Part 1

846 66 1
                                    

Zawgyi

အလွန်လှပပေမဲ့ လူသူအရောက်အပေါက်နည်းတဲ့ကမ်းခြေရှိ ကျွန်းပေါ်ကရွာလေးတစ်ရွာမှာ yeonဆိုတဲ့ကောင်လေးတစ်ယောက်နေထိုင်တယ်
ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံးကွယ်လွန်ခဲ့ပြီး ဆွေမျိုးသားချင်းလည်းမရှိတာကြောင့် ရွာထဲကလူတွေကဘဲစောင့်ရှောက်ခဲ့ပါတယ်

သူဟာကြီးပြင်းလာတော့ အင်မတန် ချောမောတဲ့ကောင်လေးတစ်ယောက်ဖြစ်လာခဲ့တယ် ကောင်မလေးတွေရဲ့အသည်းစွဲပေါ့ သူဟာရွာထဲကလူတွေနဲ့ အနည်းငယ်ဝေးတဲ့ ရွာစွန်လေးမှာ တဲလေးတစ်လုံးနဲ့တစ်ယောက်တည်းနေထိုင်တယ် ရပ်ရွာအလုပ်တွေမှာလည်းပါဝင်ကူညီ အပြောလည်းကောင်းတဲ့ yeonဟာ တစ်ရွာလုံးရဲ့အချစ်ခံလေးပေါ့

တစ်ရက်သူတို့ရွာရဲ့ ဓလေ့ထုံးစံအရ နှစ်တိုင်းကျင်းပမြဲ ဖြစ်တဲ့ ရေကူးပြိုင်ပွဲလေးကျင်းပတယ် ထွေထွေထူထူးမဟုတ်ပါဘူး ကမ်းခြေဘေးကရွာလေးဆိုတော့ အဲ့ပင်လယ်လေးထဲမှာဘဲ ရေးကူးပြိုင်ကြတာပါ
အဲ့ပြိုင်ပွဲမှာတော့ အရင်နှစ်တွေတိုင်းဘဲ ပထမရတဲ့လူက yeonဘဲပေါ့ သူကမ်းပေါ်ပြန်တက်လာတဲ့အခါ ရွာသူရွာသား
တွေက သောင်းသောင်းဖျဖျ ကြိုဆိုအားပေးကြတာပေါ့ Dariဆိုတဲ့ကောင်မလေးက ထိပ်ဆုံးကပါ သူကတော့ တစ်ရွာလုံးရဲ့အသိပါဘဲ yeonကို အသေအလဲကြိုက်နေတဲသူလေ

ရေကူးပြိုင်ပွဲမှာ ပထမရတဲ့yeonကိုရွာသူကြီးက ဆုချီးမြှင့်ပါတယ်
အမြင်မှာတော့ တန်ဖိုးမကြီးပေမဲ့ အလေးအနက်ထားရင် သိပ်တန်ဖိုးကြီးတဲ့အရာလေးပါ ဘာလေးလဲဆိုတော့
ရွာထဲကအသက်အကြီးဆုံး ဖြစ်တဲ့ ဘာသာတရားအင်မတန်းကိုင်းရှိုင်းတဲ့
အဘွား Seohye ကပရိတ်မန်းမှုတ်ထားပေးတဲ့ အန္တရာယ်ကင်း လည်ဆွဲအဆောင်လေးပါ ရွာသူကြီးက ပရိတ်အဆောင်လေးကို yeonရဲ့လည်ပင်းမှာ ဆွဲပေးလိုက်ပါတယ်

ရွာသူရွာသားတွေလည်း သူ့ကိုဝိုင်းဝန်းချီးကျူးနေစဉ်အတွင်းမှာဘဲ ရုတ်တရက် မိုးသက်လေပြင်း ကျရောက်လာပါတယ် ရွာသူရွာသားအားလုံးလည်း ပင်လယ်နဲ့ဝေးတဲ့ နေရာကို အလျင်အမြန်ထွက်ပြေးပြီး လုံခြုံတဲ့ ဂူကြီးတစ်လုံးထဲကို ဝင်ပုန်းနေကြတယ်
ရေကူးပြိုင်ထားသူတွေကော ၊မပြိုင်တဲ့လူ တွေကလည်းမိုးမိထားကြတာကြောင့် အကုန်အေးချမ်းနေကြပါတယ် ဒါကြောင့် ကျောက်စရစ်ခဲ နှစ်ခုကိုပွတ်တိုက်တဲ့ နည်းနဲ့မီးပြုလုပ်ပြီး အားလုံးမီးလှုံနေကြပါတယ်

Don't Forget Me!Where stories live. Discover now