တိတ်ဆိတ်နေတဲ့အခန်းလေးကသာမန်ထပ်
ပိုလို့အေးစက်နေတယ်။ လိုက်ကာစအပြာနု
ရောင်လေးတွေတပ်ဆင်ထားတဲ့ပြတင်းပေါက်
ကြောင့်မနက်ခင်းအလင်းရောင်ခြည်လည်း
ထိုးဖောက်နိုင်စွမ်းမရှိချေ။" Sehunna .... "
အခန်းတံခါးဝကိုကျောပေးအိပ်နေတဲ့
ခန္ဓာကိုယ်ကိုတစ်ချက်ငေးကြည့်ပြီးအခန်းတွင်း
ကလေအေးပေးစက်ရဲ့removeကို
လိုက်ရှာလိုက်သည်။ကုတင်ပေါ်ကခေါင်းအုံးဘေးမှာremove
ကိုရှာတွေ့တော့ခြေလှမ်းဖွဖွလှမ်းရင်းကုတင်
နားတိုးကပ်လိုက်သည်။ ကြမ်းပြင်မှာကျနေတဲ့
အင်း အမှန်ကကျနေတာလား တမင်လွှင့်ပစ်
ထားတာလားမသေချာတဲ့ဝက်ဝံရုပ်အပြာနု
လေးကိုကောက်လိုက်ပြီးကုတင်ပေါ်ပြန်တင်
ပေးထားလိုက်သည်။တီ ~~~
လေအေးပေးစက်ပိတ်သံကြောင့်အနည်းငယ်
လှုပ်ရှားလာတဲ့ခန္ဓာကိုယ်ကိုငေးကြည့်ရင်း
နိုးမလာတဲ့လူသားကြောင့်ပြတင်းပေါက်
ဘက်ကလိုက်ကာစတွေကိုဖယ်ကျဉ်ပစ်
လိုက်သည်။" ကျစ်! "
စူးရှတဲ့အလင်းရောင်ဖြာကျလာတာကြောင့်
အလိုမကျဟန်မျက်ခုံးတောင်ပံနှစ်ခုကို
တွန့်ချိုးပြီးစောင်ပုံထဲခေါင်းပါတိုးဝင်သွား
သည်။" Sehunna ... ထတော့ ...
ဒီနေ့ငါတို့အတန်းစတက်ရမယ့်နေ့လေ "" ...... "
တုတ်တုတ်မျှမလှုပ်တဲ့လူသားကြောင့်လွယ်
ထားတဲ့ကျောပိုးအိတ်အနက်ရောင်လေးကို
စားပွဲပေါ်တင်ပြီးရေချိုးခန်းတံခါးကိုဖွင့်ကာ
အပြာရောင်သွားပွတ်တံလေးထပ်မှာသွား
တိုက်ဆေးဂျယ်လ်ကိုညစ်ထည့်ပေးလိုက်
သည်။ဘီဒိုဆီသွားပြီးဘီဒိုတံခါးကိုဖွင့်လိုက်တော့
အဖြူနဲ့အပြာနုရောင်hoodieတွေအမြောက်
အမြားကစောင့်ကြိုနေပြန်ပါသည်။ ဒီနေ့ရာသီ
ဥတုကအနည်းငယ်အချမ်းပိုတာကြောင့်
ပိုထူမယ့်အကျီအဖြူလေးကိုထုတ်လိုက်ပြီး
အပြဲတကာ့အပြဲဆုံးတွေထဲကအပြဲအနည်းဆုံး
ဘောင်းဘီအနက်လေးကိုရွေးထုတ်လိုက်
သည်။အားလုံးအဆင်သင့်လုပ်ပြီးသွားတော့စောင်
ပုံလေးကိုကြည့်ပြီးနောက်တစ်ခေါက်ထပ်
နှိုးရပြန်သည်။
YOU ARE READING
"TE AMO" [Completed]
Fanfictionချစ်သော"TE AMO..." မြတ်နိုးမှု့ကအဖြူရောင်လေးဆိုပေမယ့် အတ္တအရောင်တွေစွန်းထင်သွားမှာလည်းစိုးရပါရဲ့ မင်းကနုနုနယ်နယ်လေးမဟုတ်ပေမယ့် ငါအတွက်တော့အပူတပြင်းကြောင့်ကြရတဲ့ ပီဘိကလေးငယ်လိုပါပဲ။ ချစ်သော"TE AMO..." မြတ်နိုးမှု့ကအဖြူရောင်လေးဆိုပေမယ့် အတ္တအရောင်တွေစွ...