𝖤𝗉𝗂𝗌𝗈𝖽𝖾 [𝟫]

1K 100 20
                                    

ည (𝟫) နာရီခွဲရှိနေပြီ။ ကိုကိုကတော့ အခုထိ ရောက်မလာသေးပါ။ (𝟪) နာရီခွဲကျော်ကတည်းက ဖုန်းတွေခေါ်နေပေမယ့်လည်း တစ်ခါမှမကိုင်ဘူး။ ချက်ထားတဲ့ဟင်းတွေလည်း အေးစက်နေပြီ။

ရိပေါ် ထိုင်မရ၊ ထမရနဲ့ အခန်းထဲခေါက်တုံ့ခေါက်
ပြန်လျှောက်နေမိတယ်။ ကိုကို့ဆီကို 𝗆𝖾𝗌𝗌𝖺𝗀𝖾 တွေရော၊ 𝗏𝗈𝗂𝖼𝖾 𝗆𝖺𝗂𝗅 တွေရော စုံနေအောင်ပို့တယ်။ 𝗆𝗂𝗌𝗌𝖾𝖽 𝖼𝖺𝗅𝗅 တွေကတော့ ရေတောင်မရေတွက်နိုင်ဘူး။ ကိုကိုမင်းဘာများဖြစ်နေလို့လဲ။

ရိပေါ် အတွေးတွေများရင်း ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ မှေးခနဲအိပ်ပျော်သွားတုန်း ဖုန်းမြည်သံကြောင့် ပြန်နိုးသွားတယ်။ ကြည့်လိုက်တော့ 𝖼𝗈𝗇𝗍𝖺𝖼𝗍 𝗇𝖺𝗆𝖾 မှာပေါ်နေတာကကိုကို။ ရိပေါ် စိုးရိမ်တကြီးနဲ့ ဖုန်းကိုင်လိုက်တော့ ကိုကိုက အရမ်းကို အားနာနေတဲ့ အသံနဲ့ပြောလာတယ်။

" ရိပေါ်..ကိုကိုလေ ဒီနေ့ ဆေးရုံမှာ 𝖾𝗆𝖾𝗋𝗀𝖾𝗇𝖼𝗒 𝖼𝖺𝗌𝖾 တစ်ခု ကြီးကြီးမားမားပေါ်လာလို့ မလာနိုင်တော့ဘူးထင်တယ်။ ကိုကို့ကို စိတ်မဆိုးနဲ့နော်"

" ...."

" 𝖣𝗎𝗍𝗒 ချိန်းခါနီးကျမှ ရုတ်တရက်ဖြစ်သွားတာမို့ 𝗈𝗉𝖾𝗋𝖺𝗍𝗂𝗈𝗇 ခန်းထဲ ချက်ချင်းလိုက်သွားရတာ။ အဲ့ဒါနဲ့ ရိပေါ့်ကိုလည်း ဖုန်းမဆက်လိုက်ရဘူး။ အခု ပြီးပြီးချင်း ရိပေါ့်ကိုဖုန်းလှမ်းဆက်လိုက်တာ"

" ငါ မင်းကို စောင့်နေတာ"

" အင်း...ကိုကိုသိတယ်"

" ညနေကတည်းက အိမ်ပြန်လာပြီးတော့"

" ကိုကို တောင်းပန်တယ်နော်"

" ဟင်းတွေလည်း ချက်ထားသေးတယ်"

" ရိပေါ်လေး.."

" မင်းနဲ့ အတူတူစားဖို့"

" ...."

" ငါအခုထိ ညစာ မစားရသေးဘူး"

" ရိပေါ်ရယ်.. ကိုကို မနက်ဖြန်..."

" ဒါပဲမလား? ဖုန်းချလိုက်တော့မယ်"

ကိုကို..မင်းကငါ့ဘက်ကို ဘယ်တော့မှ မတွေးပေးဘူး။ ငါစောင့်နေမယ်ဆိုတာကို သိသိကြီးနဲ့။ ဆေးရုံမှာ အရေးကြီးကိစ္စပေါ်လာတယ်ဆိုလည်း မင်းသူငယ်ချင်းတွေကနေပဲဖြစ်ဖြစ် တဆင့်လှမ်းပြောခိုင်းပေါ့။ လာမယ်ထင်ပြီး စောင့်နေတဲ့သူက ဘယ်လောက်စိတ်ပင်ပန်းရတယ်
မှတ်လဲ။

𝟧𝖼𝗆 𝖯𝖾𝗋 𝖲𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]Where stories live. Discover now