✨1✨

4.3K 375 54
                                    

ခမ်းနားကြီးကျယ်လွန်းလှတဲ့ အပြင်အဆင်များဖြင့် ပြည့်စုံနေသော ညစာစားပွဲတစ်ခု၊

လူတိုင်းတတ်ရောက်ခွင့်ရတဲ့ပွဲမျိုးမဟုတ်ပဲ ရာထူးအသင့်အတင့်ရှိသူများနှင့် ဒိတ်ဒိတ်ကျဲအောင်မြင်နေသော အနုပညာရှင်များသာတတ်ရောက်ခွင့်ရသည့်ပွဲ၊

ဒီပွဲရဲ့အဓိကဇာတ်ကောင်များကတော့ Wang groupရဲ့ ပိုင်ရှင်မိသားစုတွေနဲ့ ရှယ်ယာအများဆုံး ပိုင်ရှင် ရှောင်းကျန့်ပင်ဖြစ်သည်။

ရောင်စုံတောက်ပနေသော ညစာစားပွဲ၏ အပြင်အဆင်များကိုကျော်လွန်၍ ရှောင်းကျန့်ငေးနေမိတာကတော့
ဝမ်မိသားစု၏ သမီးဖြစ်သူ ဝမ်ရိနန်ကိုပင်။ အလွန်ဖြူဖွေးဝင်းအိနေသော အသားအရည်မှာ အနီရောင် ဂါဝန်ရှည်ရှည်က လုံးဝလိုက်ဖက်နေသည်။

နီရဲနေအောင်ဆိုးထားသော နှုတ်ခမ်းနီနှင့် ဖော်စရာမလိုပဲထင်းနေသော နှာတံ၊ ဆွဲဆောင်မှုရှိသောမျက်လုံးလေးများက ဘယ်နာမည်ကြီး မင်းသမီးမှ မယှဉ်နိုင်ပေ။

"ရိနန်"

"အော် အကိုရှောင်းကျန့် "

"ညီမဒီနေ့ အရမ်းလှနေတယ် "

"ကျေးဇူးပါရှင် အဟင်း အကိုလည်းခန့်နေပါတယ်"

"အာ ...မဟုတ်တာ "

ကိုယ်ကြိတ်ကြွေနေတဲ့သူနားက ချီးကျူးတာခံလိုက်ရတော့ ရှောင်းကျန့်တို့ နှလုံးသားလေး တီကောင်ဆားပတ်သလိုတွန့်လိမ် တွန့်လိမ် ဖြစ်နေလေရဲ့။

ခေါင်းကြီးငုံ့ကာ ဝိုင်ခွက်ကြီးကို အတင်းဆွဲဆန့်နေသော ရှောင်းကျန့်ကို ရိနန် ကြောင့်ကြည့်နေမိသည်။

"ဟိုလေ ညီမ သူငယ်ချင်းတွေကို သွားတွေ့မလို့ ခွင့်ပြုပါဦး "

"အာ အင်း သွားလေ"

ရိနန်ထွက်သွားတာကို မျက်စိတဆုံးလိုက်ကြည့်နေမိလေသည်။

"ရှောင်းကျန့် "

"ဗျာ အော် ဦးလေး"

"ငါ့သမီးနောက်ကို မျက်လုံးကြီးပါသွားပါဦးမယ်ကွာ"

ဝမ်သူဌေး၏ စကားကြောင့် ရှောင်းကျန့်ရှက်ကာ လည်ပင်းကိုလက်နဲ့ ပွတ်နေမိသည်။

The Boy who is My Wife (Completed)Donde viven las historias. Descúbrelo ahora