.
.
.
.
.
.
.
.
..
.
.
.
.
.
.ဝမ်ရိပေါ် ကို ချစ်တယ် လို့် ပြောပီးဘာမှဆက်မပြောတော့တဲ့ရှောင်းကျန့်ကတကယ်လဲသူဘာမှမပြောလိုက်သလိုပဲ။
ဝမ်ရိပေါ် ကသာ အသက်ရှူတွေပြင်းပီးရင်တွေတဒုန်းဒုန်းနဲ့ အဖြေမတောင်းတော့ဘူးလားလို့ပဲပြန်မေးရမလိုလိုတွေဖြစ်လို့။ည 8 နာရီလောက်မှာ ရှောင်းကျန့်ကလမ်းလျှောက်ချင်တယ်လို့ပြောတယ်။
ညအထိမပြန်ရသေးတာက ရှောင်းကျန့် က နေမကောင်း သေးလို့ပါ။ဖန်ရှင်းကတော့အပြင်ကနောက်လိုက်အချို့ကိုခေါ်ပီး ဟောက်ရွှမ်းနဲ့အတူX-Sun ဂိုဏ်းသားတွေနဲ့ အရက်သောက်ပြိုင်ပွဲကျင်းပနေတာဝမ်ရိပေါ်ကိုရှိတယ်လို့တောင်မထင်တဲ့ပုံပဲ။
ရှောင်းကျန့် က နေမကောင်း တာမို့ရှောင်းကျန့်ခေါ်တဲ့နေရာလိုက်လာခဲ့လိုက်တယ်။
တကယ်ပါ၊ သူ နေမကောင်း သေးလို့လိုက်လာပေးတာ။ရှောင်းကျန့် ခေါ်သွားတဲ့နေရာ X-Sun ဂိုဏ်းထဲက ရှည်တာလဲမဟုတ်တိုတာလဲမဟုတ်တဲ့ တံတားတစ်ခုပဲ။
တံတားအလယ်ကလက်ရန်းမှာဝမ်ရိပေါ်တက်ထိုင်လိုက်တော့ ရှောင်းကျန့် ကလဲ ဝမ်ရိပေါ် ဘေးက တံတားပေါ်တက်ထိုင်လာတယ်။
ညလေအေးအေးက ဝမ်ရိပေါ်ဝတ်ထားတဲ့အဖြူရှပ်အပါးလေးကိုထိုးဖောက်ပီးအေးစေတာမို့ ဝမ်ရိပေါ် လက်ချင်းဆုပ်ကိုင်ထားလိုက်တယ်။"မင်းအရွယ်လေးက ကျောင်းတောင်ပီးအုံးမှာမဟုတ်ဘူး။
ဘယ်လိုလုပ်ဒီလောကထဲရောက်နေရတာလဲ?"ရှောင်းကျန့် ကဝမ်ရိပေါ်ကိုမကြည့်ပဲမေးတယ်။
ဝမ်ရိပေါ် ရှောင်းကျန့် မျက်နှာကိုတချက်ကြည့်လိုက်ပီးရှောင်းကျန့်ငေးနေတဲ့နေရာကိုလိုက်ငေးလိုက်တယ်။
ဆုပ်ကိုင်ထားတဲ့လက်နှစ်ဖက်ကိုဖြေပီး ဘေးတစ်ဖက်တစ်ချက်ဆီလက်ထောက်လိုက်တယ်။
YOU ARE READING
Infinity
Hayran Kurgu* ကိုယ်မင်းကိုချစ်တယ်။ ဒါဟာမင်းနာကျင်ဖို့အစပျိုးခဲ့မိသလိုဖြစ်သွားတယ်။ ကိုယ်မရည်ရွယ်ပါဘူးကလေးရယ်။ *