Poem 1-ပုံပြင်

6 0 0
                                    

ပုံပြင်

ပုံပြင်တွေမှာ တကယ်ပဲ အဆုံးသတ်ရှိပါရဲ့လား
ဒါမှမဟုတ် ကျွန်တော်တို့ကိုယ်တိုင်က
ပုံပြင်တွေရဲ့ အဆုံးသတ်ကို သတ်မှတ်ခဲ့တာလား
ကျွန်တော်ကိုယ်တိုင်းရေးခဲ့တဲ့
အဆုံးမဲ့ပုံပြင်လေးဟာ ခင်ဗျား ပါလို့
ပြောတဲ့အခါ "မရူးစမ်းပါနဲ့ ကောင်မလေးရာ" တဲ့

လူတိုင်းတစ်ခုခုတော့ ရူးသွပ်ကြတာပါပဲ
ခင်ဗျားက သူမကိုရူးသွပ်တဲ့အခါ
ကျွန်တော်က ခင်ဗျားကိုရူးတယ်
ထိုက်ထိုက်တန်တန်နဲ့ အစွန့်ပစ်ခံပမယ်
တိတ်တခိုးထက်တော့ ကျွန်တော့်အဖြစ်က
ပိုသာတယ်

မေတ္တာတရားတွေသာ
ချိန်ခွင်ထဲ ထည့်ချိန်လို့ရရင်
ကျွန်တော့် မေတ္တာထည့်ထားဘက်က
အလေးသာလိမ့်မယ်
ဘုရားသခင်ပေးဟာ အစ်ကို့ကို
အချစ်တတ်ဆုံးနှလုံးသား
ကျွန်တော့်ကို လက်ဆောင်ပေးထားတယ်

ဘယ်လမ်းကိုပဲလျှောက်လျှောက်
အစ်ကို့နှလုံးသားဆီပဲ ရောက်ပါစေ
တစ်ဘဝလုံးစာရွေးချယ်မှုကို
အစ်ကိုလို့ သတ်မှတ်မယ်
အစ်ကို့မေတ္တာတွေ ကျွန်တော့်ဆီ
ကျရောက်ပါစေကွယ်....
#RedTulip



Poem ArtWhere stories live. Discover now