✨7✨

1.8K 222 18
                                    

"အိပေါင် အကိုတို့ဒီနေ့ လျှောက်လည်ရအောင်လေ "

ထယ်ယောင်းက ဂျီမင်ကို ခေါက်ဆွဲခွံ့ကျွေးနေရင်းမှဆိုလာသည်။

"ကိုကို ဘာပြောလိုက်တယ် ကိုကိုက အဲ့ကောင်နဲ့လည်စရာလား "

ဂျောင်ကွတ်ကတော့ထုံးစံအတိုင်းနင်နေတဲ့ဂျယ်လီတွေနဲ့အတူ ဝင်ပြောလေသည်။ ရိပေါ်ကတော့ တိတ်တိတ်လေးပင် ထိုင်ကြည့်နေတော့သည်။

"အာ..အကွတ်ကလည်း တရုတ်ပြည်မှာ နေရာတွေလိုက်ပြနိုင်တာ သူပဲရှိတာလေ သူလိုက်ပြမှ ကိုကိုရော အကွတ်ရော မင်လေးရော ရောက်ဖူးမှာပေါ့ "

"အော် အဲ့လိုလား ဟီး ဆက်ပြော ဆက်ပြော"

ဂျောင်ကွတ်ကနားလည်သွားမှ ပြီတီတီလုပ်ရင်း စကားဆက်စေလေသည်။ ရိပေါ်ကတော့ မျက်စောင်းသာ ကြပ်ကြပ်ထိုးနေမိသည်။

"အင်း သွားမယ်လေ...အကိုကျန့်ရော လိုက်ခဲ့ပါလား"

ရိပေါ်ကပါပီမျက်လုံးဖြင့် ရှောင်းကျန့်ကို အပီအပြင်ကပ်ချွဲနေတော့သည်။ ဝမ်ရိပေါ် ဒီလောက် ချွဲပြနေတာ ထယ်ယောင်းနဲ့ ဂျောင်ကွတ်ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

"ဘယ်ကိုလိုက်ရမှာလဲ ငါက အလုပ်လည်းသွားရဦးမယ်"

"အကိုကလည်း တစ်ရက်လောက် နားလိုက်ပေါ့
ဒီနှစ်ယောက်နဲ့သာလည်ရင် ကျွန်တော့် ဘဝလေးက
မင်္ဂလာကားကိုမောင်းတဲ့ ကားဆရာရဲ့တူနေမှာ"

ရိပေါ်ပြောတာလည်းအမှန်ပင်။ မိုးမမြင်၊ လေမမြင် နှစ်ယောက် တစ်ကမ္ဘာတည်နေရင် ရိပေါ်က ကလေးထိန်းဖြစ်ရပေဦးမည်မဟုတ်လား။

"အင်း .... မင်လေးပါလို့ ငါလိုက်ခဲ့မယ်"

ရှောင်းကျန့်ကခေါင်းငြိမ့်လိုက်တာကြောင့် ရိပေါ်တို့ပီတိဖြာနေတော့သည်။ အကြောင်းပြချက်တွေနဲ့သာခေါ်လိုက်ပေမဲ့ သူ ရှောင်းကျန့်ကို လိုက်စေချင်တာ အမှန်။

***

"အကွတ်ကလည်း မစီးချင်ပါဘူးဆိုကွာ "

"ကိုကိုကလည်း တစ်ခါပဲ ရောက်တုန်းလေးလေနော်"

ရိုလာကိုစတာအောက်တွင် ငြင်းခုန်နေသော ကလေးကြီးနှစ်ယောက်ပင်။ တစ်ယောက်က ရုန်းကန်နေပြီး တစ်ယောက်က အတင်းဆွဲနေသည်။ ဘေးမှာတော့ကလေးပွေ့ချီထားသူတစ်ယောက်နဲ့ ပဲများနေသူတစ်ယောက်။

The Boy who is My Wife (Completed)Donde viven las historias. Descúbrelo ahora