✨12✨

1.4K 172 33
                                    

"အကွတ် အိပေါင်ရဲ့ ဒိုင်ယာရီစာအုပ် ခုနက
စားပွဲပေါ်မှာတွေ့တယ် သွားမခဲ့"

ထယ်ယောင်း အကြံတစ်ခုရသွားကာ ဂျောင်ကွတ်ကိုလှမ်းပြောလေသည်။

"ကောင်းပါ့မလား ကိုကိုရာ"

ဂျောင်ကွတ်က စိတ်ပူသလိုပြောလာသည်။ သူများရဲ့ ကိုယ်ရေးကိုယ်တာ ဝင်ပါရာကျမည်မဟုတ်လား။

"အာ..သွားစမ်းပါ သူတို့ကွဲတာ ထိုင်ကြည့်နေလို့မှမရတာ"

ဂျောင်ကွတ်လည်း ရွေးခြယ်စရာ မရှိတော့တာမလို့ သွားယူရန် ဆုံးဖြတ်လိုက်သည်။

ဂျောင်ကွတ်ထသွားမှ ထယ်ယောင်းက ရှောင်းကျန့်ဘက်ကိုလှည့်ကာ စကားဆိုလေသည်။

"အကို ကျွန်တော့်ကို အမှန်အတိုင်းပြော ရိပေါ်ကို ချစ်သလား မချစ်ဘူးလား"

ထယ်ယောင်းအမေးကို နာကျင်နေတဲ့ မျက်လုံးတွေနဲ့ မလိုက်ဖက်စွာ ပြုံးရင်းဖြေလာသည်။

"ဒီမေးခွန်းတွေ မလိုတော့ဘူးထင်ပါတယ် ထဟ်ယောင်းရယ် မကြာခင်ပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြတော့မယ်လေ"

ထယ်ယောင်း စုတ်တစ်ချက်သတ်လိုက်ရင်း မျက်မှောင်ကျုံကာ ဆက်ပြောလေသည်။

"ကျစ် ဒါ နောက်ဆုံး မေးခြင်းပဲနော် ရိုးသားဖို့လိုတယ် ဖြေမှာသာ ဖြေစမ်းပါ"

"ငါ..ငါ ဝန်ခံရရင် ငါ့သူ့ကိုချစ်မိနေပြီထင်တယ်"

ရှောင်းကျန့်အဖြေကို ထယ်ယောင်း သဘောကျစွာ ပြုံးရင်း အကျေနပ်ကြီး ကျေနပ်နေတော့သည်။

"ကိုကို ရော့ ဒီမှာ ကောင်းပါ့မလားတောင်မသိဘူး ယူသာယူလာခဲ့တာ"

ဂျောင်ကွတ်လှမ်းပေးသော စာအုပ်ကို ထယ်ယောင်းလှမ်းယူရင်း စာမျက်နှာအချို့ကို လှန်လိုက်သည်။

"ဒီထဲမှာ အကိုဖတ်သင့်တဲ့ဟာရှိတယ်"

ထယ်ယောင်းက စာမျက်နှာတစ်ခုကိုလှန်ကာ ရှောင်းကျန့်ဆီကိုလှမ်းပေးရင်း ဆိုလာသည်။ ထယ်ယောင်း အပြုအမှုကို ဂျောင်ကွတ်က အံ့သြသလိုကြည့်ရင်း

"နေပါဦး သူ့စာအုပ်ထဲက ဟာတွေ ကိုကိုက ဘယ်လိုသိ"

ဂျောင်ကွတ်စကား မဆုံးခင် ရှောင်းကျန့်က ဖတ်နေရင်းမှ မေးခွန်းထုတ်လာလေသည်။

The Boy who is My Wife (Completed)Where stories live. Discover now