.
.
.
.
.
.
.
.
.
.
.
.
.ဆေးရုံ ကုတင်ထက်မှာမေ့မျောနေတဲ့ကောင်လေးရဲ့လက်ဖြူဖြူလေးတစ်ဖက်ကိုရှောင်းကျန့်လက်တစ်ဖက်နဲ့ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း တင်းခံထားရင်းကိုမျက်ရည်တွေကစီးကျနေတယ်။
ထိခိုက်ဒဏ်ရာတော်တော်ရသွားတဲ့ဝမ်ရိပေါ်လေးက အခုထိကိုသတိတစ်ချက်မှလည်မလာသေးဘူး။
လက်တစ်ဖက်ကမှန်ကအစိတ်စိတ်အမွှာမွှာကြေမွနေတဲ့ scream ပွင့်ရက်ဖုန်းလေးကိုရှောင်းကျန့်ကိုင်ထားတယ်။Message conversation လေးတစ်ခု..
နောက်ဆုံး စာကြောင်းလေးက 💬 ကျန့်ကောကော...💬 တဲ့ ...
ဒီကလေးလေးရှောင်းကျန့်ကိုဘယ်လောက်တောင်အားကိုလိုက်သလဲ ?
ဘယ်လောက်တောင်ကြောက်နေရှာမလဲ?ဒီအသက်ဒီအရွယ်လေးနဲ့  ဘယ်လိုပဲ Ganster ဖြစ်နေပါစေအုံး ၊
အတွေ့အကြုံလဲမရှိတာမို့တော်တော်လေးကြောက်သွားခဲ့မှာပဲ။
ရှောင်းကျန့် သူ့ကိုယ်သူတော်တော်ကြီးတဲ့အပြစ်လုပ်လိုက်မိတယ်လို့ခံစားလိုက်ရပီး ဝမ်ရိပေါ်ကိုဒီလောက်လေးတောင်မယုံခဲ့ရလားဆိုပီးအပြစ်တင်လို့လဲမဆုံးဘူး။"သခင်ရှောင်း အစားလေးဘာလေးစားပါအုံး "
ဘေးကလာပြောတဲ့စကားသံဟာရှောင်းကျန့်နားထဲကြားတစ်ချက် ၊ မကြားတစ်ချက်
ရှောင်းကျန့်အတွေးတွေက ဝမ်ရိပေါ် ရဲ့မျက်နှာဖျော့ဖျော့လေးကိုကြည့်ရင်း ဟိုတွေး..ဒီတွေး..
မနေ့ညက ခြူးလုံပို့တဲ့ပုံကိုကြည့်ပီးထဲကပစ်ပေါက်ခဲ့တဲ့ဖုန်းကိုပြန်မကောက်တော့ပဲ Barတစ်ခုမှာမူးအောင်သွားသောက်နေခဲ့မိတာရှောင်းကျန့်ရဲ့အကြီးမားဆုံးအမှား။
ရှောင်းကျန့် ဝမ်ရိပေါ် ကိုအကြွင်းမဲ့မယုံကြည်ခဲ့ဘူး။
အပြစ်မရှိတဲ့ကလေးလေးကိုအကြွင်းမဲ့မယုံကြည်ပေးခဲ့ဘူး။
ဘာမဟုတ်တဲ့မိန်းမတစ်ယောက်ရဲ့သွေးထိုးစကားနဲ့သူချစ်တဲ့ကလေးလေးကိုမယုံကြည်ခဲ့ဘူး။
YOU ARE READING
Infinity
Fanfiction* ကိုယ်မင်းကိုချစ်တယ်။ ဒါဟာမင်းနာကျင်ဖို့အစပျိုးခဲ့မိသလိုဖြစ်သွားတယ်။ ကိုယ်မရည်ရွယ်ပါဘူးကလေးရယ်။ *