.
.
.
.
.
.
.
.
.
.ဝမ်ရိပေါ်လေးကရှောင်းကျန့်နဲ့တစ်တွဲတွဲပဲ။
အမြဲဘာလုပ်လုပ်ကပ်နေတယ်။
ရှောင်းကျန့်ကလဲဘာမှမပြောပဲအလိုလိုက်ထားတယ်။
ပါးဖောင်းဖောင်း နဲ့ကလေးလေးကရှောင်းကျန့်အလုပ်လုပ်ချိန်တွေမှာလဲရင်ခွင်ထဲကပ်မှီထားပီးအိပ်နေတတ်တယ်။
တစ်ဆိတ်.....ဝမ်ရိပေါ်ချွဲတတ်လာတယ်။ရှောင်းကျန့် တို့ X-Sun ဂိုဏ်းသီးသန့်ဆွေးနွေးချိန်မှာတောင်ဝမ်ရိပေါ်ကိုရှောင်းကျန့်ကပေါင်ပေါ်တင်ထားတယ်။
ဟောက်ရွှမ်းကဝမ်ရိပေါ်ကိုဒီလောက်ကြီးမယုံကြည်ဖို့ပြောလာတဲ့အခါရှောင်းကျန့်စိတ်ဆိုးခဲ့ရသေးတယ်။လှန်တင်ထားခြင်းမရှိတော့တဲ့ဝမ်ရိပေါ်ဆံပင်အုပ်အုပ်လေးတွေကနှဖူးပေါ်ပုံကျနေတာလေးကိုလဲရှောင်းကျန့်ချစ်ရပါတယ်။
ဖြူဖြူနုနုကလေးလေးကို တခြားဂိုဏ်းကလူတွေက ဘာလေးလဲ ? ဘယ်သူလေးလဲ? ဆိုပီးမျက်စိနဲ့ကြည့်မိတာမျိုးကိုတောင်ရှောင်းကျန့်က မျက်ထောင့်နီကြီးနဲ့ကြည့်တတ်တယ်။
သူပိုင်တဲ့ကလေးလေးကိုမျက်လုံးနဲ့ပစ်မှားတာမျိုးကိုရှောင်းကျန့်မခံနိုင်လို့ဝမ်ရိပေါ်မျက်နှာလေးကိုရင်ခွင်ထဲဆွဲထည့်ခဲ့ရသေးတယ်။
X-Sun မှာ ဝမ်ရိပေါ်ဆို ရှောင်းကျန့်ရဲ့အသည်းလေးလို့မှတ်ထားခဲ့ကြပီး မထိရက်မကိုင်ရက်လေး ဝိုင်းပီးစောင့်ရှောက်ခဲ့ကြတယ်။
ထိရက် ကိုင်ရက်သွားလုပ်ရင် ရှောင်းကျန့်က ပြာပုံဖြစ်သွားအောင်လုပ်ပစ်မှာပေါ့.....
.
.
.
."ဒိုင်း...ဒိုင်း"
"ဟား..ဟား.."
နှစ်ချက်ဆင့်ထွက်လာတဲ့သေနတ်သံကျယ်ကျယ်နဲ့အတူ ဝမ်ရိပေါ် ရဲ့လှောင်ရယ်သံလေးကရှေ့ဆင့်နောက်ဆင့်ထွက်လာတယ်။
သေနတ်ပစ်ကွင်းဘေးကခုံမှာမှီထိုင်ပီး အော်ရယ်နေတဲ့ ဝမ်ရိပေါ်ကိုဟောက်ရွှမ်းမကြည်သလိုတချက်ကြည့်လိုက်ပီးစိတ်မရှည်သလိုလေးဖြစ်နေတဲ့ကျိရန်ပုခုံးကိုကိုင်လိုက်တယ်။
YOU ARE READING
Infinity
Fanfiction* ကိုယ်မင်းကိုချစ်တယ်။ ဒါဟာမင်းနာကျင်ဖို့အစပျိုးခဲ့မိသလိုဖြစ်သွားတယ်။ ကိုယ်မရည်ရွယ်ပါဘူးကလေးရယ်။ *