<< The Next Morning >>"Kyuu yaa!! ထတော့ထတော့
မနက်စာသွားစားရအောင်!
ပြီးရင်အခန်းသန့်ရှင်းရေးလုပ်ပြီး
ပစ္စည်းတွေသိမ်းရအုန်းမယ်။"၁၀မိနစ် ၁၀မိနစ်လောက်အိပ်အုန်းမယ်"
"မရဘူး ထတော့ ထကွာ လာ"
"ရား!! ပီးရောပီးရော မင်းပဲငါ့ကိုနိုင်တယ်"
______________"အဟွတ်ဟွတ်ဟွတ်"
"ဖြည်းဖြည်းစားပါဟ သီးကုန်ပြီ"
"Kyu ဒါကိုကြည့်အုန်း"
Phone Screen ကိုကျွန်တော်ကြည့်လိုက်
မိတယ်။ Haruto ကို Tag တွဲပြီးတင်ထားတဲ့
acc တစ်ခုက ဓာတ်ပုံတစ်ပုံ။အောက်က Cmt တွေကလည်း
"လိုက်တယ်နော်" "congratulation ဆိုတာတွေ
ချည်းပဲ...ဓာတ်ပုံထဲမှာ ဘေးကနေသူ့ကိုကြည့်ပြီး
ပြုံးနေတဲ့ကောင်မလေးတစ်ယောက်။
သူကတော့ကင်မရာကိုကြည့်ပြီး ရီနေတယ်။သာမာန်ဆိုကျွန်တော်ဒီပုံလေးကို "ချစ်စရာကောင်းလိုက်တာ"လို့ပြောမိမှာပါပဲ..
ဒါပေမယ့်ကျွန်တော်ချစ်ရတဲ့သူကိုအခြားသူနဲ့
တွဲမြင်ရတဲ့အခါမှာတော့ဘယ်လိုမှ
ဟန်ဆောင်ပြီးတောင်ပီတိဖြစ်မပေးနိုင်ပါဘူး။မျက်တောင်တစ်ချက်မှမခတ်ပဲစူးစ်ိုက်
ကြည့်နေမိပြီးပူလောင်နေရပါတယ်..."Kyu...ဒါကဘာသဘောလဲကွာနော်
Ruto က မင်းကို....""ဆက်မပြောနဲ့တော့ sukkie သူနဲ့ငါ
ဇာတ်လမ်းကတကယ်ပြီးသွားပြီ""ဒါပေမယ့်...."
"စားလို့လည်းပြီးပြီ!!
လုပ်စရာရှိတာလုပ်ရအောင်!""အင်းပါ မကြိုက်ရင်မပြောတော့ဘူးနော်"
__________________
အခန်းရှင်းတော့ ဗီဒိုထဲကထွက်လာတဲ့
လက်ဆောင်ပစ္စည်းတွေ..ဆင်တူအင်္ကျီ
ဆင်တူ sneaker ! အား ! အမှတ်တရတွေကိုစုပုံ
ပြီးရှင်းရတာလွယ်တော့မလွယ်ဘူးပေါ့!<< 📲📲 >>
"အင်း Jihoon ပြော"
"မင်း ဘယ်နေ့ပြန်မှာလဲ Kyu"