" ယောကျာ်းလေး သဘာဝ ဒီလောက်တော့
ရှိမှာပေါ့.. တခါတလေဘဲ မိန်းမရယ်..လာသွားအိပ်ကြမယ် "" သြော် အခုမှ ယောကျာ်းလေးသဘာဝဖြစ်
နေကြတယ်..သဘာဝဆို သဘာဝအတိုင်းနေ
ကြလေ..ငါတကယ်မပြောလိုက်ချင်ဘူး။ ဇွဲ
အဲ့ဒါ သားစတဲ့ဇာတ်လမ်းတွေနော် "ဒေါ်နီလာဆွေလဲ ပြောမရတဲ့အဆုံး သူ့
ယောကျာ်းခေါ်ရာကိုသာလိုက်သွားတော့
သည်။ ဇွဲလဲ ဒီအမေနဲ့ ကောင်းထက်ကြား
တော်တော်တိုင်ပတ်ပါတော့တယ်။
......မနက်ကောင်းထက်နိုးတော့ သူ့အိမ်ရောက်နေ
တာမဟုတ်ဘူး လိုတာထက်ပိုရှင်းလင်းနေတာ
ကြောင့်သတိထားမိသည်။ ကောင်းထက်
အခန်းကတော့ အမြဲလိုလို မုန့်အခွံတွေ
တိုလီမုစအတိုအထွာတွေ မလျှော်ရသေးတဲ့
အဝတ်တွေ ဟိုတစ ဒီတစ ပြန့်ကျဲနေတာတွေ
ကမှသူ့အခန်းအငွေ့အသက်အမှန်ပင်။" နိုးပြီလား မှန်ကြောင် "
ကောင်းထက်လည်း မျက်လုံးကမျက်ချေးကို
ဖယ်ရင်း ခေါင်းညှိမ့်ပြလိုက်သည်။" ရွံစရာကြီး မှန်ကြောင်ရာ... သွားရေမိုးချိုး။
ကိုယ် မနက်စာယူလာခဲ့မယ်။ ""ဟာ အောက်မှာဆင်းစားမယ်.. အန်ကယ်
နဲ့လည်း မတွေ့ရတာကြာပြီ။ မနက်စာတူတူ
စားမယ်လို့သွားပြောထား "ကောင်းထက်အပြောကြောင့် ဇွဲလက်ထဲက
ပျားသံပုရာကိုကုတင်ဘေးက ခုံပေါ်တင်လိုက်
သည်။ အဲ့နောက်ကောင်းထက်ဘေးနားဝင်လှဲ
ပြီး ကောင်းထက်ကိုသိုင်းပြီး သူ့ရင်ဘတ်နား
ကိုမှီခိုင်းလိုက်သည်။" ဘာတွေဆေးစားမှားလာပြန်တာလဲ။ "
" ခဏလေးပါ..ကိုယ်တို့ ခုတလော တူတူနေ
တဲ့အချိန်လေး အရမ်းရှားနေလို့ ဒီတိုင်းလေး
နေချင်သေးတယ် "" အပိုတွေ.. ကုမ္ပဏီမှာကျလူကို မသိသလို
နေနေပြီး ဟိုဇလပ်ဝါလား ခေါက်ရမ်းပန်း
လားမသိတဲ့တယောက်က ကိုဇွဲ ကိုဇွဲမှာ
သာယာနေပြီးတော့.....အဲ့ကိစ္စကျေနပ်တာ
မဟုတ်ဘူးနော် "" သူကျတော့ အလုပ်သင်ကောင်နဲ့ ချစ်ကြည်နူးနေပြီးတော့ ဒီကသဝန်တိုတာ
ထည့်ပြောဦးလေ ။ ကုမ္ပဏီမှာမသိသလိုနေ
ခိုင်းတာ ဘယ်သူလဲပြောလေ။ အထက်လူကြီး
နဲ့သိလို့မျက်နှာသာပေးခံရတာမလိုချင်ဘူးလို့
ပြောတာဘယ်သူလဲဗျ "
YOU ARE READING
Opposite Season 2 ( Our Chemistry )