Chapter-11

689 101 8
                                    

Impossible

"မင်းနောက်ကျပြန်ပြီ!"

"ငါအိပ်ပျော်သွားလို့!" Harry စိတ်တိုနေသည့်လေသံဖြင့် ပြန်ဖြေလာသည်။

"ပြီးတော့ ငါ Professorနဲ့ တိုက်မိတော့မလို့! နှစ်ခါတောင်!!"

"ဒါဆို ကို့ရိုးကားယားနိုင်တာကို ရပ်လိုက်ပေါ့!"

သူ့စကားကြောင့် Harryက မျက်မောင်ကျုတ်ကာ လှမ်းကြည့်သည်။

"ဒီမှာ! နားထောင်!"

"မင်းငါ့ကို ခြိမ်းခြောက်မယ်ဆိုရင် ငါမင်းကို မန္တာန်ပြန်ရွတ်ပစ်မှာနော်!"

"ငါပြောတာကို နားထောင်စမ်း!!"

Harry လက်ပိုက်ပြီး.....

"မင်းနဲ့အတူ လေ့ကျင့်ဖို့ ငါ့ကိုလိုနေတာ!"

"မင်းလဲလိုနေတာပဲလေ! မဟုတ်ရင် ဒီမှာတောင် ရှိမှာမဟုတ်ဘူး!!"

"ဘာပဲဖြစ်ဖြစ်.. ..အဲ့ဒါကို စလိုက်ရအောင်!"

သူတို့နှစ်ယောက် အချေအတင် စကားများပြီးနောက် Dracoက မှော်တုတ်တံကို ဝေ့ရမ်းလိုက်သည့်အခါ ခရစ္စမတ်ပွဲတုန်းကအတိုင်း တူညီတဲ့သီချင်းသံ ထွက်ပေါ်လာ၏။ သို့သော် အနဲငယ်တိုးတာကြောင့် သူတို့နှစ်ယောက် ကြားရရုံမျှသာ...

Draco မတ်တတ်ထရပ်ကာ Harryအတွက် သူ့လက်အားကမ်းပေးသည်။

"Hey! ဘယ်အချိန်ကစပြီး မင်းကဦးဆောင်တဲ့သူနေရာ ရသွားတာလဲ!" Harry မဲ့ရွဲ့ကာပြော၏။

သူ့အပြောကြောင့် Draco မျက်ခုံးပင့်ကာ တချက်မိသည်။ ......

"ငါ့လက်ကိုသာ တွဲစမ်းပါ! အမာရွတ်ခေါင်းလေး!! မနက်ဖြန်ကျရင် မင်းအလှည့်ရောက်မယ်!"

Harry သက်ပြင်းချကာ Dracoလက်ကို တွန့်ဆုတ်စွာတွဲပြီး နောက်လက်တစ်ဖက်ကို ပုခုံးပေါ်တင်ကာ စည်းချက်အလိုက် ရွေ့လျားလိုက်သည်။

မိနစ်အနည်းငယ်ကြာတဲ့အခါ Draco တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလာတယ်...

"Hey! မင်းငါ့ကို ကြည့်ရမယ်လေ..Potty! မင်းနဲ့တွဲကမယ့်သူက တစ်ချိန်လုံး သူ့ရင်ဘတ်ကို ကြည့်နေမှာ မလိုလားလောက်ဘူး!"

Impossible (Drarry Translation) Where stories live. Discover now