အပိုင်း၁

1.5K 49 3
                                    

unicode

ကောင်းကင်ဘုံ ကျောက်စိမ်းခန်းမထဲတွင် နတ်ဘုရားများအကုန်ရောက်ရှိနေကြပြီး စကားသံများမှာ ပွက်ပွက်ညံ ဆူလျက်ရှိနေသည်။ထိုဆူညံသံများမှာ  ခန်းမတံခါးကိုတွန်းဖွင့်၍ဝင်လာသော ယောကျားတစ်ယောက်ကိုမြင်လိုက်သည်နှင့်အပ်ကျသံပင်ကြားရအောင်တိတ်ဆိတ်သွားကြတော့သည်။ထိုသူမှာ ကျောဘက်နေရာတွင် နဂါးပုံထိုးထားသောရွှေရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး ခါးထက်တွင် ရွှေရောင်ခါးပတ်ကိုဝတ်ဆင်ထားသည်။ထိုသူမှာ အနည်းငယ်  နွမ်းလျနေပြီးမသပ်မရပ်ဖြစ်နေပုံပေါ်ကာ ခေါင်းမှာလည်းအနည်းငယ်ပွယောင်းလျက်ရှိသည်။သို့သော်သူ၏ခန့်ညားလှပြီးဘုန်းတန်ခိုးကြီးမားလှသည့်အရောင်အဝါကိုကျဆင်းသွားအောင်မလုပ်နိုင်ပေ။ထိုသူ မှာလက်ရှိကောင်းကင်ဘုံဧကရာဇ် လျှို့ဟိုက်ခွမ်း ဖြစ်ပြီး သူပလ္လင်ထက်၌ထိုင်ပြီးသည်နှင့်  ဆက်သွယ်ရေးနန်းဆောင်မှတာဝန်ရှိသူ ပင်းလေ့ မှ ထွက်လာပြီးလျှောက်တင်လေသည်။

"ဧကရာဇ်မင်း  ရီမြို့မြောက်ပိုင်းဘက်မှာ လူတွေရဲ့ဆုတောင်းကနေပေါက်ဖွားလာမယ့်နတ်ဆိုး အရိပ်အယောင်တွေပြနေပါတယ် ဒီကိစ္စကိုဖြေရှင်းဖို့ ရီမြို့ကို စစ်နတ်ဘုရားတစ်ပါးမြန်မြန်လွှတ်သင့်တယ်လို့ထင်ပါတယ်"

"အရိပ်အယောင်ပြတာ ဘယ်နှစ်ရက်လောက်ရှိပြီလဲ နတ်ဆိုးအငွေ့အသက်က အားကောင်းလားအားပျော့လား "

" ဧကရာဇ်အရှင် အရိပ်အယောင်ပြတာ ၇ရက်လောက်ရှိပါပြီ နတ်ဆိုးအငွေ့အသက်က အားကောင်းတာမို့စိုးရိမ်သင့်ကြောင်းပါ"

"လက်ရှိ   ကျိုးစစ်နတ်ဘုရားက ရေမိစ္ဆာရှင်းဖို့သွားနေတယ် မုထုံ ကလည်းတောင်ပိုင်း မှာပြဿနာသွားရှင်းနေတယ် ကျန်နတ်ဘုရားတွေကလည်းသူတို့ကိစ္စနဲ့သူတို့ ဆိုတော့ စုန်ကျိရန် ဒီတစ်ခါ မောင်မင်းကိုသွားခိုင်းမယ် အရင်တစ်ခါလိုအမှားမလုပ်လာနဲ့ မင်းကိုအခွင့်အရေးထပ်ပေး လိုက်မယ်"

"အမိန့်အတိုင်းပါ ဧကရာဇ်"

"ပင်းလေ့  နတ်ဆိုးမွေးဖွားမယ့်နေရာကို သေချာစစ်ဆေးပြီး အတည်ပြုပါ ဒီကိစ္စကိုအပြတ်ရှင်းစေချင်တယ်  "

ကံကြမ္မာစေရာ(ကံၾကမၼာေစရာ)Where stories live. Discover now