𝖤𝗉𝗂𝗌𝗈𝖽𝖾 [𝟥]

496 69 4
                                    

ဒီနေ့ကျမှ အချိန်ကုန်တာကလည်း နှေးလိုက်တာ။ ကျောင်းဆင်းချိန်ကလည်း တော်တော်နဲ့မရောက်နိုင်ဘူး။ တစ်စက္ကန့်လေးအတွင်းမှာကို သက်ပြင်းတွေချမိတာအကြိမ်ကြိမ်ပါပဲ။

အချိန်က တစ်ခါတလေ အတော်ကြီးကို မကျေနပ်ချင်စရာကောင်းတယ်။ နှေးနှေးလေးပဲသွားစေချင်ရင် ဖျောက်ဖျောက်ဖျောက်ဆို ကုန်သွားပြီ။ မြန်မြန်ကုန်စေချင်တဲ့အခါကျတော့ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် နာရီလက်တံက တစ်နေရာထဲမှာပဲ။ တုတ်တုတ်တောင်မလှုပ်ဘူး။

စက္ကန့်ခြောက်ဆယ်တစ်မိနစ်တဲ့။ စိတ်ထဲကနေ တစ်နှစ်သုံးလေးရေတွက်ရင်း ခြောက်ဆယ်ပြည့်တဲ့အခါကြည့်
လိုက်တယ်။

ဟင်..မိနစ်ဝက်တောင်မကုန်သေးဘူး!!

နာရီထွင်တဲ့သူတွေက ဘယ်စံချိန်နဲ့တိုင်းပြီးတော့များ ထုတ်ခဲ့တာပါလိမ့်။ စက္ကန့်တံလေး တစ်ထစ်, တစ်ထစ်ရွေ့ဖို့ကို စောင့်လိုက်ရတာ။ ရှောင်းကျန့်ရေတာပဲ မြန်နေလို့လားတော့မပြောတတ်။

ကျောင်းအမြန်ဆင်းချင်ဇောကြောင့် သင်နေတဲ့စာထဲလည်းစိတ်မရောက်နိုင်တော့ဘူး။ ဆရာဘာတွေပြောနေတာလဲ၊ ဘာတွေသင်နေတာလဲ၊ ဘယ်စာမျက်နှာရောက်နေပြီလဲ ဆိုတာတွေထက် ဘယ်အချိန်ကျောင်းဆင်းမလဲဆိုတာပဲခေါင်းထဲရှိတော့တယ်။ ဒါပေမယ့်လည်း ဆရာ့ကို လေးစားသောအားဖြင့် ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ရင်း နားထောင်သလိုဟန်ဆောင်နေလိုက်တယ်။

ဆရာကတော့ သူသင်တာကိုစိတ်ဝင်တစားနားထောင်နေတယ်အထင်နှင့် ရှုပ်ထွေးပွေလီလှတဲ့ 𝗇𝖾𝗋𝗏𝖾 ကြောတွေအကြောင်းကို အားကြိုးမာန်တက်ရှင်းပြနေရှာတယ်။ တစ်ချက်, တစ်ချက်လည်း ပုတ်သင်ညိုလုပ်နေတဲ့ ရှောင်းကျန့်ကို လှမ်းကြည့်ရင်း " ဟုတ်ရဲ့လား? သဘောပေါက်တယ်နော်" ဆိုပြီးမေးလိုက်သေးတယ်။

ရှောင်းကျန့်စိတ်ထဲ အတန်းအမြန်လွှတ်ပါစေလို့ ဆုတောင်းနေမှန်းသာသိလို့ကတော့ ဆရာ အတော်ဒေါခီးသွားလိမ့်မယ်ထင်တယ်။

ကုန်နိုင်ခဲလွန်းတဲ့စက္ကန့်တွေ၊ မိနစ်တွေကို ခဲခဲယဉ်းယဉ်းကျော်ဖြတ်ပြီး နောက်ဆုံးမှာတော့ မျှော်နေတဲ့အချိန်ရောက်ပါပြီ။ ကျောင်းဆင်းတာနဲ့ ချက်ချင်းထပြန်လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တစ်အုပ်တည်းထုတ်ထားတဲ့ ဖတ်စာအုပ်ကလေးကိုဆတ်ခနဲဆွဲပိတ်လို့ လွယ်အိတ်ထဲ အလျင်အမြန်ထိုးထည့်ရင်း ဘူတာရုံဆီဒုန်းစိုင်းပြေးဖို့လုပ်ရတယ်။

𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]Where stories live. Discover now