poem 5

2 0 0
                                    

Morning အစ Good nightဆိုတဲ့ စကားလေးအဆုံး သူ့တစ်နေ့တာအချိန်
တွေကို ပိုင်ဆိုင်ချင်တဲ့အထိ သတ္တိမရှိပါဘူး ဒီတိုင်းလေးပဲ ပျော်စရာရှိရင် ဝေမျှပေးချင်တယ်
ဝမ်းနည်းစရာတွေ ရင်ဖွင့်ချင်တယ်
တံခါးဖွင့်ထားကြပေမယ့် ရှေ့ဆက်မတိုးတဲ့ ဆက်ဆံရေးမျိုး
လမ်းခွဲရရင်တောင် ဒဏ်ရာမရတော့ဖို့
ဒဏ်ရာရရင်တောင် သွေးထွက်နည်းဖို့
ကျွန်တော်ဟာ သူများတွေပြောတဲ့
မေတ္တာအရိပ်အောက်ကနေ တမေ့တမော
ပြေးထွက်နေလိုက်ရတာ .........

မေတ္တာကိုဗန်းပြပြီး ခေါင်းစဉ်မရှိတဲ့
နာကျင်မှုတွေ ရောင်းဝယ်နေလိုက်ကြတာ
ဒီလောက်ဆို တော်သင့်နေပြီပေါ့
နာနာကျဉ်းကျဉ်းဖယ်ကျဉ်ပစ်ခဲ့တာတောင်
အမှတ်မရှိတံခါးကို လာခေါက်နေကြတုန်း
ဒဏ်ရာတွေကိုဆားထပ်ပက်ဖို့ ဝါသနာက
သူတို့ရဲ့မွေးရာပါဖြစ်မယ်ထင်တယ်

နေရောင်အောက်မထွက်ဝံ့တဲ့ vampire လိုပဲ မေတ္တာတွေ ဘယ်လောက်လှလှ
ပူပြင်းမှုက သဘာဝအတိုင်းပါလာသ၍
တိတ်တဆိတ်ငေးနေရဦးမယ်
ဘဝရှိတိုင်းသာ ရှင်သန်ရတာ
ငါ့အတွက်တော့ ငရဲခန်းလို
အားလုံးကိုပစ်ပယ်ထားသ၍ ငြိမ်းချမ်းမှုဟာ ငါ့ဘေးနား ခိုကပ်တယ်
ငါဟာ ပတ်သတ်ဆက်နွယ်မှုနှောင်ကြိုး
တွေကြားကရုန်းထွက်လို့ ဘယ်ကိုမှ
မငင်တဲ့ နွယ်တစ်မျှင်ပေါ့....

မှောင်မိုက်တဲ့အခန်းငယ်ဟာ ငါ့ကို
ခပ်တိုးတိုးနှစ်သိမ့်ရှာတယ် မင်းအလိုရှိသလောက် ထွေးပွေ့ပမယ်တဲ့
နေရောင်မျှင်တန်းလေးတောင် မမြင်ပါရစေနဲ့ အိပ်မောကျနေတဲ့
စေတန်ရဲ့စိတ်ဟာ နာကျင်မှုတွေဆီကနေ
ပြေးထွက်ခဲ့ပြီး အခန်းထောင့်မှာ ကျုံ့ကျုံလေး တိတ်တိတ်လေး
ငြိမ်းငြိမ်းချမ်းချမ်းလေး
အဆင်ပြေနေရှာတယ်ထင်ရဲ့

ငါဟာ ကိုယ့်ဘဝနဲ့ကိုယ် နေသားတကျ
ရှင်သန်နေတာ ကြာခဲ့ပြီ ကိုယ်တိုင်က
ဘယ်ဘဝကိုမှ လက်မလှမ်းခဲ့သလို
လှမ်းလာမယ့် လက်တွေကိုလည်း
အယုံအကြည်မဲ့လေတယ်
ဒီလိုပါပဲ ငါကိုယ်တိုင်ကိုမယုံတဲ့ငါဟာ
ဘာကိုများယုံဦးမှာလဲ ဓမ္မဓိဋ္ဌာန်ကျကျ
ပြောရရင် ငါမမှားခဲ့ဘူး သို့ပေမယ့်
ယုံကြည်ဖူးတဲ့ နှလုံးသားက မှားခဲ့တယ်
တစ်စုံတစ်ယောက်ကိုမှ အပြစ်ရယ်လို့ မဆိုသာပါဘူးကွယ်
#RedTulip

Poem ArtWhere stories live. Discover now