✨17(Final)✨

1.5K 89 4
                                    

🍁အောက်ဆုံးက စာလေး
အပန်းမကြီးရင် ဖတ်ပေးပါနော်🍁

***

ရာသီဥတုသာယာတဲ့ နေ့တစ်နေ့မှာ ရှောင်းဝမ်လင်ခင်ပွန်းရဲ့ အိမ်မှာ အလုပ်ရှုပ်နေကြလေသည်။

"ရိပေါ် လာလေ အခုအချိန် သွားဝယ်မှ ညမွေးနေ့ပွဲရောက်ရင် မှီမှာပေါ့"

အပျင်းကြောဆွဲကာ တစ်လှမ်းချင်းလှမ်းနေတဲ့ ရိပေါ်ကို ရှောင်းကျန့်ဆွဲခေါ်ကာ အိမ်တံခါးကိုပိတ်လိုက်သည်။ ယွန်ဂီအတွက် မွေးနေ့လက်ဆောင် ဝယ်ပေးဖို့ကို ရှောင်းကျန့်ကသာ ခေါင်းစားနေပေမဲ့ ရိပေါ်က လှုပ်ပင်မလှုပ်။

"စဉ်းစားကူဦးလေ ဘာဝယ်ကြမလဲ

"အကိုကသာ အပိုတွေလုပ်နေ ဘာဝယ်ပေးပေး ဟိုကလေးက မျက်နှာသေကြီးနဲ့ ယူလေ့မယ်"

ရိပေါ်ပြောသည်မှာလည်း မမှား သူအဖေနှစ်ယောက်တောင် ယွန်ဂီ ပြုံးရယ်တာကို တစ်ကြိမ်၊ နှစ်ကြိမ်ထက်ပို မမြင်ဖူးကြပေ။

"ရိပေါ်ကလည်း...သူကဘယ်လိုယူယူ လူကြီးဖြစ်တဲ့ အကိုတို့က သူကြိုက်မဲ့အရာကိုတော့ ရွေးဝယ်ပေးရမှာပေါ့"

ကားမောင်းရင်း ရှင်းပြနေတဲ့ ရှောင်းကျန့်ကို ရိပေါ်က စိတ်မပါသလို နားထောင်နေသည်။ တကယ်တော့ နားရက်ကို ရှောင်းကျန့်နဲ့အတူ အိမ်မှာနေရင်း ပျော်စရာအတူဖန်တီးချင်ပေမဲ့ သူများအတွက် အချိန်ဖဲ့ပေးနေရသည်။ စဉ်းစားနေရင်းမှ အကြံတစ်ခုရသွားကာ ရိပေါ်ထပြောလေသည်။

"အကြံရပြီ ကိုရီးယားသွားဖို့ လေယာဉ်လက်မှတ်ဝယ်ပေးမယ်လေ သူ့ရဲ့ အချစ်တော်လေးကို သွားတွေ့လို့ရအောင်"

"ကြည့် ပေါက်ကရပြောပြီ...ကလေးတစ်ယောက်ထဲ ဘယ်လိုသွားမှာတုန်း ပြီးတော့ လျှောက်စမနေနဲ့ ကလေးသဘာဝ ခင်နေတာကို မဟုတ်တာတွေ"

ရှောင်းကျန့်ကသာ ကလေးသဘာဝလို့ပြောနေပေမဲ့ တခြားကလေးတွေကို လှည့်ပင်မကြည့်ရဲ့ ယွန်ဂီကြောင့် ရိပေါ်ကတော့ တွေးချင်ရာသာ တွေးပစ်သည်။

"ထားပါ ဒါနဲ့ ဟိုနားမှာ သရေစာ မုန့်တန်းပဲ သွားစားဦးမလား"

ရှောင်းကျန့် မငြင်းမှန်း သိတာကြောင့် ရိပေါ် မေးလိုက်ခြင်းဖြစ်သည်။ ရှောင်းကျန့်ကလည်း ချက်ချင်းပင် ကားကိုရပ်လို့ရမဲ့တစ်နေရာမှာရပ်ကာ ဈေးတန်းထဲ ဝင်ရန်ပြင်လေသည်။

The Boy who is My Wife (Completed)Donde viven las historias. Descúbrelo ahora