တည်းခိုခန်းတစ်ခုရဲ့ အခန်းတစ်ခန်းထဲကကုတင်ပေါ်မှာတော့ ကောင်လေးနှစ်ယောက်ငြိမ်သက်စွာထိုင်နေကြလေသည်။
ခဏကြာတော့ အဲ့ဒီ့ငြိမ်သက်မှု့ကို Bounကဘဲစပီးဖြိုခွဲလိုက်ပါတော့တယ်။
Boun: ကိုယ်တောင်းပန်ပါတယ်ပေါက်စီ
Prem: ဘာအတွက်လဲ
Boun: ကိုယ်မင်းရဲ့ဆန္ဒကိုမမေးဘဲခိုးပြေးလာခဲ့မိလို့ပါ
Prem: တကယ်တော့ကျွန်တော်ကတောင်းပန်ရမယ့်လူပါ အကို့အပေါ်လိမ်ခဲ့မိတာတွေအတွက်ပေါ့
Boun: ပေါက်စီဒီကိုလာတဲ့လမ်းတောက်လျှောက်တောင်းပန်ပီးနေပီလေ တော်ပါတော့
Prem: အကိုကျွန်တော့်ကိုမရွံ့ဘူးလားဟင်
Boun : ဘာလို့ရွံ့ရမှာလဲ
Prem: ကျွန်တော်ကလူပျိုမှမဟုတ်တာ ကျွန်တော့်ကြောင့်နဲ့ အကို့ရဲ့ဂုဏ်သိက္ခာတွေထိခိုက်ကုန်တော့မယ် ကျွန်တော်တို့ပြန်ကြရအောင်နော်
BounလဲPremရဲ့ပုခုံးလေးကိုကိုင်လိုက်ကာ Premရဲ့မျက်နှာကိုစေ့စေ့ကြည့်လိုက်ပီး
Boun: ကိုယ်ပေါက်စီကိုချစ်တယ် ပေါက်စီကြောင့်ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကျမယ်ဆိုရင်လဲ ကျပါစေ အဓိကကတော့ ကိုယ်ပေါက်စီကိုပိုင်ဆိုင်ချင်တယ် ပေါက်စီကကိုယ့်ရဲ့အပိုင်ဆိုတာကို လူတိုင်းကိုသိစေချင်တယ် အဲ့တာမှဟိုလူလဲ နှောက်ယှက်လို့မရတော့မှာလေ အဲ့တော့ကိုယ်တို့အိမ်ပြန်ဖို့အကြောင်းကိုမပြောဘဲနဲ့ ကိုယ်တို့ရှေ့ဆက်ပီးအတူတူနေဖို့ကိုဘဲတွေးနေနော်
PremလဲBounရဲ့ရင်ခွင်ထဲကိုတိုးဝင်ကာ
Prem: ကျေးဇူးပါနော်အကို ကျွန်တော့်လိုလူကိုချစ်ပေးခဲ့လို့
Boun: ကိုယ်ကသာပေါက်စီကိုကျေးဇူးတင်ရမှာပါ ကိုယ့်ရဲ့ဘဝထဲကိုဝင်လာပေးလို့
ရင်ခွင်ထဲဝင်ပီးငိုနေတဲ့ကောင်လေးရဲ့မေးဖျားလေးကိုဆွဲမော့ကာ ပါးဖောင်းဖောင်းလေးများကို နမ်းလိုက်ပီး
Boun: မငိုနဲ့တော့ပေါက်စီ ရေသွားချိုးတော့နော်
Prem: အဝတ်အစားမှပါမလာတာ