𝖤𝗉𝗂𝗌𝗈𝖽𝖾 [𝟨]

439 71 4
                                    

ဖြာကျနေတဲ့နေရောင်ခြည်က မနွေးထွေးဘဲ ပူလောင်နေသလိုပဲ။ ပြာလဲ့လဲ့ကောင်းကင်ကြီးကလည်း ကြည်လင်နေပေမယ့် ရှောင်းကျန့်စိတ်ထဲမှာတော့ အုံ့မှိုင်းနေတယ်လို့ပဲ
ခံစားရတယ်။ ခရီးစဉ်အတွက် ဘတ်စ်ပေါ်အထုပ်အပိုးတွေ တင်ရင်း အလုပ်ရှုပ်နေတဲ့လူတွေကလည်း မျက်စိနောက်ချင်စရာ ကောင်းနေသလိုပဲ။

အင်း...စိတ်မကြည်ရင် မြင်မြင်သမျှက အဆင်မပြေတော့ဘူး။

ဒီနေ့နဲ့ဆို ရိပေါ်စိတ်ဆိုးနေတာ တစ်ပတ်လောက်တောင်ရှိနေပြီ။ ဖုန်းဆက်တော့လည်းမကိုင်ဘူး။ ပို့ထားတဲ့ 𝖬𝖾𝗌𝗌𝖺𝗀𝖾 တွေကိုလည်းဖွင့်တောင်မဖတ်ဘူး။

လူဆိုးလေးက နေနိုင်လိုက်တာ။ ရှောင်းကျန့်မှာသာ နေမထိထိုင်မသာနဲ့။ အခု 𝖼𝖺𝗆𝗉 ကိုလိုက်ရမှာတောင် စိတ်မဖြောင့်ချင်တော့ဘူး။

ကားပေါ်ရောက်တဲ့အထိ ငူငူငိုင်ငိုင်ဖြစ်နေတဲ့ ရှောင်းကျန့်ကို ကျန်းချန်နဲ့ ယွီပင်းတို့က ဝိုင်းပြီးပုလိပ်စစ်, စစ်ကြတယ်။

" ဟေ့ကောင်..ရှောင်းကျန့်! ငိုင်လှချည်လား? ဘာလဲ..ဟိုကောင်လေးက ကောက်နေပြန်ပြီလား?"

ရှောင်းကျန့်က " ဟုတ်တယ်" ဆိုတဲ့ သဘောနဲ့ ခပ်ဖျော့ဖျော့လေးပြုံးပြလိုက်တယ်။

" အင်း..မင်းတို့နှစ်ယောက်ကတော့လေ"

" သိပ်ငိုင်မနေပါနဲ့ကွာ။ တစ်ပတ်ပဲကြာမှာပါ။ အလုပ်ထဲလည်း သေသေချာချာအာရုံစိုက်ဦး"

" အေးပါကွာ"

..........

𝖧𝗎𝖻𝖾𝗂 ကိုရောက်တော့ ဒေသခံတွေက နွေးနွေးထွေးထွေးကြိုဆိုကြတယ်။ စီးပွါးရေးသိပ်မဖွံ့ဖြိုးမတိုးတက်တဲ့ နယ်ဝေးမြို့လေးပေမယ့် နေစရာ၊ ထိုင်စရာ၊ စားစရာ၊ သောက်စရာလိုလေသေးမရှိ ဧည့်ခံကြရှာတယ်။ အရင်က အခုလိုကျန်းမာရေးအဖွဲ့တွေ လာလေ့လာထမရှိတော့ အားလုံးကဝမ်းပန်းတသာဖြစ်နေပုံပါပဲ။

ရောက်ရောက်ချင်း အထုပ်အပိုးတွေနေရာချ၊ ခဏနားပြီးတာနဲ့ မနက်ဖြန်လုပ်အားပေးအတွက် အဖွဲ့အလိုက်
တာဝန်အသီးသီးခွဲယူဖို့ အစီအစဉ်တွေဆွဲကြတယ်။
ညရောက်တော့ ရှောင်းကျန့်လည်း တစ်နေကုန်ပင်ပန်းထားတဲ့ဒဏ်တွေကြောင့် အိပ်ရာစောစောဝင်ဖို့လုပ်တယ်။

𝟧𝖼𝗆 𝖯𝖾𝗋 𝖲𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]Where stories live. Discover now