Ending

633 30 15
                                    

ကျတော့်တကိုယ်လုံး လွင့်မြောသွားတဲ့နောက်မှာ
ကျတော် ကမ္ဘာကြီးနဲ့ အဆက်အသွယ်မဲ့သွား
တော့သည်။ ကျတော်အရာအားလုံးကို တကယ်
ကျောခိုင်းခဲ့ပြီဘဲ။ အပြင်းစားနာကျင်မှု တခု
အဆုံးသတ်မှာ ကျတော် အရမ်းပေါ့ပါးသွားခဲ့
ပြီ လွတ်လဲ လွတ်မြောက်သွားခဲ့ပြီ.......

.......

ဆေးရုံခေါင်မိုးထပ်မှ လူခုန်ချတယ်ဆိုတဲ့ သတင်းကြောင့် ကောင်းထက် လက်တွေတွန့်သွားတယ်။ တကယ်ဆို ကောင်းထက် ဒီလက်ကောက်၀တ်တွေကို လှီးဖြတ်ဖို့ အချိန်ယူနေတာ တော်တော်ကြာနေခဲ့ပြီ။ ဒါပေမဲ့ ဆေးရုံခေါင်မိုးထပ်က လူခုန်ချတယ်ဆိုတဲ့ သတင်းကြောင့် ကောင်းထက် ခေါက်ဓားကိုသိမ်းပြီး
အနီးအနားရှိ ပြတင်းပေါက်‌ကနေကြည့်လိုက်
သည်။ " မင်း...ဘုန်း... ထက် "

ကောင်းထက်တယောက် အရူးပမာပြေးဆင်း
သွားပေမဲ့ တာ၀န်ရှိသူတွေက တားထားလို့ အနာကိုကပ်လို့မရ။ အနားကမြင်ရတဲ့ပုံအရဆိုရင်
မျက်နှာ တခြမ်းလုံးစုတ်ပြတ်‌နေပေမဲ့ မင်းဘုန်း
ထက်ဆိုဝာာကို ကျတော့်အသွေးအသားထဲက
အစသိနေသညိ။ ကျတော့်ခွင့်လွှတ်မှုကိုရဖို့
သူ့ကိုပျောက်ကွယ်သွားခိုင်းတာ ဒီလိုနည်းမှ
မဟုတ်ဝာာ။ ကောင်းထက် အရူးတယောက်လို
ရေရွတ်ပြောဆိုနေပေမဲ့ တာ၀န်ရှိသူတွေက ထိန်း
ချုပ်ထားတာကြောင့် ရုန်းမရပြုမရဖြစ်နေတော့
သည်။ ရင်ခွဲရုံမှာ အလောင်းအတည်ပြုသွားရင်း
သူ့အမ ကိုတွေ့တော့လဲ ကောင်းထက်ကို ဖော်ဖော်ရွေရွေမရှိတဲ့ အပြင် မုန်းတီးနေတယ်ဆိုတာ
ကောင်းထက်ခံစားမိသည်။ သူ့ရဲ့မောင်သေရတာ
ကောင်းထက် အပြစ်မကင်းသလိုပါ သံသယ၀င်
နေပုံရသည်။

" ကောင်းထက် "

ကောင်းထက် အသံမထွက်သည့်တိုင် တုံ့ပြန်တဲ့
အမူအရာပင်မပေးနိုင်။ မင်းဘုန်းထက်အလောင်း
ကိုဘဲငေးငိုင်‌ကြည့်နေမိတော့သည်။

" ငါ့မောင်သေရတာ နင့်ပရောဂပါခဲ့ရင် ငါနင့်
ကို လုံး၀ခွင့်မလွှတ်ဘူး ။ ငါ့မောင်က နင့်ကို ဟိုး
ငယ်ငယ်ထဲက တဖက်သတ်ချစ်လာခဲ့တာ။ အခုလို အခြေအနေရောက်အောင် နင်ကလွဲပြီး ဘယ်သူမှ တွန်းပို့မှာ မဟုတ်ဘူး "

Opposite Season 2 ( Our Chemistry )Tahanan ng mga kuwento. Tumuklas ngayon