ကောင်းထက် တယောက် သူ့ရေခဲမုန့်ကို
နှုတ်ခမ်းပေါ်တင်ပြီး" အရသာသိချင်ရင်မြည်းကြည့်ပေါ့ "
ဆိုပြီးဇွဲကိုရွဲ့လိုက်သည်။ အစကတော့ ဇွဲ
ကြောင်သွားပုံရသည်။ နောက်မှ အသိ၀င်ပြီး
ကောင်းထက် နှုတ်ခမ်းကို နမ်းဖို့ ကြိုးစား
ရာ ထိခါနီးဆဲဆဲတွင် ကောင်းထက်မှ"တော်ပါပြီ။ ကိုယ့်ရေခဲ့မုန့် ကိုယ့်ဘာသာကို
စားတာဘဲ ကောင်းပါတယ် "ပြောကာ မျက်နှာကို တဖက်လွဲလိုက်သည်။
ဒါပေမဲ့ဇွဲက ကောင်းထက် ပခုံးကို သူ့ဘက်
လှည့်လိုက်ပြီး မျက်လုံးချင်းစိုက်ကြည့်နေ
သည်။ ပြီးမှ ဇွဲရဲ့ ကိုယ်ဟာ ကောင်းထက်နဲ့
နီးလာသလို ဇွဲရဲ့နှုတ်ခမးနဲ့ ကောင်းထက်နှုတ်ခမ်းတို့ထိလုဆဲဆဲတွင်" တီ တီ တီ တီ "
ကောင်းထက် ဖုန်းရုတ်တရက်မြည်လာခဲ့သည်။ အဲ့အခါကျဇွဲလဲ မသိမသာရှက်ပြီး
ကိုင်လိုက်လေ လို့ပြောတော့သည်။
နံပါတ်ကိုမြင်တော့ ဟိုအဘွားကြီး မှန်းသိ
တော့ မကိုင်ချင်ပေမဲ့ ဇွဲ အနေရပ်ုခက်မှာစိုး
လို့ ကိုင်လိုက်သည်။" ဟလို အမိန့်ရှိပါ "
"ကောင်းထက် အခု မင်းနဲ့ငါ့သား တူတူရှိနေ
လား"" ဟုတ်ရှိနေပါတယ် အန်တီ "
" အဲ့ဆို အခုချက်ချင်းပြန်လာဖို့ပြောလိုက်ပါ"
"ဟုတ် ပြောလိုက်ပါ့မယ် "
" ငါ့သားကိုဆွဲထားဖို့မကြံနဲ့နော်။ ငါ့သားက
အဖြူထည်လေး ။ပြီးတော့ နှစ်ယောက်တည်းဆိုပြီး ဖြစ်ချင်တိုင်းဖြစ်မနေကြနဲ့။ "ကောင်းထက်စိတ်ထဲ ထောင်းခနဲ ဒေါသထွက်
သွားသည်။ ကောင်းထက်နဲ့ ဇွဲ တွဲတဲ့ ကာလ
တလျှောက် စည်းထားကြသလို အများ
အမြင်လွန်လွန်ကျူးကျူလဲပလူးနေတာလဲ
မရှိ။ သူ့အမေရဲ့ တခါတခါ တဖက်စောင်းနင်း
ပြောတာတွေကို ကောင်းထက်အရင်စိတ်နဲ့
ဆို ကတ်ကတ်လန်ပြန်ပြောမိမှာ အသေအချာ။ ဒါပေမဲ့ စိတ်ကိုလျော့လိုက်ပါ
တယ်။ ကောင်းထက် ပေါက်ကွဲလိုက်လို့
ဘယ်သူအတွက်မှ အကျိုးရှိမလာနိုင်တာ
ကောင်းထက်သိနေခဲ့လိုပင်။
ŞİMDİ OKUDUĞUN
Opposite Season 2 ( Our Chemistry )