"ဒါဘာတွေလဲ အလုပ်လုပ်လာတာ ဒီလောက်ကြာနေပြီ အခုထိ ဒီလို အမှားမျိုးလုပ်နေသေးတာလား"
ရိပေါ် ဒေါသတွေဖြင့် အော်ပြောမိသည်။ ယခုဆို ရိပေါ် ပါးရဲ့ လုပ်ငန်းကို ဦးဆောင်လာတာ နှစ်နှစ် ရှိပြီဖြစ်သည်။ လုပ်ငန်းရှင်စစ်စစ်ကြီး ဖြစ်လာသော ရိပေါ်ကို ရှောင်းကျန့်က ဂုဏ်ယူမဆုံးဖြစ်နေရှာသည်။
ကိုရီးယားက ဂျီမင်လေးပင် မူကြိုမှာ ကောင်မလေးတွေ ဝိုင်းချစ်နေရတဲ့ ကလေးဖြစ်လာလေပြီ။ ထယ်ယောင်းကလည်း တရုတ်ပြည်ကနေ ပြန်သွားတည်းက အချက်အပြုတ်ကို သေချာလေ့လာခဲ့သည်မလို့ ယခုဆို ဆိုင်မှာ ကိုယ်တိုင်ပင် ဝင်ချက်နေလေပြီ။
"တောင်းပန်ပါတယ် CEO ကျွန်တော် ပြန်ပြင်လိုက်ပါ့မယ်"
"ပြင်ရမှာပေါ့ မပြင်လို့ရမလား ယူပြီးထွက်သွားတော့"
ရိပေါ် သက်ပြင်းချကာ ဝန်ထမ်းကောင်လေးကို နှင်ထုတ်လိုက်သည်။ နာရီကိုကြည့်မိတော့ နေ့လည်စာ စားချိန်ရောက်ပြီမလို့ ထွက်လာခဲ့လေသည်။ ရှောင်းကျန့်နှင့် ရိပေါ်က အလုပ်တွေ ဘယ်လောက် များများ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း အချိန်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။
အိမ်ပြန်ရောက်တော့ ရှောင်းကျန့်က အရင်ရောက်နှင့်နေသည်။ အလုပ်လုပ်နေပြီမလို့ အိမ်မှာ အကူနှစ်ယောက် ခေါ်ထားရသည်။
"ရိပေါ် ရောက်ပြီလား "
ရှောင်းကျန့်ကပြုံးရင်း နှုတ်ဆက်တာမလို့ ရိပေါ်အနားကပ်သွားကာ ခါးကိုဖက်ရင်း ပါးကိုဖွဖွ နမ်းလိုက်သည်။
"လွမ်းနေတာ အကိုရာ အကိုနဲ့အတူမရှိတဲ့ အချိန်တွေက ဘာလို့ အဲ့လောက်ကြာနေတာလဲ မသိဘူး"
အချိန်ဘယ်လောက် ကြာကြာ အခုထိ အကဲပိုနေဆဲ ရိပေါ်ကို ရှောင်းကျန့် အချစ်မလျော့ခဲ့ပါ ။
"အကိုလည်း လွမ်းပါတယ် လာ...နေ့လည်စာ စားကြစို့"
ရှောင်းကျန့်တို့ အိမ်ထောင်ရေးက အစပိုင်းမှာ ပြဿနာရှိခဲ့လို့လားမသိ နောက်ပိုင်းလမ်းက ဖြောင့်ဖြူးနေသည်။ အလုပ်က ပင်ပန်းနေတဲ့ဒဏ်ကလွဲ၍ ကြီးကြီးမားမား ပြဿနာမရှိ။
![](https://img.wattpad.com/cover/219887260-288-k377110.jpg)
VOUS LISEZ
The Boy who is My Wife (Completed)
Roman d'amourငါမျက်နှာဖုံးချွတ်လို့ရမှ ငါ့အကြောင်းသိမယ် ငါ့ယောက်ျားဆိုတဲ့အဘိုကြီးကျန့် :) #Yibo ငါ့မှာမိန်းမလေးထင်ပြီးချစ်လိုက်ရတာ ယောက်ျားကြီးကိုတော့ မေတ္တာမထားနိုင်ဘူး T°T #Xiao Zhan ________________________________ ငါမျက်နှာဖုံးချွတ်လို့ရမှ ငါ့အကြောင်းသိမယ် င...