𝖡𝖾𝗂𝗃𝗂𝗇𝗀 ဘူတာက ညဘက်မှာတောင် လျှပ်စစ်မီးရောင်တွေ လင်းထိန်လို့ လူသွားလူလာတွေနဲ့စည်ကားနေဆဲ။
ရှောင်းကျန့်မှာသာ ရထားပေါ်ကဆင်းလာပြီးကတည်းက အခြားသူတွေလို လာကြိုမယ့်သူလည်းမရှိ၊ ကိုယ့်ဘာသာ
ကိုယ်သွားရအောင်ကလည်း ရိပေါ့်ရဲ့လိပ်စာကိုမသိနဲ့ တစ်ယောက်တည်းယောင်လည်လည်ဖြစ်နေရတယ်။𝖲𝗎𝗋𝗉𝗋𝗂𝗌𝖾 မလုပ်တတ်လုပ်တတ်နဲ့ အဆန်းထွင်ချင်လွန်းတဲ့ ကိုယ့်ကိုကိုယ် ခေါင်းသာထုလိုက်ချင်တော့တယ်။ ဒါပေမယ့်လည်း ရှောင်းကျန့်ဆိုတာ ဝမ်ရိပေါ်လေးစိတ်ဆိုးရင်မနေတတ်၊ မထိုင်တတ်ဖြစ်နေတဲ့သူမဟုတ်လား။
ကလေးဆိုးလေးကို ချစ်မိမှတော့ ဂျီကျတာ၊ စိတ်ကောက်တာတွေကိုလည်း ခံနိုင်ရည်ရှိရမှာပေါ့။ အဲ့ဒီအပြင် နည်းလမ်းပေါင်းစုံသုံးပြီးတော့ ချော့တတ်ဖို့လည်းလိုတယ်လေ။
အသည်းအသက်လေးက စိတ်ဆိုးနေတုန်းမို့သာ မလာနဲ့လို့ ပြောပေမယ့် တကယ်တမ်းသူ့မွေးနေ့မှာ ရှောင်းကျန့်ကိုရှိနေစေချင်မှာအသေအချာပဲ။ ဒါကြောင့် 𝖼𝖺𝗆𝗉 သိမ်းမယ့်နောက်ဆုံးရက်မှာပဲ ဆရာကြီးတွေကို ခါးကျိုးမတတ် ဂါရဝပြုပြီး ခွင့်တောင်းလာခဲ့ရတယ်။ ကတိတွေပျက်ပေါင်းလည်းများခဲ့ပြီမို့ ဒီ့ထက်ပိုပြီးတော့ ငြိုငြင်စရာတွေမရှိစေချင်တော့ဘူးလေ။
ရိပေါ့်ဆီဖုန်းဆက်ရမလားလို့တွေးမိပေမယ့်လည်း
စိတ်ကောက်နေတဲ့ကောင်လေးက ဖုန်းကိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် 𝖡𝖾𝗂𝗃𝗂𝗇𝗀 ထိရောက်နေမှန်းသိရင်တော့ ပစ်မထားလောက်ပါဘူးလေဟုတွေးကာ 𝗆𝖾𝗌𝗌𝖺𝗀𝖾 လေးတစ်စောင်
လှမ်းပို့လိုက်တယ်။" ရိပေါ်...ကိုကို 𝖡𝖾𝗂𝗃𝗂𝗇𝗀 ဘူတာကို ရောက်နေပြီ။ အိမ်ကို ဘယ်လိုလာရမလဲဟင်?"
ရှောင်းကျန့် 𝗆𝖾𝗌𝗌𝖺𝗀𝖾 ပို့လိုက်ပြီး သိပ်မကြာဘူး။ ရိပေါ်က ဖုန်းဆက်လာတယ်။
" ကိုကို...မင်းတကယ်ကြီး လာတယ်ပေါ့"
" အင်း။ ကိုကို့ရိပေါ်လေးရဲ့ မွေးနေ့ပဲ မလာလို့ဘယ်ဖြစ်ပါ့မလဲ"
" ငါက မင်းမလာလောက်ဘူးထင်နေတာ"
ရိပေါ်က အသံတိုးတိုးလေးနဲ့ ပြောလာတယ်။ သူ့ကြောင့် ရှောင်းကျန့် အလုပ်များသွားတယ်ထင်ပြီး အားနာနေတာဖြစ်မယ်။
YOU ARE READING
𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]
Fanfiction" 𝖢𝗁𝖾𝗋𝗋𝗒 𝗉𝖾𝗍𝖺𝗅𝗌 𝗀𝖾𝗍 𝖼𝗅𝗈𝗌𝖾𝗋 𝗍𝗈 𝗍𝗁𝖾 𝗀𝗋𝗈𝗎𝗇𝖽 𝖻𝗒 𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽, 𝗒𝖾𝗍 𝗈𝗎𝗋 𝗁𝖾𝖺𝗋𝗍𝗌 𝗇𝖾𝗏𝖾𝗋 𝗀𝖾𝗍 𝖼𝗅𝗈𝗌𝖾 𝖾𝗏𝖾𝗇 𝖿𝗈𝗋 𝖺 𝗌𝗂𝗇𝗀𝗅𝖾 𝗌𝖾𝖼𝗈𝗇𝖽." " ချယ်ရီပွင့်လေးတွေက တစ်စက္ကန့်ကို (5)cm...