<Unicode>
"LOVE(💙)-SEX(🖤) =( ?? )"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁-----------PART(1)-------------
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤(1-🍁 မင်္ဂလာဦးညမှတ်တမ်း🔞+)
"ဒုန်း.....ဝုန်း.......!!"
ကျယ်လောင်လှသော တံခါးဖွင့်သံကြီးနှင့်
အတူ အခန်းထဲသို့ လဲပြိုကျလာသော
လူတစ်ယောက်ကြောင့် "လွန်း"အိပ်ပျော်
နေရာမှ နိုးသွားရသလို ဆတ်ခနဲ့ ထထိုင်မိသွားသည်.....သူ....သူပြန်ရောက်လာပြီပဲ...ဟု စိတ်ထဲမှာ
တွေးရင်း ရင်ထဲမှာ ထိတ်ခနဲ့....ခဏအကြာတွင် လဲကျနေရာမှ ထိုသူက ယိုင်ထိုးထလာရင်း "လွန်း"အိပ်နေသော ကုတင်နားကို တရွေ့ရွေ့ တိုးကပ်လာလေပြီ.....
အခန်းမီးများကို မှိတ်ထားသော်လည်း မှန်တံခါးမှတစ်ဆင့် ဝင်လာသော လရောင်ကြောင့် ကုတင်နားတစ်ဝှိုက်တွင်
ပြာလဲ့လဲ့ လင်းဖြာနေသည်.....ထို့ကြောင့်
ထိုသူအနားရောက်လာလေလေ ပို၍
ထင်ရှားစွာ မြင်လာရလေလေ "လွန်း"
ပို၍ ထိတ်လန့်တုန်လှုပ်မိလေလေဖြစ်နေပြီ..ကုတင်စွန်းနားမှာ ခြေထောက်လေးချကာ
ထိုင်နေရင်း တရွေ့ရွေ့နှင့် ဒယိုင်းဒယိုင် တိုးကပ်လာသော ထိုသူ့ကို တုန်ရီစွာ "လွန်း"ငေးကြည့်နေမိသည်....ခြောက်ပေ နှစ်လက်မနီးပါးရှိသော အရပ်ကြီးနှင့် လိုက်ဖက်စွာ ကြီးမားလှသည့်
ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ထိုသူသည်
မိန်းမသားတိုင်း နှစ်ခါပြန်ငေးရလောက်အောင် ဆွဲဆောင်မှုအားကောင်းသည့်
မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည့်သူမျိုး
ဖြစ်သည်...ထူထဲကာ မြင့်တန်းနေသည့် မျက်ခုံးရိုးများ
နှင့် လိုက်ဖက်ညီစွာ ရှည်လျားသည့် မျက်ဝန်းစဉ်းစဉ်းများကို ပိုင်ဆိုင်ထားကာ
နှာတံမြင့်မြင့် မေးရိုးကျကျနှင့် ခပ်ပါးပါး
နှုတ်ခမ်းများကို အမြဲတင်းနေအောင်
စေ့ထားတတ်သူမို့ ရုပ်လက္ခဏာကြည့်ရုံမျှ
ဖြင့် တိကျပြတ်သား ရက်စက်တတ်သူမှန်း
သိသာလွန်းလှသည်....အထူးခြားဆုံးက ပြုံးလိုက်လျှင် လေးညိုှ့
သဏ္ဍာန် ကွေးညွှတ်သွားတတ်သော
နှုတ်ခမ်းများ.....ထိုအပြုံးသည် အလွန်လှ
သလောက် "လွန်း"အတွက် အလွန်ကြောက်စရာ ကောင်းနေတတ်သည်
YOU ARE READING
"LOVE(💙)-SEX(🖤)=( ?? )"
Romance"ရုပ်ချင်းခွဲမအောင် တူလွန်းတဲ့ အမွှာမောင်နှမ "လွန်းနဲ့ရွှန်း.." တတ်ကြွဖျတ်လတ်ပြီး အမြဲသန်မာတဲ့ အမျဖစ္သူ "ရွှန်း"နဲ့ ကျန်းမာရေးချူချာကာ အားနည်းလှတဲ့ "လွန်း".... လက်ထပ်ဖို့အတွက် သဘောမတူပေမဲ့ အမွေနဲ့ စည်းစိမ်ကို လိုချင်ခဲ့တဲ့ "ရွန်း"က "လွန်း"ကို သူမပါဟ...