.
.
.
.
.
.
.
.
.
ရှောင်းကျန့် သွားပီး 3 ရက်လောက်က ဝမ်ရိပေါ်နေလို့အဆင်ပြေသေးတယ်။နေ့ဘက်တွေမှာ တပည့်တွေကိုသေနတ်ပစ်လေ့ကျင့်ပေးလိုက် ၊ ခြူးလုံဆိုတဲ့ဘီလူးတစ်ပိုင်းမိန်းမရိုင်း ရဲ့စကားနာထိုးစစ်တွေကိုခုခံလိုက် နဲ့ပဲလည်ပတ်နေတယ်။
ညဘက်တွေမှာတော့ တစ်စုံတစ်ယောက်ကိုလွမ်းနေတတ်ပေမယ့်လို့ပေါ့ ။ရှောင်းကျန့် သွားတာ 3 ရက်ကျော်လာတဲ့အခါ ဝမ်ရိပေါ်ရဲ့တစ်နေ့တာတွေပုံစံပျက်လာတယ်။
သေနတ်ပစ်လဲကူမလေ့ကျင့်ပေးတော့သလိုအခန်းထဲမှာပဲခွေချင်နေတဲ့စိတ်ကိုဖြောင့်ဖြလို့မရခဲ့ဘူး။
ရှောင်းကျန့် ကပြန်လာဖို့အရိပ်အယောင်တောင်မမြင်ရသေးဘူး။ရှောင်းကျန့် မရှိတဲ့နေ့ ရက် တွေမှာဝမ်ရိပေါ်တစ်ယောက်ထဲမရုန်းကန်နိုင်လောက်အထိဘဝကစောက်တလွဲဖြစ်လာ တယ်။
တစ်ရက်ကုန်ဆုံးသွားလို့ ရှောင်းကျန့်ပြန်မရောက်လေလေ ဝမ်ရိပေါ်အလွမ်းတို့ကတိုးလာလေလေ...
အစကဒီလောက်ဖြစ်နေမှန်းမသိပေမယ့်အခုမှတော်တော်လေးဖြစ်နေတာ ဝမ်ရိပေါ် နားလည် လိုက်ရတယ်။ဒါကိုချစ်နေပီလို့ခေါင်းစဉ်မတပ်ချင်ပေမယ့်ဝမ်ရိပေါ်စိတ်ထဲရှောင်းကျန့်ရောက်နေပီဆိုတဲ့အမှန်တရားကိုတော့လက်ခံလိုက်ရတယ်။
အသံကြားချင်လို့ဖုန်းဆက်ချင်တာတောင်ရှောင်းကျန့်ဖုန်းနံပတ်ကဝမ်ရိပေါ်မှာမရှိခဲ့ဘူး။
ရှောင်းကျန့် အကြောင်းမေးရအောင်လဲဘယ်သူ့မေးလို့မေးရမှန်းမသိခဲ့ဘူး။နည်းနည်းတော့ဟာသဆန်နေလိမ့်မယ်။
စီးကရက်ကိုအချိန်တိုင်းလိုလိုသောက်တတ်တဲ့ ဝမ်ရိပေါ် က ရှောင်းကျန့် စကားကြောင့် လျှော့သောက်နေမိနေတယ်ဆိုရင်ပေါ့။
ချက်ချင်းမသောက်တော့ဖို့ကမဖြစ်နိုင်ပြန်တော့တဖြေးဖြေးချင်းဖြတ်ဖို့ပဲဆုံးဖြတ်လိုက်တယ်။
YOU ARE READING
Infinity
Fanfiction* ကိုယ်မင်းကိုချစ်တယ်။ ဒါဟာမင်းနာကျင်ဖို့အစပျိုးခဲ့မိသလိုဖြစ်သွားတယ်။ ကိုယ်မရည်ရွယ်ပါဘူးကလေးရယ်။ *