"Junkyu Junkyu ထတော့ (၈) နာရီထိုးနေပြီ"
"အင်း........."
Junkyu အပျင်းကြောဆန့်ရင်းမျက်လုံးတစ်ဖက်
ဖွင့်ကြည့်လိုက်တော့ သူ့အခန်းဖော် Hyunsuk...
"Sukkie ya!မင်းနိုးတာကြာပြီလား"
"သိပ်တော့မကြာသေးဘူး ခုထပြီးမျက်နှာသစ်တော့ပြီးရင်အောက်ဆင်းပြီးမနက်စာတူတူစားကြမယ်"
"အင်းအင်း"
Junkyu တစ်ယောက်မျက်နှာမြန်မြန်သစ်လိုက်ပြီး
Hyunsuk နဲ့တူတူ မနက်စာစားရန်ဆင်းလာခဲ့သည်။
[အဆောင်ကမနက်စာနဲ့ညနေစာကျွေးပါတယ်နော်]<<< Time Skip >>>
မနက်စာစားပြီးနောက် ကျောင်းသွားရန်
ပြင်ဆင်လိုက်ကြသည်။
"Sukkie မင်းချင်းဂူးရော"
"Floorမှာစောင့်နေမယ်တဲ့ မင်းရော ဘယ်သူနဲ့သွားမှာလဲ"
"ငါကအဆောင်မှာ ချင်းဂူးမရှိဘူး
ကျောင်းမှာစောင့်နေကြမှာ"
"ဒါဆိုငါတို့နဲ့တူတူလိုက်ခဲ့လေ"
"အိုကေ"
Junkyu လည်း Sukkie လက်ကိုချိတ်လာပြီး
အဆောင်အောက်ဆင်းလာတော့ Floor မှာစောင့်နေတဲ့ Sukkie သူငယ်ချင်းက လက်လှမ်းပြသည်။
"စောင့်နေရတာကြာပြီလား"
"မကြာသေးပါဘူး ဒါနဲ့သူဂူ??"
"အာ ဒါငါ့ Roommate Kim Junkyu တဲ့ Match က"
"အော် hehee ငါက Yoon Jaehyuk ပါ sukkie နဲ့ ငယ်သူငယ်ချင်း ခုလည်း Major တူတူပဲ"
Junkyu : Omo မိုက်လိုက်တာ ငါ့ငယ်သူငယ်ချင်းတွေကတော့အကုန် Uni တွေကွဲကုန်ကြပြီ
Jaehyuk : ဘာဖြစ်လဲ ခုသူငယ်ချင်းတစ်ယောက်
တိုးလာတယ်သဘောထားလိုက်ပေါ့ ငါလည်း
သူငယ်ချင်းအရမ်းမက်တာ
Junkyu : အတော်ပဲပေါ့ ဂိုမားဝေါ
Hyunsuk : Junkyu ရော ကြည့်လုပ် Chow က အရမ်းစကားများတာ
Junkyu : Chow ??
Jaehyuk : ငါ့ Nickname မင်းလည်း
ရင်းနှီးသွားပြီဆိုတော့အဲ့လိုပဲခေါ်တော့
Junkyu : ဟဟ အိုကေ Chow လေး
Hyunsuk : ကဲလမ်းကျမှဆက်ပြောကြမယ်
ဒီနေ့အတန်းစတက်ရမယ့်နေ့ဆိုတော့
နောက်ကျနေလို့မဖြစ်ဘူး...သူငယ်ချင်း(၃)ယောက်လမ်းလျှောက်ရင်း
စကားဆက်မိကြတော့...
Jaehyuk : Sukkie မင်းမနေ့က ကျောင်းမလာလို့သိလား ငါတို့ major မှာတော်တော်ချောတဲ
တစ်ယောက်ရှိတယ်
Hyunsuk : ဟုတ်လား ဘယ်သူတုန်း
Jaehyuk : Haruto တဲ့ ကျောင်းကမနေ့ကမှ
စတက်တာ ကို တစ်မေဂျာလုံးနီးပါး
သူ့ဝိုင်းကြိုက်နေကြပြီဟေ့...
Hyunsuk : ဒီပုံစံတိုင်းဆို major king ဖြစ်မှာပေါ့
Junkyu : Haruto ဟုတ်လား
Jaehyuk : အင်း ဘာလဲသိလို့လား
Junkyu : အမ် မဟုတ်ပါဘူး
Junkyu လည်းမနေ့က Basketball ဝတ်စုံနဲ့
တွေ့လိုက်တဲ့ Ruto ဆိုတဲ့ကောင်လေးဟုတ်လားမဟုတ်လားဇဝေဇဝါတွေးလာရင်း.....
____________________________________
<< At Uni >>
"Kyu Kyu ဒီကိုလာ"
Junkyu အတန်းထဲရောက်တော့ Jihoon တို့အုပ်စုက
သူ့အတွက်နေရာဦးထားပြီးသား...
Junkyu ဝင်ထိုင်လိုက်တော့ ကြားလိုက်ရတာက
Haruto ဆိုတဲ့နာမည်...
Junkyu : Yrr ဒီမှာလည်း Haruto ဆိုတဲ့တစ်ယောက်
အကြောင်းပဲလား
Jihoon : ဘာလဲသူကICကလေမင်းနဲ့သိလို့လား
Junkyu : မဟုတ်ပါဘူးကွာ လူတိုင်းဆီက သူ့အကြောင်းပဲကြားနေရလို့
Jihoon :
တစ်ကျောင်းလုံးလည်းသူ့အကြောင်းပဲ
ပြောနေကြတာ Fresher ထဲသူက နာမည်ကြီးပဲ
စီနီယာတွေကအစ ချောတယ်ပြောနေတာ
Yedam : တကယ်လည်းကြည့်ကောင်းပါတယ်
ဒါပေမယ့်ငါ့Typeမဟုတ်ဘူး
Doyoung : Arigoo ဒီပုံတိုင်းဆို The Whole King ဖြစ်လောက်တယ်
စကားကောင်းနေတုန်း ဆရာမဝင်လာတာကြောင့်
အကုန်လုံးမတ်တပ်ရပ်ပြီးနှုတ်ဆက်လိုက်ကြသည်။
"ကလေးတို့ ဒီနေ့ မင်းတို့ကို စီနီယာတွေ
လာကြည့်ကြလိမ့်မယ်"
All : Wowwwww
"King Queen အတွက်လာရွေးမှာဆိုတော့
အချောလေးတွေထွက်လာတော့မှာပေါ့"
Junkyu : King selection ပါရင်တော့
နာမည်ကြီးပီပေါ့
Jihoon : ဟုတ်ပဟုတ်ပ
ငါတို့ပါလောက်ပါတယ်ဟဲဟဲ
ဆရာမကစကားပြောပြီးထွက်သွားတော့ Junkyu လည်း အခန်းပြင်ပြေးထွက်လာပြီး အချိန်ရတုန်းလေးချစ်ချစ်ဆီဖုန်းခေါ်လိုက်သည်။
📲📲
"ကို...ကျောင်းရောက်ပြီနော်"
"အင်းဟုတ်ပြီ"
"ကိုသိလား ဒီနေ့လေကျောင်းမှာ King selection တွေလာရွေးမှာ"
"ကြိုပြောထားမယ်နော် Kim Junkyu!!!အဲ့ဒါမျိုးတွေလုံးဝပါလို့မရဘူး"
"ဟင် Wae ??"
"မပါရပါဘူး တော်ကြာသူများတွေ
လာကြိုက်ကြရင်ဘယ်လိုလုပ်မလဲ"
"အာ ကိုကလည်း လာလည်းမရွေးရသေးပါဘူး
ဒီတိုင်းပြောပြတာပါ"
"ရွေးလည်းမပါရဘူး ပြောပြီးသား"
"ကိုကလည်း...."
"ဘာလဲ သဝန်မတိုရဘူးလား အနေဝေးတော့စကားနားမထောင်တော့ဘူးလား"
"အင်းပါ အင်းပါ သဝန်တိုတာကိုသိပါတယ်
စကားလည်းနားထောင်ပါ့မယ်"
"ပြီးရော ခုဆရာမဝင်လာလို့ ဘိုင့်နော်"
"အင်း"
Junkyu တစ်ယောက်မျက်နှာညိုးပြီး
အခန်းထဲပြန်ဝင်လာတော့....
Jihoon : ရန်ဖြစ်ပြန်ပြီလား
Junkyu : မဟုတ်ပါဘူးကွာ ဒီတိုင်းပါပဲ
"Anneyong ယောဒေါဘွန်း"
မော့ကြည့်လိုက်တော့ Batch အသီးသီးက
စီနီယာ King Queen တွေ....
"ညီလေးတို့ညီမလေးတို့ကို အကိုတို့အမတို့က
King Queen အတွက်စာရင်းလာကောက်တာနော်"
All : Naeeee
ပထမစစချင်းမှာပဲ လက်ညိုးထိုးခံလိုက်ရတဲ့သူက
Junkyu...
"ညီလေး နာမည်ဘယ်လိုခေါ်လဲ"
Junkyu လည်းတအံ့တဩဖြစ်သွားရသည်။
ပျော်သွားတာတော့အမှန်ပဲဆိုပေမယ့်
တစ်ဖက်မာလည်း Yoshi စကားကိုကြားယောင်နေသည်။ဒါပေမယ့်လည်းရအောင်ပြောကြည့်မယ်ဆိုတဲ့အတွေးနဲ့နာမည်ကိုမတုံ့မဆိုင်းပြန်ဖြေလိုက်သည်။
"Kim Junkyu ပါ"
"အိုကေ ဘေးကရော..."
King Selection အတွက်နာမည်စာရင်းတွေ
ကောက်သွားကြတာ Junkyu တို့တစ်ဖွဲ့လုံးပါသွားသည်။
"Yrr ငါတို့ ၅ ယောက်လုံးပါတာပဲ မိုက်လိုက်တာ"
"ဟုတ်ပဟုတ်ပ"
အကုန်လုံးကပေါ့ပေါ့ပါးပါးပျော်နေကြပေမယ့်
Junkyu တစ်ယောက်ကတော့ ရင်ထဲကအလုံးကြီးမကျနိုင်သေးဘူးပေါ့...