𝖤𝗉𝗂𝗌𝗈𝖽𝖾 [𝟦]

504 83 6
                                    

𝖹𝗂𝖻𝗈 ဘူတာကိုရောက်တော့ ည (𝟣𝟢) နာရီခွဲနေပြီ။

ရာသီဥတုဆိုးလွန်းတာကြောင့် ခရီးသည်ဆိုလို့ တစ်
ယောက်တလေတောင် မရှိတော့ဘူး။ ဘူတာရုံတစ်ခုလုံးကလည်း ရှင်းလို့လင်းလို့။

ရိပေါ်လည်း သေချာပေါက်ပြန်သွားလောက်ပြီနေမယ်။ ဒီအချိန်ကြီးထိ ဘယ်သူကစောင့်နေနိုင်ပါ့မလဲ။ ပြီးတော့ ရိပေါ့်လိုကလေးလေးတစ်ယောက်တည်းဆို ပိုတောင်စောင့်မနေသင့်သေးတယ်။ အန္တရာယ်လည်းများတယ်မဟုတ်လား။

အဲ့ဒါထက် ကတိပေးထားပြီး ရောက်အောင်မလာဘူးဆိုပြီး ရှောင်းကျန့်ကို စိတ်ဆိုးသွားရင်ဒုက္ခ။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲလေ။ ရာသီဥတုက ရုတ်တရက်ဆိုးသွားတာကိုး။ နောက်မှ စာရေးပြီး သေချာရှင်းပြရတော့မှာပဲ။

ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ လက်မှတ်ရုံဘက်ကိုထွက်လာခဲ့လိုက်တယ်။ အခုည ရထားထွက်ဖို့ရှိ, မရှိစုံစမ်းပြီး ရှိရင်လည်း ညတွင်းချင်းပြန်မယ်။ မရှိတော့ရင်လည်း အပြင်မှာ ညအိပ်ပြီး မနက်ဖြန်ထွက်မယ့် အစောဆုံးရထားနဲ့ ပြန်ရုံပေါ့။

တင်းထားသမျှ စိတ်တွေကို လျှော့ချလိုက်တော့မှ
ကိုယ်ဘယ်လောက် ပင်ပန်းနေမှန်းသိတော့တယ်။ တစ်ညနေလုံး အမောတကောပြေးလိုက်လွှားလိုက်ရတာ။ အခုတော့လည်း ဘာမှအဖတ်မတင်ဘူး။

မစောင့်ရကောင်းလားလို့ ရိပေါ့်ကို အပြစ်တင်ချင်ပေမယ့် စေ့စေ့စပ်စပ်တွေးကြည့်လိုက်တော့လည်း ပြန်သွားတာမမှားပါဘူး။ ရှောင်းကျန့်ကချိန်းထားတဲ့ အချိန်ထက်အများကြီးနောက်ကျမှ ရောက်လာတာကိုး။ ရိပေါ်တစ်ယောက်တည်း ဘူတာထဲမှာ ညနက်တဲ့ထိ စောင့်နေဖို့ဘယ်အဆင်ပြေပါ့မလဲ။ အဲ့ဒီတော့ လွဲအောင်ဖန်တီးခဲ့တဲ့ ကံတရားကိုပဲ အပြစ်တင်ရုံပေါ့။

ရှောင်းကျန့် လေးကန်နေတဲ့ ခြေထောက်တွေကို တစ်
လှမ်းချင်းသယ်ရင်း ရောက်တတ်ရာရာတွေးနေမိတယ်။

..........

လက်မှတ်ရုံထဲကို ဝင်လျှင်ဝင်ချင်း မယုံကြည်နိုင်ခြင်းတို့ကြောင့် ရှောင်းကျန့်ခြေလှမ်းတွေ ရပ်တန့်သွားရတယ်။

𝟧𝖼𝗆 𝖯𝖾𝗋 𝖲𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]Where stories live. Discover now