Unicode & Zawgyi
Unicode
ငါ့ဘဝမှာမင်းရှိရင်ပြည့်စုံတယ်ဂျောင်ကု။ဒါကြောင့်ငါ့အတွက်ဆိုတဲ့ခေါင်းစဉ်အောက်ကနေငါ့ကိုလျစ်လျှူရှုနေတာတွေရပ်ပါတော့။
***House of card***
ဝါဖျော့ဖျော့အခန်းကြီးအလယ်ရှိနှစ်ယောက်အိပ်ကုတင်ကြီးထက်တွင်အသက်မဲ့စွာလှဲလျောင်းနေပါသောလူတစ်ယောက်။သူ့လက်ထဲကဓာတ်ပုံလေးထဲမှာတော့တစ်ကမ္ဘာလုံးကိုအပိုင်ရထားသလိုပြုံးပျော်နေတဲ့အဖြူရောင်သတို့သားတစ်ယောက်။ကုတင်ပေါ်ကကောင်လေးနဲ့ဓာတ်ပုံထဲကကောင်လေးသည်တစ်ယောက်တည်းဖြစ်သည်ဟုပြောလျှင်မည်သူမှယုံကြလိမ့်မည်မဟုတ်။
"ဒီနေ့လည်းနောက်ကျနေတာပဲ......"
ညတိုင်းပြောနေကျစကားလေးပြောပြီးငိုနေမိပြန်သည်။မျက်ရည်လား.....ဟင့်အင်းမကျပါဘူး။ငိုရပါများလွန်းလို့ခမ်းခြောက်သွားတယ်ထင်ပါရဲ့။မျက်ရည်မကျဘဲငိုတာကိုငိုတယ်လို့ခေါ်နိုင်ပါသလားလို့မေးခဲ့မယ်ဆိုရင်အဖြေကတော့ဟုတ်ကဲ့တစ်လုံးသာ။ပိုပင်ပန်းပါသည်....မျက်ရည်မကျဘဲငိုရခြင်းအမှုသည်။
"ဒီနေ့ကစပြီးမင်းမျက်ရည်ကျစရာအကြောင်းမရှိတော့အောင်ငါစောင့်ရှောက်ပေးမယ်"ဟုလက်ထပ်ပွဲတွင်ကတိသစ္စာပြုခဲ့သောသူသည်အခုချိန်တွင်တော့ကျွန်တော့်မျက်ရည်များကိုမြင်နိုင်လိမ့်မည်မဟုတ်။ဘာတွေများမှားခဲ့မိလို့သူ့ရဲ့လျစ်လျူရှုခြင်းကိုခံနေသလဲဆိုတာအခုချိန်ထိအဖြေမရှာနိုင်သေးပါ။
"ငါဘာတွေများမှားခဲ့လို့လည်းဂျောင်ကုရယ်....."
ဆော့ဂျင်တစ်ယောက်ကိုယ့်ကိုကိုယ်အားမရစွာမေးလိုက်မိသည်။ကျွန်တော်သည်သူပေးလာသောလျစ်လျူရှုမှုတွေကိုခံစားနိုင်ဖို့လုံလောက်သောအားအင်မရှိသည်အထိပျော့ညံ့ပါသည်။သို့သော်ထိုပျော့ညံ့မှုကိုပင်သူသည်တစ်ချိန်ကမြတ်နိုးခဲ့ဖူးပါ၏။
ကျိန်းစက်လာတဲ့မျက်လုံးကိုအနားပေးသည့်အနေဖြင့်ခဏအိပ်ပျော်သွားမိသည်။အအိပ်စက်သောကျွန်တော်သည်ခြံထဲကကားသံကြောင့်လန့်နိုးလာခဲ့မိသည်။နာရီကိုကြည့်လိုက်မိတော့မနက်သုံးနာရီ။
YOU ARE READING
The invisible string between us(Kookjin short stories)