" အကို ပြန်တော့မလို့လား "
" ဟင့်အင်း၊ ferry စောင့်နေတာ။ မင်းရော
မပြန်သေးဘူးလား ။ferry စောင့်နေတာလား"" ကျတော်က ကားပါတယ်လေ။ အကိုဘယ်
မှာနေတာလဲ။ ကျတော်က လှိုင် ဘက်ကို
ပြန်မှာ ။ လမ်းကြုံရင် လိုက်ခဲ့လေ "" ရတယ်။ ငါ ferry နဲ့ဘဲပြန်လိုက်မယ်"
မင်းဘုန်းထက် ကားသော့ကိုကိုင်ပြီး ကောင်း
ထက်ကို သူနဲ့လိုက်ခဲ့ဖို့ခေါ်လိုက်သည်။
ကောင်းထက်အနေနဲ့လဲ junior ဆိုပေမဲ့
အရမ်းကြီး မရင်းနှီးသေးတော့ မလိုက်တော့
ဘူးဆိုပြီးဘဲ ငြင်းလိုက်သည်။ လမ်းကြုံလိုက်
တဲ့ အကောင်ဆိုပြီး ဇွဲရဲ့ ဒေါသကိုလဲ ကြောက်ရသေးသည်။ မှတ်မှတ်ရရ ဇွဲနဲ့ ရည်းစားဖြစ်ခါစလေးပေါ့။ အဲ့တုန်းက ကောင်းထက်တို့ အိမ်အောက်မှာ ကောင်းထက်တို့ state ကျောင်းတုန်းက သူငယ်ချင်း
ရဲမင်းသန့်ဆိုတဲ့တယောက်တောင် အိမ်မပြောင်းသေးဘူး။ တနေ့ ကောင်းထက်နဲ့ဇွဲ
Feel restaurant မှာ date ကျတာပေါ့။
ဇွဲနဲ့က no brand just with you ချင်ပေမဲ့
ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက
FDA စစ်သလို ပစိပစပ်ပြောလွန်းလို့ သူစား
ချင်တဲ့ဆိုင်မှာသာ လိုက်စားတာများသည်။
ဒါပေမဲ့ ကြီးကျယ်တာထက် သူသန့်ချင်တဲ့
ဆိုင်ကသန့်ပြီး မသန့်ချင်တဲ့ဆိုင်က ထိုင်လို့
ကိုမရ။စားနေရင် တန်းလန်းကြီးရှိသေး ရဲမင်းသန့်ကလဲ အိမ်အတွက်ခေါက်ဆွဲကြော်လာ၀င်
၀ယ်တာနဲ့တိုးပြီး နှစ်ယောက်သားစကားများ
လိုက်တာ ဇွဲကိုဘေးမှာရှိလို့ရှိမှန်းမသိအောင်
မေ့သွားကြရော။" မင်း uni က သူငယ်ချင်းလား "
ရဲမင်းသန့်မေးခွန်းကြောင့် ကောင်းထက်ဘာ
ပြန်ဖြေရမှန်းမသိဖြစ်သွားသည်။ကောင်းထက်နဲ့ ရဲမင်းသန့်က state တုန်းကခင်ပေမဲ့
Uni မတူတော့ ကောင်းထက်နဲ့ ဇွဲ အခြေအနေကိုလက်ခံမလား လက်မခံမလားမသိတာနဲ့
သင့်သလိုဘဲဖြေလိုက်သည်။" ကျောင်းက senior အကိုပါ ။ ဟုတ်တယ်
မလား အကိုဇွဲ "" ဟမ်.... ဟုတ်ကဲ့ ကျတော်သူ့ senior ပါ။
ဇွဲ လို့ခေါ်ပါတယ်"" ကျတော့်နာမည်က ရဲမင်းသန့်ပါ။ ကောင်း
ကြီးရဲ့ ကျောင်းတုန်းက သူငယ်ချင်းပါ "
YOU ARE READING
Opposite Season 2 ( Our Chemistry )