Episode 11

353 15 1
                                    

ဒီနေ့ဆို ကိုဇွဲဆေးရုံတတ်တာ သုံးရက်မြောက်နေ့။ကျတော့်ကို ညဘက်ပြန်အိပ်ဖို့ ပြောပေမဲ့ ကျတော် ကိုကောင်းထက်ရဲ့ ယုံကြည်မှုရဖို့အတွက်ဒီလောက်တော့ အပင်ပန်းခံရပေဦးမည်။ ကျတော် ကိုဇွဲကို စိတ်ပါလက်ပါ စောင့်ရှောက်တာ သူမြင်နေတော့ ကျတော့်ကို စိတ်ချလာတဲ့ပုံရသည်။

နောက်နေ့ကျတော့ သူ နာစ့်နဲ့ ကျတော်နဲ့ နှစ်ယောက်တည်းထားပြီး သူနားတဲ့ Hotel ကိုပြန်သွားတော့သည်။ ကျတော့်ကိုတောင် ဘာ၀ယ်ခဲ့ရမလဲမေးတော့ မန်းလေးရောက်တုန်းရောက်ခိုက် ခိုတောင်မုန့်တီလေး၀ယ်ခဲ့ပါလို့ မှာလိုက်သေးသည်။ ညနေလောက်ရောက်တော့ လက်ထဲမှာ အထုတ်ကြီးအထုတ်ငယ်နဲ့ ‌ကိုကောင်းထက်မနိုင်မနင်းရောက်ချလာသည်။ ICU ထဲကနေ
မထွက်ရသေးတဲ့ ဇွဲကို စောင့်ဖို့အတွက်အခန်း
ယူထားတဲ့ လူနာစောင့်တယောက်အတွက် လုံ
လောက်အောင်၀ယ်ပေးထားတဲ့ ကောင်းထက်
ပင်။

" မင်း ညစောင့်ပေးလို့ရမလား။ ငါတရက်လောက် အိပ်ရေး၀၀ အိပ်ချင်လို့။ နို့မို့ဆိုရင်
ငါ ဖလက်ပြသွားလိမ့်မယ် "

" အပေးအယူတခုတော့လုပ်ရလိမ့်မယ်အကို။ "

" ဘာများလဲ ပြောကြည့်လေ "

" ကျတော် ကိုဇွဲနဲ့ စကားပြောချင်ဝာယ် ။
သူ့ကိုတောင်းပန်ချင်လို့ပါ။ စကားပြောနိုင်တဲ့
အချိန်မျက်နှာချင်းဆိုင်ပြီး မပြောရဲသမျှကို
အခုလိုအချိန်မှာ တောင်းပန်ချင်လို့ပါ။ "

ကျတော်အလေးနက်တောင်းဆိုတော့ ကိုကောင်းထက်ခွင့်ပြုလိုက်သည်။ ၀တ်စုံပြည့်၀တ်ပြီး လူနာကိုသွားကြည့်တဲ့တလျောက် ကျတော်စိတ်တွေလေးလံနေသည်။ ကျတော် တကယ်ရောတောင်းပန်ချင်ရဲ့လား။ ကောင်းထက်ကိုရဖို့ သူ့ကို လုပ်ကြံ‌ချင်နေတာလား။

" ကိုဇွဲ ကျတ်ော ခဗျားကို မုန်းတယ်။ ကျတော်မြတ်နိုးတဲ့အရာတခုကို ခဗျာပိုင်ဆိုင်နေရလို့ခဗျားကိုကျတော်မုန်းတယ်။ ကျတော်ဘယ်တော့မှမရနိုင်တဲ့ အရာတခုကို ခဗျာအလွယ်တကူရနေနိုင်တာကိုလဲ ကျတော်မုန်းတယ်။ကျတ်ောက စချစ်ပြီး အရင်တွေ့ခဲ့ပေမဲ့ ခဗျားက အဆုံးသတ်ပိုင်ဆိုင်နေတာ တရားရဲ့လားဗျာ။ ခဗျား ဘယ်တော့မှ မနိုးထလာပါနဲ့တော့။ ကိုမာ၀င်ပြီးသေတဲ့အထိဒီလိုကြီးဘဲနေလိုက်ပါတော့လား။ ခ‌ဗျားမရှိ
တော့ရင် သူကျတော့်ကိုပြန်ချစ်လာမှာဗျ။ အဲ့တော့ခဗျား ပြန်ရှင်ခဲ့ရင်‌လဲ လူကောင်းတယောက်မဖြစ်လာနိုင်တဲ့အတူတော့ ခဗျား ဘယ်တော့မှပြန်နိုးမထလာပါစေနဲ့လို့ ကျတော်ဆုတောင်းပါတယ်။ အကယ်၍ ခဗျားအနားမှာရှိနေတယ်ဆိုရင် ဘယ်တော့မှ နိုးထမလာပါနဲ့တော့ဗျာ "

Opposite Season 2 ( Our Chemistry )Where stories live. Discover now