိုင်မှာတခြားဝန်ထမ်းတွေရှိတာဘဲ ဆိုင်ကိုသူတို့နဲ့ထားခဲ့လို့ရပါတယ်

Premလဲအားနာတာကြောင့် Sammyကိုလိုက်ပို့ခွင့်ပြုလိုက်လေသည်။အိမ်ရှေ့ရောက်တော့ Premလဲ Sammyကို ကားရပ်ခိုင်းလိုက်ကာ ကားပေါ်မှဆင်းလိုက်ပီး

Prem: ဒါကျွန်တော့်အိမ်ပါအမ အိမ်ထဲဝင်ပါအုံးလား

Sammyလဲ လက်မှာပတ်ထားတဲ့နာရီကို
ကြည့်လိုက်ကာ

Sammy: နောက်မှပေါ့ကွယ် ခုတော့အမလဲချိန်းထားတာလေးရှိလို့သွားတော့မယ်နော် မောင်လေးလဲဆေးခန်းလေးဘာလေး သွားပြအုံး ပီးရင်အိမ်မှာဘဲနားနားနေနေနေပေါ့ မနက်အလုပ်မဆင်းနိုင်သေးရင်လဲ အမကိုဖုန်းလှမ်းဆက်လိုက်နော်

Prem: ဟုတ်ကဲ့အမ ကျေးဇူးပါနော်

Sammy; အင်းပါ ဒါဆိုအမသွားပီနော်

SammyကPremကိုလိုက်ပို့ပီး စကားပြောနေကြတာကို အိမ်ပေါ်ကနေသူ့ရဲ့Porနဲ့Maeကလှမ်းကြည့်နေလေသည်။

❣️သူနဲ့ကျွန်တော်❣️Where stories live. Discover now