#Unicode
ဤ Fictionမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေနဲ့ နေရာ၊ဒေသတွေက စိတ်ကူးယဥ်သက်သက်သာ ဖြစ်ပါသည်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ထားခြင်းမဟုတ်ပါ။
တစ်စုံတစ်ရာ တူညီခဲ့ပါက တိုက်ဆိုင်မှုသာဖြစ်သည်။ 🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စျာန်နှိုင်းနောင်'ငါသူ့ကို ဘယ်လောက်ချစ်လဲ၊ဘယ်ချိန်ထိချစ်မှာလဲလို့ မေးခဲ့ရင်
ငါအဖြေက ရှင်းရှင်းလေးပဲ မနက်ဖြန်ထိပဲချစ်မယ်...
ဘာလို့ဆို ထာဝရဆိုတာမယုံကြည်တဲ့ငါအတွက်တော့
မနက်ဖြန်တွေရှိနေသ၍ ငါကသူ့ကိုချစ်နေဦးမှာပဲ.......'စွဲညို့မာန်
'ကျွန်တော် အစ်မကလွဲပြီး ချစ်တယ်ဆိုတဲ့စကားကို မပြောဘူးတာအမှန်ပါ။
တစ်စိမ်းတစ်ယောက်ကို ချစ်တယ်ပြောတာကလည်း ခင်ဗျားက ပထမဆုံးပဲ။
ခင်ဗျား ကျွန်တော်ကို စိတ်တိုရင်တိုတယ် သဝန်တိုရင်တိုတယ် ရှင်းရှင်းလင်းလင်းပြောပါဗျာ ။ ကျွန်တော်ဒီလို ကိစ္စတွေ အတွေ့အကြုံမရှိခဲ့လို့ တောင်းပန်ပါတယ်။ မာန် ဦးနောင်ကို ချစ်တယ်
မာန်ကို ဘယ်တော့မှ မထွက်သွားခိုင်းပါနဲ့နော်'နေသော်တာရှိန်
'မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ကိုယ်ကချစ်လို့ နောက်ကလိုက်ရင်အဝေးကိုပြေးတက်ကြတယ်
အဲတော့ စျာန်နှိုင်း မင်းက နောက်ကအမြဲမလိုက်နဲ့ တစ်ခါလောက် အဝေးကို ပြေးကြည့်လိုက် အချစ်ကမင်းနောက်လိုက်လာလိမ့်မယ်......'မင်းထက်သာ
'ကမ္ဘာမှာရှိတဲ့ ကိစ္စတိုင်းက ငါအတွက်အမြဲတမ်း လွယ်ကူခဲ့တာ မင်းလိုငတုံးကို ပိုင်ဆိုင်ရဖို့ အရမ်းခက်ခဲနေရတယ်ကွာ...... '
ရသော်ပျို
'မိဘတွေမရှိတော့တဲ့အချိန်ကတည်းက မမသော် မာန့်ကို စောင့်ရှောက်လာခဲ့တာ မာန်က မမသော်အတွက်က တစ်ဦးတည်းသော
ဆွေမျိုးပဲ မာန်ရွေးချယ်တဲ့သူ မာန်ချစ်တဲ့သူက မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ မမသော်က လက်ခံပြီးသား ဒါပေမယ့် မာန်သိထားဖို့က ကိုယ်ရဲ့နှလုံးသားကို မလိမ်ညာနဲ့....'
YOU ARE READING
"Never Let Me Go"
Teen Fictionအားလုံးပဲမင်္ဂလာပါဗျ ဒီFictionလေးက ကျွန်တော်ရဲ့ပထမဆုံး Fiction လေးဖြစ်တဲ့အတွက် ဝေဖန်ပေးကြပါဦးနော် လိုအပ်တာလေးတွေလဲ ပြောပေးကြပါနော် ဒီFictionလေးက Romance ၊Drama လေးတွေပါတယ်ဗျ ဆဲတာလေးတွေတော့အနည်းငယ်ပါမယ်နော် ကြိုပြီးတော့တောင်းပန်ပါရစေဗျ ဖတ်ပေးကြပါနေ...