𝖤𝗉𝗂𝗌𝗈𝖽𝖾 [𝟧]

424 75 5
                                    

" ဟယ်လို...ကိုကို့ရဲ့ရိပေါ်လေး ထမင်းစားနေပြီလား?"

" အွန်း..အခုစားတော့မလို့။ ကိုကိုရော?"

" ကိုကိုက အခုမှ 𝖼𝖺𝗇𝗍𝖾𝖾𝗇 ကိုသွားနေတုန်း"

ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းမှာတော့ ရှောင်းကျန့်က ရိပေါ့်ဆီ တစ်နေ့နှစ်ခါဖုန်းဆက်တယ်။ နေ့လည်ထမင်းစားချိန်တစ်ခါ၊ ညအိပ်ရာဝင်ခါနီးတစ်ခါပေါ့။

" ဟုတ်ပြီ။ ကိုကို ဟင်းထည့်လိုက်ဦးမယ်။ ခဏစောင့်ဦးနော်"

လူက ဖုန်းတစ်ဖက်နဲ့ဖြစ်နေသည့်အပြင် ပန်းကန်ထဲကို
လည်း ကိုယ့်ဟာကိုယ်ဟင်းတွေခပ်ယူနေရသေးတာကြောင့် ကိုးရို့ကားရား ဖြစ်နေတဲ့ ရှောင်းကျန့်ကို သူငယ်ချင်းဖြစ်သူ ကျိုးချန်နဲ့ယွီပင်းတို့က ကဲလွန်းသဲလွန်းတယ်ဟူသောအကြည့်ဖြင့် မချိုမချဉ်ကြည့်ကြတယ်။

သူတို့ ဘယ်လိုကြည့်နေနေ ဂရုမစိုက်အားပါဘူး။ ထမင်းစားချိန်ကမှ ခဏလေးရတာ။ သူတို့နဲ့သာ စကားနိုင်လုနေလို့ကတော့ ရိပေါ်လေးနဲ့စကားပြောချိန်ရမှာမဟုတ်တော့ဘူး။

ဟင်းတွေထည့်ပြီးသွားတော့ လူရှင်းတဲ့စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ဒါမှ ရိပေါ်လေးနဲ့ အေးအေးဆေးဆေးဖုန်းပြောလို့ရမှာ။

" ရိပေါ်လေး.. 𝖼𝖺𝗆𝖾𝗋𝖺 ဖွင့်လိုက်ပါလား။ မျက်နှာလေး မြင်ချင်လို့"

" ကိုကို..မင်းကတော့ အပိုတွေ တအားလုပ်တတ်တာပဲ"

ရိပေါ်က ပိုတတ်ရန်ကောလို့ ရေရွတ်ရင်း ဆူပုတ်ပုတ်မျက်နှာနဲ့ 𝖼𝖺𝗆𝖾𝗋𝖺 လေးဖွင့်လာတယ်။ ဒီကောင်လေးက လိမ္မာရဲ့သားနဲ့ တမင်ကိုဆိုးပြချင်နေတာ။

" အဟား..ကိုကိုက လွမ်းနေတာကွာ"

" ဟုတ်လို့လား? နေ့တိုင်းမြင်နေရတာကို"

" အဲ့ဒါဖုန်းထဲကနေပဲတွေ့ရတာလေကွာ။ အပြင်မှာတွေ့ရတာမှ မဟုတ်တာ"

" ငါ့ဆီ လာတွေ့ချင်ရင်ရပါတယ်။ မင်းဘာသာမင်း မလာတာလေ"

" လာချင်တာပေါ့ကွာ။ ဒါပေမယ့် ဆေးရုံကမှခွါလို့မရတာ။ ကိုကိုက အလုပ်သင်ဘဝပဲ ရှိသေးတာလေ။
အတွေ့အကြုံတွေအများကြီးရအောင် ကြိုးစားရဦးမှာ"

𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]Where stories live. Discover now