<<< ဒီနေ့ကဘွဲ့ယူမယ့်နေ့ >>>
ဘာလိုလိုနဲ့ငါတို့နှစ်ယောက်မတွေ့ဖြစ်တာ
၃နှစ်နဲ့ ၇လတောင်ရှိပြီ။ငါတစ်ရက်မှ
မင်းကိုမေ့မရခဲ့ဘူး...ငါ့အတွက်အခက်ခဲဆုံး
နေ့ရက်တွေကိုဖြတ်သန်းခဲ့ရတယ်။မင်းနဲ့ဝေးသွားတဲ့အချိန်တွေမှာ
ငါသိလိုက်ရတာက မင်းကငါ့အတွက်
အရမ်းအရေးပါတဲ့ လူတစ်ယောက်ဆိုတာ...မင်းရော အခုဘာတွေလုပ်နေလဲ??
ရေခြားမြေခြားမှာငါ့ကိုရောသတိရရဲ့လား??
အစားရောပုံမှန်စားရဲ့လား??
ညတွေရော ကောင်းကောင်း အိပ်ပျော်ရဲ့လား??ငါအခုချိန်မင်းအကြောင်းကိုတွေးနေမိတဲ့
မနက်ခင်းစောစောမှာမင်းကတော့
အိပ်မောကျနေမှာလား??ငါဒီနှစ်တွေထဲအရက်မူးတိုင်းမင်းကို
ဖုန်းဆက်ခဲ့တယ်။စက်ပိတ်ထားတဲ့
ဖုန်းတစ်လုံးကိုငါဘာတွေမျှော်လင့်ပြီး
အားကိုးတစ်ကြီးဆက်နေမိတာလဲ??
သူငယ်ချင်းတွေကငါ့ကိုတားကြတယ်။
အားပေးကြတယ်။ဒီလိုနဲ့ပဲနောက်ပိုင်းတော့
မင်းကိုလွမ်းရင် ငါမူးအောင်သောက်ပြီး
အိပ်တယ်။စက်ပိတ်ထားတဲ့ဖုန်းနံပါတ်
တစ်ခုကိုမခေါ်မိတော့အောင်ကြိုးစားရင်းပေါ့..မင်းထွက်သွားတဲ့နှစ်တွေမှာငါဆိုးပေခဲ့တယ်။
အရက်ဆိုတစ်ခွက်လောက်သောက်တာနဲ့
မူးတဲ့ငါက အရက်ဂျိုးဖြစ်သွားတဲ့အထိပဲ..."Sukkie ရဲ့ စကားတစ်ခွန်းကို
ငါမှတ်မိပါသေးတယ်။
မင်းစာကြိုးစား မင်းစာတော်မှ
ဘွဲ့ရရင် Ruto နောက်ကိုလိုက်သွားနိုင်မှာ"တဲ့တော်တော်ကောင်းတဲ့ moti
ငါအဲ့ကနေစပြီးစာကိုသေချာအာရုံစိုက်မိတော့တာပဲ...ငါတကယ်အရူးနဲ့တူတယ်မလား??အခုတော့..ငါ ဘွဲ့ယူရတော့မယ်။
ငါ့အိပ်မက်ကမင်းနဲ့တူတူဘွဲ့ယူရဖို့ပေါ့။
ဒါပေမယ့်ဒါကမဖြစ်နိုင်တော့ဘူးပေါ့လေ....
မင်းနောက်ကိုလိုက်လာအုန်းမယ်ဆိုတဲ့
အိပ်မက်ကတော့ဖြစ်နိုင်ပါသေးတယ်။ငါ့ကို email လေးတစ်စောင်တောင်
မပို့ခဲ့တဲ့ မင်းကတော့အဆင်ပြေနေမယ်ဆိုတာ
ငါသိပါတယ်..ငါမင်းကိုမေ့ပစ်လိုက်ချင်တယ်။