"မင်းလက်ကိုဖယ်လိုက်""မဖယ်နိုင်ဘူး ငါKyuနဲ့စကားအေးဆေး
ပြောချင်တယ်""မင်းနဲ့သူ့ကြားမှာဘာမှပြောစရာမရှိဘူး
ထင်တာပဲ Kim Junkyu shi ကရော
ပြောချင်ရဲ့လား""အာညီး မပြောချင်ပါဘူး"
"ဒါဆိုရပြီ လာသွားမယ်"
ပြောချင်ရာပြောပြီးပိုင်စိုးပိုင်နက်နဲ့
လက်ဆွဲခေါ်လာတဲ့ Haruto ရယ်ပါ။ဝိုင်းကိုပြန်ရောက်တော့ ကိုယ့်နေရာကိုယ်
ပြန်ထိုင်ကြတာပေါ့။ဒါပေမယ့်ကျွန်တော့်မျက်လုံးတွေက
Haruto ဆီကိုပဲရောက်နေခဲ့တယ်။
သူနဲ့တူတူပါလာတဲ့ကောင်မလေးက
ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေး
ကိုမေးတယ်ထင်ပါရဲ့။ကျွန်တော့်ကိုတစ်ချက်လှမ်းကြည့်တယ်။
ပြီးတော့သူပြောလိုက်တဲ့စကား"ဒီတိုင်းသူငယ်ချင်းပဲလေ
ဘာဖြစ်လို့လဲ" တဲ့သူငယ်ချင်း...?
ဟုတ်မှာပါ ငါတို့ကအခုတော့
သူငယ်ချင်းကောင်းတွေပဲဖြစ်မှာပါ။ကျွန်တော်ယုံကြည်ထားတဲ့အရာတွေ
မကုန်ကြေမွပျက်စီးသွားသလိုခံစားရတယ်။ကျွန်တော်သူ့ရှေ့မှာမငိုချင်တာကြောင့်
"သန့်စင်ခန်း"ခဏသွားလိုက်အုန်းမယ်
ပြောပြီး အပြင်ထွက်လာခဲ့တယ်။ကောင်းကင်ကိုမော့ကြည့်လိုက်တော့
ဒီညကကြယ်တွေစုံတဲ့ညပဲ။ပါးပြင်ပေါ်နွေးခနဲဖြစ်သွားတဲ့
ခံစားချက်တစ်ခု။ကျွန်တော်ငိုနေပြီဆိုတာပါပဲ။အသံမထွက်အောင်ပါးစပ်ပိတ်ပြီး
ကြိတ်ငိုမိတယ်။ကျွန်တော့်ရှေ့မှာလာရပ်တဲ့ခြေတစ်စုံ။
"Kyu ငိုနေတာလား"
ဒါက ကျွန်တော်ရင်းနှီးခဲ့တဲ့အသံပါပဲ
ဒါပေမယ့်ကျွန်တော်မျှော်လင့်နေတဲ့သူတော့
မဟုတ်ခဲ့ဘူး..."ဟင် မဟုတ်ပါဘူး"
"ငိုနေတာအသိသာကြီးကို ဘာဖြစ်လို့လဲ"
"ကိုယ့်ဟာကိုယ်ငိုငိုမငိုငို ဘာဆိုင်တာကျလို့
ဒီတိုင်း မမြင်ချင်ယောင်ဆောင်သွား
လိုက်ပါလား"