Music box မှာ လူမှန်းသူမှန်းမသိအောင်မူး
နေတဲ့လူကတော့ ကောင်းထက်ပင်။
မိုက်ကိုလက်ကပင်မချ။ တီးလုံးတွေပါလိုက်
ဆိုပြီး ကလည်းကနေသေးသည်။ myanmar
beer ကဒ်လိုက်ဖောက်တော့မည့်အလားပင်။
သူ့ပုံစံက သီချင်းဆိုလိုက် သေးထပေါက်လိုက်
ကလိုက် အမြည်းစားလိုက် တယောက်တည်း
တကယ်ကိုမအားတာ။ရောင်နီနဲ့ ဇော်မိုးအောင်ကတော့ ပါးစပ်အဟောင်းသားဖြင့်သာကြည့်နေသည်။
ဝေယံမျိုးကတော့ အာကာဇော်အနားမှာ
ယစ်သီယစ်သီပုံစံဖြင့်သာ နေနေသည်။" ညီလေးသောက်ဦးလေ..ချ.. အကိုအိမ်ပြန်
ပို့ပေးမယ်.. စိတ်ချ "သူစိတ်ချပြောနေလို့ကို မူးအောင်မသောက်ရဲ
တာ။ ကောင်းထက်ကတော့ ရေသောက်နေသ
လားထင်ရအောင် တဂွက်ဂွက်နဲ့ချပါလေရော
သူကတော့ အကြောက်အလန့်ကိုမရှိ။" ရပါတယ်ဗျ.. ကျတော်အမူးမသောက်နိုင်
လို့ပါ "အာကာဇော်ယဥ်ယဥ်ကျေးကျေးငြင်းလိုက်
တာကြောင့် ဝေယံမျိုးတယောက်အသာတ
ကြည် လက်ခံလိုက်သည်။မလက်ခံလို့လည်း
မရ။ အာကာဇော်က အားနာတတ်ပေမဲ့
သူ့ကိုတော့ အားနာတဲ့ပုံစံမပြတဲ့အပြင်
ဆက်ဆံတာ နည်းနည်းအေးစက်စက်နိုင်လွန်း
သည်။" ရည်းစားလေးထားရတာ..အ..ဟာ ကိုဦး
ဒီမှာ အခုမှ ဆိုလို့ကောင်းနေတာကို ဘာလို့
ရပ်လိုက်တာလဲ "ဖြူဖြူကျော်သိန်း ရဲ့တတိယမြောက်ရည်းစား
စကားနိဒါန်းကို အပီအပြင်ဟစ်နေတုန်း
ရုတ်တရက် ကိုဦးရပ်လိုက်တာကြောင့်
Feel ငုတ်သွားပုံရသည်။ ကိုဦးက ကောင်းထက်ဖုန်းကို ထောင်ပြပြီး ဖုန်းလာနေ
ကြောင်းလှမ်းပြောသည်။ကောင်းထက်အနေနဲ့လည်း လူမှန်းသူမှန်း
ဘယ်လောက်ဘဲမသိအောင် သောက်သောက်
အိပ်တဲ့အချိန်ကလွဲရင် ဇွဲဖုန်းကိုရအောင်ကိုင်
သည်။ ကြောက်ချစ်နိုင် ဘဲကြီးရထားတော့
လည်းခက်သည်။ ကြောက်ကလည်းကြောက်
ရသေးသည်။ချစ်တာကလည်း နှစ်ယောက်မရှိ
နိုင်တာကလည်း အသေနိုင်သည်။အဲ့တာ
ကြောင့်လဲ ဇွဲမကြိုက်တဲ့အရာဆိုရင် အသိပေး
ပြီးမှ လုပ်သည်။ ခိုးလုပ်လို့မိသွားတာထက်
လုပ်မယ်ပြောပြီးလုပ်နေတာကမှ ပိုကောင်း
တယ်လို့ ဇွဲကလည်းထင်နေတာကြောင့်
နှစ်ဦး နှစ်ဖက် win win situation ပင်။
YOU ARE READING
Opposite Season 2 ( Our Chemistry )