✨15✨

697 78 1
                                    

"မင်လေး မရှိတော့ အိမ်ကြီးက ခြောက်ကပ်သွားလိုက်တာ"

ရှောင်းကျန့် ရေရွတ်လိုက်မိသည်။ ထိုကလေးငယ်လေးက သူ့သားလိုတောင် ဖြစ်နေပြီမဟုတ်လား။

"အင်းလေ ဟုတ်ပါ့"

ရိပေါ်ရဲ့ ထောက်ခံသံမှာလည်း အလွမ်းရိပ်တွေပါနေသည်။ ထိုမိသားစုသုံးယောက်ရှိစဉ်ကလည်း တစ်နေ့ တစ်မျိုး မရိုးရအောင် ပြဿနာရှာနေကြတာမလို့ စကားများရပေမဲ့ မရှိတော့ အိမ်က တိတ်ဆိတ်နေသည်။

"ဒါနဲ့ ဟိုဖက်အိမ်က ကလေးက မင်လေးပြန်ခါနီးလိုက်မပို့ဘူးနော် လေဆိပ်မှာ မတွေ့ဘူး "

ရှောင်းကျန့် သိချင်မိသည်။ မင်လေးကို ဒီလောက် သဘောကျနေတဲ့ကလေးက ဘာလို့ လိုက်မပို့သနည်း။

"ဟုတ်တယ် သူ့ကို သူ့အဖေတွေသွားခေါ်တာ အခန်းတံခါးတောင် မဖွင့်ပေးဘူးတဲ့"

ရိပေါ်အဖြေကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်ရင်း သက်ပြင်းချကာ စကားဆက်သည်။

"အင်း...သူလည်း မင်လေးထွက်သွားတာကို မကြည့်ချင်လို့ ဖြစ်ရင်ဖြစ်မှာပေါ့ သနားပါတယ်"

"ဟုတ်မှာ ဒါနဲ့ အကို ကျွန်တော်တို့ ဒီနေ့ ပါပါးတို့ကို မကွာရှင်းနိုင်ကြောင်း သွားပြောမယ်နော်"

ရှောင်းကျန့်စိတ်ပူမိသည်။ မည်မျှမခွဲရဘူးဆိုပါစေ ချစ်ရသူတွေအားလုံးဆီက သဘောတူညီမှုနဲ့အတူ ရှေ့ဆက်ချင်မိသည်။ လက်ခံဖို့လည်း မျှော်လင့်မိသည်။

"အင်း သွားကြမယ်လေ"

***

ရိပေါ်တို့ အိမ်ရောက်ထဲက ဘာစကားတစ်ခွန်းမှမဟပဲ ငြိမ်နေမိသည်။ ရောက်တာနဲ့ ပြောမည်လို့ အားခဲလာပေမဲ့ တကယ် ပြောခါနီးရောက်တော့ ရိပေါ် တွန့်ဆုတ်နေပြန်သည်။

တစ်အိမ်လုံးမှာ မမဗိုက်ရိနန်၏ စားသောက်နေသံမှ လွဲ၍ ဘာသံမှမကြားရ။ ရိနန်က မွေးရက်နီးပြီမလို့ လျန်ချန်လည်း အလုပ်နားကာ ရိနန်နားမှာသာ နေသည်။

"ရိပေါ် ဘာပြောမလို့လဲ ပြောစရာရှိတယ်ဆို ပြောလေ"

ပါးဖြစ်သူက စကားစလာတာမလို့ ရိပေါ် ပြောရန် အားယူလိုက်သည်။

The Boy who is My Wife (Completed)Where stories live. Discover now