Harry Potter ... အသက်ရှင်ကျန်နေခဲ့တဲ့ ကောင်လေးဟာ Gryffindor စားပွဲ၌ တစ်ယောက်တည်း ထိုင်နေသည်။
သူလိုလိုလားလား ထိုင်နေတာတော့ မဟုတ်ပါဘူး
ဘာလို့လဲဆိုတော့ သူ့သူငယ်ချင်းတွေက ခရစ္စမတ်အတွက် ပြန်သွားကြတာကြောင့်ပဲ....အခုဆို များသောအားဖြင့် သူ့ရဲ့အချိန်တွေကို Weasleyမိသားစုနဲ့အတူ အချိန်ကုန်လေ့ရှိပြီး ဒါမှမဟုတ်ရင် Ron,Hermioneတို့ သူနဲ့အတူ ရှိနေလိမ့်မယ်။
ဒါပေမယ့်လဲ Voldermortကို တိုက်ခိုက်စဥ်က Fred Weasleyကို ဆုံးရှုံးခဲ့ရတာကြောင့် Hogwarts၌သာ သူနေခဲ့ရန် ဆုံးဖြတ်ခဲ့တယ်။တိုက်ပွဲပြီးကတည်းက Weasleyတွေဟာ အရင်ကထက်ပိုပြီး တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာကြတယ်။ လူတစ်ယောက်ဟာ တစ်နေ့သေရမယ်ဆိုတာကို သူတို့နားလည်လာအောင် အကြောက်တရားက လုပ်ခဲ့သည်လေ။
Ronက ခရစ္စမတ်ပွဲအတွက် သူ့ကိုဖိတ်ခဲ့ပေမဲ့ Harryကတော့ အဲ့ဒါကို ငြင်းဆန်ခဲ့တယ်။
သူစိတ်ဓာတ်ကျနေတဲ့အတွက် စိတ်ရှုပ်စေမည့် ပတ်ဝန်းကျင်မှာ မနေချင်တော့ပါ။ ပြီးတော့ သူတို့ကို ဆိုးဆိုးရွားရွားခံစားရအောင်ပဲ သူလုပ်မိနေမှာ။
နောက်တစ်ခုက သူနဲ့Ginny လမ်းခွဲလိုက်တာကြောင့် သူမနဲ့သူ့ကြားမှာ အနေခက်မှုတွေနဲ့ သည်းမခံနိုင်စရာတွေသာ ဖြစ်နေလိမ့်မယ် ။သို့သော်လဲ လက်ရှိတွင် သူ့အနားမှာ သူငယ်ချင်းတွေ မရှိတာကြောင့် အထီးကျန်နေပြီး သူ့ဆုံးဖြတ်ချက်များကို နောင်တရနေမိပြန်တယ်..
တိုက်ပွဲပြီးကတည်းက လူတိုင်းနီးပါးဟာ သူတို့မိသားစုဝင်တွေနဲ့ ပိုပြီးရင်းရင်းနှီးနှီးနေလာကြတယ်။ ဒါကြောင့်မို့ ကျောင်းသားအများစုက ပိတ်ရက်ကို အိမ်ပြန်သွားကြလေသည်။
အခုလက်ရှိ ထမင်းစားခန်းထဲမှ လူများမှာ သူရယ်၊ Gryffindorမှ အတွဲတစ်တွဲ ပြီးတော့ Malfoyနဲ့အတူ Pansyနဲ့ Blaiseတို့ပဲ ရှိကြတယ်။
Malfoy ဆိုမှ အဲ့အကောင်ကို မီးထဲက ကယ်ခဲ့မိတာအတွက် တကယ်ကို နောင်တရမိတယ်။
နေရာလွတ်အား ငေးကြည့်နေသည့် Malfoyကိုကြည့်ပြီး Harry တွေးမိလိုက်ခြင်းပင်။

YOU ARE READING
Impossible (Drarry Translation)
FanfictionAll credit goes to the owner. This story is not my own. I just want to translate. အမုန်းကလွဲပြီး မင်းအပေါ် တစ်ခုခု ငါခံစားနေရတယ်လို့ တစ်စက္ကန့်လောက်တွေးဖူးလား Potter? အချစ်နဲ့ အမုန်းကြားမှာ ပါးလွှားတဲ့ မျဥ်းကြောင်းလေးရှိတယ်။ ဒါပေမယ့် အဲ့ဒါကို အချစ်လ...