" ချယ်ရီပွင့်လေးတွေက တစ်စက္ကန့်ကို 𝟧𝖼𝗆 နှုန်းနဲ့ မြေပြင်ပေါ်ကို ကြွေကျကြတယ်တဲ့"
ချယ်ရီပင်တွေ အစီအရီစိုက်ထားတဲ့ ကုန်းစောင်းလမ်းလေးအတိုင်း ခုန်ဆွခုန်ဆွပြေးရင်း ပြောလိုက်တဲ့ ကောင်လေးရဲ့အသံက ရွှင်ရွှင်မြူးမြူးလေး။
နွေဦးလေပြေက ချယ်ရီပွင့်ဖတ်လေးတွေကို တစ်လွှာပြီးတစ်လွှာခြွေယူနေတယ်။ လေတစ်ချက်ဝေ့လိုက်တိုင်း ပွင့်ဖတ်လေးတွေက မြေပြင်ပေါ်ကိုဝဲခနဲ၊ ကောင်လေးရဲ့ ခပ်အုပ်အုပ် ဆံပင်လေးတွေကလည်းလွင့်ခနဲ။
𝖲𝗁𝖺𝗇𝗀𝗁𝖺𝗂 ရဲ့နွေဦးက ဒီနှစ်မှာလည်း လှလှပပလေး ရောက်လာခဲ့ပြန်တာပဲ။
ကြည်ပြာရောင်မိုးကောင်းကင်ရယ်...၊
ပန်းနုရောင်သမ်းနေတဲ့ပတ်ဝန်းကျင်ရယ်...၊အသက်ရှူမှားလောက်အောင်လှပေမယ့် ရှောင်းကျန့်ရဲ့အာရုံတွေကတော့ ကောင်လေးရဲ့ဆံပင်ညိုညိုလေးတွေပေါ်ကပ်ငြိနေသော ပွင့်ဖတ်လေးတွေဆီမှာသာ။
ဘာတစ်ခွန်းမှပြန်မပြောဘဲ အကြာကြီးငြိမ်နေမိတော့ ကောင်လေးက ပြေးနေရာကနေ တုံ့ခနဲရပ်လိုက်ပြီး လည်ပြန်လှည့်ကြည့်လာတယ်။
" ကိုကို မင်းသိလား?"
ဒီလူရိုင်းကောင်လေးက သူ့ထက် လေးနှစ်ကြီးတဲ့ ရှောင်းကျန့်ကို အတော်ရိုသေရှာပါတယ်။ ခေါ်တော့ "ကိုကို"၊ စကားပြောတော့ "မင်း" နဲ့ "ငါ" တဲ့။ ပြင်ပေးလို့လည်းမရပါဘူး။ ဒီလိုနဲ့ ကြာလာတော့ သူခေါ်တဲ့အတိုင်း နားယဉ်သွားရတော့တာပဲ။
ရှောင်းကျန့် ကောင်လေးဆီ ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်ပြီး ခေါင်းပေါ်တင်နေတဲ့ ပွင့်ဖတ်လေးတွေကို အသာအယာဖယ်ပေးရင်း လေတိုက်လို့ ဖွာချင်, ချင်ဖြစ်နေတဲ့ ဆံပင်လေးတွေကိုလည်း နေရာတကျဖြစ်အောင်လုပ်ပေးလိုက်တယ်။
" ကိုကို သိလားလို့?"
" ဟင့်အင်း"
ကောင်လေးက အလိုမကျသလိုနှာခေါင်းရှုံ့လိုက်ရင်း ရှူးဖိနပ်ဖြူလေးနဲ့ မြေကြီးကို ဟိုထိုးဒီဆွလုပ်ကာ ငြိမ်နေတယ်။
အဲ့ဒီအချိန်မှာပဲ ရထားသံလမ်းဆီက အချက်ပေးခေါင်းလောင်းသံကိုကြားလိုက်ရတယ်။
YOU ARE READING
𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]
Fanfiction" 𝖢𝗁𝖾𝗋𝗋𝗒 𝗉𝖾𝗍𝖺𝗅𝗌 𝗀𝖾𝗍 𝖼𝗅𝗈𝗌𝖾𝗋 𝗍𝗈 𝗍𝗁𝖾 𝗀𝗋𝗈𝗎𝗇𝖽 𝖻𝗒 𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽, 𝗒𝖾𝗍 𝗈𝗎𝗋 𝗁𝖾𝖺𝗋𝗍𝗌 𝗇𝖾𝗏𝖾𝗋 𝗀𝖾𝗍 𝖼𝗅𝗈𝗌𝖾 𝖾𝗏𝖾𝗇 𝖿𝗈𝗋 𝖺 𝗌𝗂𝗇𝗀𝗅𝖾 𝗌𝖾𝖼𝗈𝗇𝖽." " ချယ်ရီပွင့်လေးတွေက တစ်စက္ကန့်ကို (5)cm...