.
.
.
.
.
.
.
.ရှောင်းကျန့် Pov
.
.
.ရှောင်းကျန့် X-Sun ဂိုဏ်းခွဲ ဆီစရောက်တုန်းက ဘယ်နေရာမှာဘာရှိသလဲဆိုပီး ဖြန့်ကျက်စုံစမ်းခဲ့တယ်။
ဘာလုပ်လုပ်တိကျတဲ့ရှောင်းကျန့်ုကအချိန်ခဏလေးနဲ့ ဘယ်ဂိုဏ်းရဲ့လက်ခွဲကဘယ်နေရာမှာရှိလဲဆိုတာသိရခဲ့တယ်။တနေ့သင်္ဘောဆိပ်ကမ်းတစ်ခုကို ဆေးအရောင်းအဝယ်ဖောက်သယ်စပ်ဖို့လုပ်ရင်းသွားတော့ လူမိုက်ဆိုဒ်ဖမ်းနေတဲ့ ဂိုဏ်းတစ်ခုရဲ့လက်အောက်တွေနဲ့တွေ့တယ်။
အဲ့ဂိုဏ်းကဘယ်လောက်အရှိန်အဝါကြီးလဲဆိုတာ တပည့်တပန်းတွေမာန်ထောင်နေပုံကသက်သေပဲ။
သာမာန်ဆိုအဖက်လုပ်မှာမဟုတ်တဲ့ရှောင်းကျန့်က လက်ထောက်ကိုမေးကြည့်တော့ ဒီနယ်တစ်ခွင်မှာရမ်းကားနေတဲ့ Monster ဂိုဏ်းကတဲ့။
ပိုစိတ်ဝင်စားစရာကောင်းတာကဒီနေ့ဆေးတွေကိုလာသိမ်းမှာ ဝမ်ရိပေါ် ဆိုတဲ့ Ganster လေးတဲ့~ဝမ်ရိပေါ် ~
နာမည် လေးကြားရုံနဲ့ ရှောင်းကျန့်ရဲ့စိတ်ဝင်စားခြင်းတွေအစပျိုးခဲ့တယ်။
ဝမ်ရိပေါ် သူ့ဂိုဏ်းကိုလိုက်မလာ လာ ဖြစ်အောင်တမင်လုပ်ခဲ့ပီး X-Sun ကို အေးအေးဆေးဆေးပဲ ပြန်လာခဲ့တယ်။
မကြာပါဘူး ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးလိုက်လာတယ်။
ဟောက်ရွှမ်း ဆီကကြားထားတဲ့စကားအရဒီကောင်လေးငယ်မယ်ဆိုတာသိပေမယ့်ဒီလောက်နုဖတ်ပီးချောနေမယ်လို့တော့ရှောင်းကျန့်မထင်ခဲ့ဘူး။တည်ကြည်ရင့်ကျက်နေဟန်ဖမ်းထားတဲ့ကောင်လေးကတကယ်တမ်းဒေါသလေးတွေထွက်လာတဲ့အခါ ကလေးပေါက်စအပြုအမူတွေမထိန်းသိမ်းထားနိုင်ခဲ့ဘူး။
ရှောင်းကျန့် ကောင်လေး ကိုစရတာပျော်တယ်။
ကောင်လေး နဲ့စကားနာတွေအပြန်အလှန်ထိုးရင်းနဲ့ပဲရှောင်းကျန့်နဲ့ကောင်လေးရဲ့ပထမဆုံးတွေ့ဆုံမှုကပီးဆုံးတယ်။
YOU ARE READING
Infinity
Fanfiction* ကိုယ်မင်းကိုချစ်တယ်။ ဒါဟာမင်းနာကျင်ဖို့အစပျိုးခဲ့မိသလိုဖြစ်သွားတယ်။ ကိုယ်မရည်ရွယ်ပါဘူးကလေးရယ်။ *