poem-3 short letter

2 0 0
                                    

-၁
ချုပ်ရိုးဒဏ်ရာ ဗရပွနဲ့ နှလုံးသားပါ
အကောင်းတိုင်းကျန်တာဆိုလို့
မင်းကိုပေးချင်တဲ့ မေတ္တာတရားပဲရှိလေရဲ့

-၂
ချစ်ရတာပေါ့ ကလေးငယ်
အိတ်ပေါက်နဲ့ ဖားကောက်သလိုလဲ
ချစ်ရတယ်
ခြင်းကြားကြီးနဲ့ ရေထမ်းသလိုလဲချစ်ရတယ်
ကိုယ့်ကိုယ်မချစ်တဲ့ မင်းကိုမှ
နည်းမျိုးစုံ ကြိုးခုန်ပြီး
ချစ်ရပါတယ်.....

-၃
များစွာသော မသိခြင်းတွေပါပဲ
ရင်အနာရဆုံးကတော့
ကိုယ့်အချစ်ကို မင်းမသိခြင်းပေါ့

-၄
ပြန်မလာတော့တဲ့ ငှက်ငယ်လေးရေ
ဒီရင်ခွင်ကို လှောင်အိမ်လို့သတ်မှတ်ပြီး
ရိုက်ချိုး မိုးကုတ်စက်ဝိုင်းအဆုံးကို
ပျံသန်း မင်းလွတ်လပ်လပ်လိုက်စမ်းပါ

-၅
လူတစ်ယောက်က နှစ်ခါမသေနိုင်ပါဘူးတဲ့
ဟုတ်တာပေါ့ ဒါပေမယ့် လူနှစ်ယောက်ကတော့ တစ်ခါတည်း သေနိုင်တယ် တကယ်သေသွားတဲ့ အဲ့ဒီလူရယ် အဲ့ဒီလူကိုနှလုံးသားထဲ
ထည့်ပြီးရှင်သန်နေတဲ့ သူရယ်

-၆
ငါ့ကိုယ်ငါ ဘာလဲလို့ပြန်မေးနေမိတယ်
ဟုတ်တယ် ငါက အခွံကြီးပဲ
မင်းမရှိတဲ့နောက်မှာငါက လူခွံကြီး

-၇
ပြည့်ပြီးသားအိုးကိုမှ ထပ်ဖြည့်မိတဲ့
မေတ္တာတွေပါကွယ် ဒဏ်ရာတွေလျှံကျလာ
လျှက်နဲ့တောင် မက်မက်မောမော ငေးမိတယ်

-၈
အိပ်ဆေးတွေသောက်တယ်
မင်းထားသွားပြီးနောက် အိပ်မက်ကဖီး
လေးမှာ ငါတို့ခဏခဏဆုံကြမယ်

-၉
ငါ့ကိုဘယ်တစ်ယောက်ကမှ သူတို့ကိုယ်ပိုင် ကမ္ဘာကိုအလည်မခေါ်ဖူးဘူး
ငါ့ဆီကိုလည်း ဘယ်သူမှ မျက်စိလည်
မလာခဲ့ကြဘူး
ဒီတိုင်းလေး ကမ္ဘာငယ်ဟာ တိတ်တိတ်ဆိတ်ဆိတ်

-၁၀
ငါဘက်ကစပြီး သူတို့ဘက်ကအဆုံးသတ်သွားတဲ့
ဆက်ဆံရေးတွေ... ငါဟာ ဘယ်တစ်စိမ်းတစ်ရံရဲ့နှလုံးသားထဲမှာမှ
အရေးမပါခဲ့ဖူးဘူး

-၁၁
ငါ့ကိုယ်ငါလှောင်ပိတ်လို့ ငါကိုယ်တိုင်ချည်မိတဲ့ကြိုးပါပဲ
အခုတော့ ဆက်ထုံးရာလေးကျန်နေတာကလွဲလို့
အရာရာကိုဖြေချနိုင်ခဲ့ပြီပေါ့

-၁၂
ခဏလေးပါပဲ
အဲ့ဒီမင်းကိုလွှတ်ချနိုင်ခဲ့တဲ့ အချိန်ခဏလေးအတွက် ငါ့မှာ ရက်ပေါင်း(၁၀၀၀ ) ၈နာရီ ၊၂၇မိနစ် နဲ့
၈ စက္ကန့်တောင်ရင်းနှီးခဲ့ရတယ်

-၁၃
-ပျံသန်းခွင့်မပေးမယ့်အတူတူ
အစကတည်းက အတောင်တွေချိုးပစ်ခဲ့သင့်တာ
ခုတော့ နှလုံးသားရော
စိတ်ဓာတ်ပါ ကျိုးလို့ ကျေလို့

-၁၄
-မေတ္တာ လို့ရမည်တပ်နေသမျှ
လှောင်အိမ်ငယ်ဟာ သိပ်လှတယ်
ဘယ်ကိုမှမပျံသန်းနိုင်မှတော့
ငှက်ငယ်ရယ်လို့ ခေါ်ခွင့်ရှိပမလား

-၁၅
-လောကဓံကို ဟားတိုက်ပမယ်
ဘယ်လောက်ပြောပြော ကြောက်စိတ်ကလေးတော့ ခိုနေသေးတယ်
ငါလွတ်မြောက်ချင်ပြီကွယ်

-၁၆
-အချိန်တွေတိုက်စားလိုက်တာ....
နှလုံးသားပါ ပဲ့ကြွေကျ
ငိုချင်းချချင်တောင် မျက်ရည်မကျ နွေခေါင်လို့ ခမ်းတယ်ထင်ပါရဲ့

-၁၇
-ကဗျာတစ်ပုဒ် ကတတ်လာဖို့
အက်ဆေးတစ်ပုဒ်ကို ကြိုးဆွဲတတ်ဖို့
ကဗျာဆရာဟာ သူနှလုံးသွေးကိုသုံးတယ်
သူ့သွေးကြောတွေနဲ့ ဆေးခြယ်တယ်
#RedTulip

Poem ArtWhere stories live. Discover now