Darkness Shadow
-ချက်ချက်မြည်တနေတဲ့ နာရီသံတွေကိုကြားတိုင်း ဒဏ်ရာတချို့ရဲ့
သေဆုံးခြင်းကို နင့်နင့်နဲနဲမျှော်လင့်မိတယ်-တူးဖော်ပြစရာ အမှတ်တရလှလှတွေ
မရှိတဲ့အခါ အတိတ်ဆိုတာ ငါဘယ်တော့မှ
ပြန်မဖတ်မယ့် စာအုပ်တစ်အုပ်ပေါ့-ရှင်သန်ခြင်းကို အဓိပ္ပါယ်ဖွင့်တိုင်း
ငါ့ကိုယ်ငါ ပြန်လွတ်ကျနေတာလဲ
ခဏ ခဏပါပဲ-ယုံကြည်ရာကို ရှာဖွေမိတဲ့အခါ ဘဝဆိုတာ (ဘကုန်း)နဲ့ (ဝလုံး) ဖြစ်ကြောင်းကလွဲပြီး ငါဟာဘာကိုမှ
မမှတ်မိတော့ (သို့) ဘဝဆိုတာကို
နားမလည်တော့-မျှော်လင့်ချက်တွေ ဓားနဲ့အမွှန်းခံရတဲ့အခါ နှလုံးသားက
နာလာတယ် ဦးနှောက်က ချာလာတယ်-သူများတွေက အိပ်မက်,မမက်ကြောင်း
ပြောတိုင်း ငါ့မှာတော့ အိပ်မက်ဆိုးတွေရဲ့
အဝေးကို အမောတကောပြေးနေရတယ်-လမ်းတော့လျှောက်တာပါပဲ
ဘာကြောင့်လမ်းပျောက်နေရသလဲ
ငါလည်းမသိဘူး-အဆင်မပြေမှုတွေများလာတိုင်း
ငါ့စိတ်က ကမောက်ကမ
ပြိုလဲခြင်းချောက်ကမ်းပါးထဲ
ပြုတ်ကျတာလဲ ခဏ ခဏ-ငါမရင့်ကျက်ချင်ဘူး နာကျင်ရလို့
လွတ်လပ်မှုတွေ ထွက်ပြေးသွားလို့
စိတ်ဓာတ်တွေ အနက်ရင့်လာလို့-အခုတလော suicide ဆိုတဲ့
စကားလုံးကို အကြိမ်ပေါင်းများစွာ
တွေးနေမိတယ် လက်ကောက်ဝတ်ကို
ဓားနဲ့လှီးဖို့ သတ္တိနည်းနည်းလိုမယ်ပေါ့-မီးဖိုချောင်ထဲက တလက်လက်တောက်နေတဲ့ ဓားကိုမြင်တိုင်း လက်မလှမ်းမိဖို့
ငါ့ကိုယ်ငါ မထိန်းသိမ်းချင်တော့ဘူး-အကြိမ်ကြိမ်သေနေရတဲ့စိတ်နဲ့
ရှင်သန်နေရခြင်းဟာ သေဆုံးခြင်းထက်
ပိုခက်ခဲတယ်-မငိုတတ်တာ မဟုတ်ပါဘူး
မျက်ရည်တွေကုန်သွားခြင်းသာ
ဖြစ်ကြောင်း ငါဟာ ဘယ်တော့မှ
ပြောပြမှာမဟုတ်ဘူး-မရှင်သန်ချင်တော့တာ မဟုတ်ဘဲ
ရှင်သန်ဖို့ အင်အားမရှိတော့တာဖြစ်ကြောင်း
ငါပြောမပြပေမယ့် တစ်စုံတစ်ယောက်
သိကောင်းပါရဲ့-ဒီနေ့လည်း မျက်ရည်တွေမကျဘဲ
ငိုခဲ့ပါကြောင်း အပြုံးတွေ နာကျင်ခဲ့ပါကြောင်း-ပြီးတော့ ဘုရားသခင်ထံမှာ ငါလွတ်မြောက်ပါစေကြောင်း
ဆုတောင်းခဲ့တယ်
#RedTulip-