Ep (24) The End (Unicode)

1K 88 6
                                    


📲📲(Ring)

ရုတ်တရက်မြည်လာတဲ့ဖုန်းသံကြောင့်
ကျွန်တော်လန့်နိုးလာတယ်​။

ဖုန်းနံပါတ်ကတစ်ခါမှမမြင်ဖူးတဲ့နံပါတ်။

"Hello"

"သဲငယ်"

ရုတ်တရက်ကြားလိုက်ရတဲ့ အသံခပ်ဩဩ!

ကျွန်တော်အိပ်မက်မက်နေတာမဟုတ်ဘူး
မလား ဒါတကယ် Ruto ရဲ့အသံပဲလေ။

"Ru..Ruto လား"

"အင်း"

အိပ်နေရာကနေကောက်ခနဲထထိုင်ပြီး
မျက်ရည်တွေကျလာမိတယ်။

ဘယ်လောက်တောင်လွမ်းနေခဲ့လဲသိရဲ့လား??

"ဘာလို့အခုမှဖုန်းဆက်ရတာလဲ
တကယ်ပဲဘာတွေလုပ်နေတာလဲ"

"တောင်းပန်ပါတယ်"

"တောင်းပန်တာလိုချင်တာမဟုတ်ဘူး
Ruto ဆီကခိုင်လုံတဲ့အကြောင်းပြချက်လိုချင်တာ"

"သဲငယ် ဆီကို ကိုးအခုလာနေတာ"

"ဟင် တကယ် တကယ်လား"

"အင်း မနက်စာစားချိန်ကျတွေ့ရအောင်နော်
လာခေါ်မယ်"

"တွေ့မယ်တွေ့မယ် အခုမြန်မြန်ထပြီး
ပြင်ဆင်လိုက်အုန်းမယ် ဟီးဟီး
ကိုးကရုတ်တရက်ကြီးကွာ ဘာလဲ
လာချော့တာပေါ့ အဲ့လိုရလားဟွန့်"

"ဒါဆို ရောက်ခါနီးကျထပ်ဆက်လိုက်မယ်နော်"

"ဟုတ် ဟီးဟီး"

အရမ်းပျော်တာပဲ!!နောက်ဆုံးတော့ Ruto က
ငါ့ဆီမရောက်ရောက်အောင်လာခဲ့တာပဲ...
___________________________________
တစ်ဖက်က ကလေးတစ်ယောက်လို
အပျော်လွန်နေတဲ့ သဲငယ်ရဲ့ရီသံက
ကျွန်တော့်အတွက်တော့ကမ္ဘာပျက်သလိုပါပဲ။

ဒီရီသံတွေကိုကျွန်တော့်တစ်ဘဝလုံးကြားချင်ခဲ့ပေမယ့်ဒီနေ့နောက်ဆုံးဆိုတာသိနေတဲ့
ကျွန်တော့်အတွက်တော့ ငရဲလိုပါပဲ။

သဲငယ်ကတော့ဘာမှမသိရှာဘူး
အရမ်းပျော်နေခဲ့တယ်လေ...

တစ်ဖက်က ကားမောင်းနေတဲ့
အမျိုးသမီးကိုလှမ်းကြည့်မိတယ်။
မျက်နှာကအရင်နေ့တွေကနဲ့မတူပဲ
တစ်မျိုးကြည်လင်နေတယ်။

Playful LOVEWhere stories live. Discover now