.
.
.
.
.
.
.
.
.
.
နောက်တစ်ရက်ကြ မိုးလင်း တာနဲ့ ဝမ်ရိပေါ် ကပြင်ဆင်ပီး တပည့်တပန်းတွေနဲ့ လူစုံ၊တက်စုံလေ့ကျင့်ရေးကွင်းထဲဆင်းလာတယ်။ရှောင်းကျန့် ကိုတွေ့ချင်လို့မဟုတ်ဘူးနော်။
ခြူးလုံ ရှောင်းကျန့် အနားကပ်မှာဆိုးလို့လဲမဟုတ်ဘူး။
လေ့ကျင့်နေတဲ့တပည့်တွေကိုကူလေ့ကျင့်ပေးမလို့။ရှောင်းကျန့် ကမရောက်သေးပဲမယ့် X-Sun ကလူတွေကတော့ရောက်နှင့်နေပီး သေနတ်စမ်းပစ်နေကြတယ်။
တမျှော်တခေါ် ကျယ်ဝန်းတဲ့ကွင်းပြင်ကျယ်ကြီးထဲမှာ သေနတ်ပစ်သံကျယ်ကျယ်တွေသာပဲ့တင်သံပြန်နေတယ်။စကားသံကတစ်ယောက်ဆီကမှထွက်မလာပေမယ့် ဝမ်ရိပေါ် လူတွေနဲ့X-Sun ကလူတွေကတော့ မျက်စောင်းတစ်ခဲခဲ ၊ မာန်တမဲမဲ နဲ့ အစွယ်မချိုးရသေးတဲ့ခွေးတွေလိုပဲ။
လေ့ကျင့်ရေးကွင်းအနားမှာ ခေါင်းဆောင်တွေထိုင်ဖိုချထားတဲ့ခုံတစ်ခုံမှာဝမ်ရိပေါ်ဝင်ထိုင်လိုက်ပီး ဖန်ရှင်းကမ်းပေးလာတဲ့စီးကရက်ကိုယူကာဖွာရှိုက်လိုက်တယ်။
ခပ်လှမ်းလှမ်းကစကားပြောသံသဲ့သဲ့ကြားတော့ ဝမ်ရိပေါ် မရည်ရွယ်ပါပဲလှည့်ကြည့်မိတယ်။
အသံခပ်ကျယ်ကျယ်က ရုပ်မလှမိန်းမဆိုးခြူးလုံအသံဖြစ်ပီး အလယ်ကကြွကြွရွရွလျှောက်လာတဲ့ရှောင်းကျန့်ဘက်ကိုလှည့်လှည့်ပီးစကားပြောနေတယ်။
ဒီမိန်းမ ကြက်လည်ပင်းလိမ်ရောဂါရနေတာလား?ခြူးလုံကရှောင်းကျန့်ညာဘက်မှာဖြစ်ပီးရှောင်းကျန့်ဘယ်ဘက်ကကောင်လေးတစ်ယောက်ကိုမြင်တော့မြင်ဖူးသလိုရှိတယ်ဆိုပီးနည်းနည်းပါးပါးတွေးကြည့်လိုက်တော့ တစ်ခါဝမ်ရိပေါ်ဖမ်းခိုင်းဖူးတဲ့စုန့်ကျိရန်ပဲ။
အော်
ခင်ဗျား ကခြူးလုံနဲ့ကျုပ်ကိုဒေါသထွက်အောင်လုပ်တာအားမရလို့ ကျိရန်ပါခေါ်လာတာပေါ့လေ။
YOU ARE READING
Infinity
Fanfiction* ကိုယ်မင်းကိုချစ်တယ်။ ဒါဟာမင်းနာကျင်ဖို့အစပျိုးခဲ့မိသလိုဖြစ်သွားတယ်။ ကိုယ်မရည်ရွယ်ပါဘူးကလေးရယ်။ *