Episode 8

356 25 5
                                    

မှန်ကြောင် လက်ကို ကိုင်ထားတဲ့ အဲ့ကောင်ရဲ့
အကြည့်တွေကို ဇွဲ လုံး၀မကြိုက်ပါ။ ဇွဲဆိုတာ
မှန်ကြောင့်အပေါ် လိုတာထက်ပိုပြီး သ၀န်တို
တတ်တဲ့လူပါ။ မှန်ကြောင်က ချုပ်ချယ်တာ
မျိုးနဲ့ ကိုင်တွယ်လို့ မရမှန်းဇွဲ ကောင်းကောင်း
သိသည်။ မှန်ကြောင်ရဲ့ စိတ်ကိုက သူမှန်တယ်လို့ ထင်နေတဲ့ အရာကို မှားနေကြောင်း
သက်သေမပြနိုင်ဘဲ မလုပ်ဖို့ တားနေရင်
အဲ့တားတဲ့လူနဲ့ သူက ရန်သူသာ ဖြစ်သွား
လိမ့်မည်။ မင်းဘုန်းထက် ဆိုတဲ့ ‌တယောက်
ကောင်းထက် အပေါ်မှာ လိုတာထက်ပိုတဲ့
သံယောဇဉ်ရှိနေတယ်ဆိုတာ ဇွဲ မြွေမြွေချင်း
ခြေမြင်မိတယ်။ အဲ့တော့ ဇွဲအနေနဲ့ ကောင်းထက် ကို တားမရမဲ့ အတူတူတော့ တဘက်က
ကောင်မရိုးသားဘူးဆိုတာ သက်သေပြမှ
ဖြစ်လိမ့်မယ်။ ဇွဲ ယုံကြည်တာတခုက မင်းဘုန်းထက်မရိုးသားတာ ကောင်းထက်သိရင် သေချာပေါက် အဲ့ကောင်အပေါ်ရှောင်မယ်ဆို
တာပါဘဲ။ ဒါပေမဲ့ ဘယ်အရာမဆို ယုံသေ
တွက်လို့မရတာနဲ့ တဖက်သတ်ယုံကြည်မှု
ဆိုတာ ကိုယ့်ယုံကြည်ရတဲ့လူအပေါ်မှာဘဲ
မူတည်တယ်ဆိုတာ ဇွဲသေချာပေါက်လက်ခံ
ရလိမ့်မည်။

နောက်ပြီး ဇွဲ စိတ်ပူစရာတခုကလည်းရှိနေ
သေးတယ်။ ဒါကတော့တခြားမဟုတ် သူ
ကုန်ကြမ်းတွေကိုစစ်ဆေးဖို့နဲ့ နယ်ကိုယ်စား
လှယ်တွေနဲ့ စကားပြောဖို့ တပတ်။ ဆယ်ရက်
လောက် နယ်ဘက်ခဏသွားရဦးမယ်။ သူမရှိတဲ့ အတောအတွင်း သူစိုးရိမ်တာတွေ ဖြစ်လာ
မှာလဲ ဆိုးသည်။ ဒါကြောင့် ကောင်းထက်ကို
သူနဲ့တူတူလိုက်ခဲ့ဖို့ ရုပ်ရှင်သွားကြည့်‌တဲ့နေ့
မှဘဲ ပြောလိုက်တော့မည်။
......................

အခန်း၀မှာ ကျတော်တို့ CEO သားနဲ့ စကားပြောနေတဲ့ ကောင်းထက်ကို ကြည့်ပြီး
ကျတ်ော နှမြောမိတယ်။ ကျတော်ချစ်တဲ့လူ
အတွက် ကျတော့်ထက်အရင် ဘာလို့လူတယောက် ကြိုပြိးရှိနေရတာလဲဆိုတာ ပြန်တွေးမိတိုင်း နောက်ကျမိတဲ့ ကိုယ့်ကိုကိုယ် နောင်တရမိသည်။ တကယ်တော့ သူတို့နှစ်
ယောက် ချစ်သူတွေဆိုတာ ကျတော်သိပြီးသားပါ။ ဒါပေမဲ့ ကျတော့်ရဲ့ ရူးသွပ်မှုရယ်၊
တိုက်ဆိုင်လာတဲ့ အကြောင်းအရာတွေကြောင့် ကျတော် ကိုကောင်းထက်အနားမှာ
ဆက်ရှိနေရဦးမယ်။ အခုလဲ ကြည့်ပါဦး။
လက်ထဲမှာ power bank လေးကိုင်ပြီး ကျတော်ဆီလာနေတဲ့ သူ့ပုံစံလေးက ကျောင်းတုန်းက မုန့်စားဆင်းချိန်ဆို
ကျတော်တို့ အခန်းရှေ့ကနေ အအေးခွက်လေးကိုင်ပြီးဖြတ်သွားနေတဲ့ ပုံလေးနဲ့တော်
တော်တူလှသည်။ ခုနတုန်းက ဖွင့်ပြောမယ်
လို့တွေးထားတဲ့ စိတ်တွေကလဲ ခင်မင်မှုပျက်စီးသွားမယ်ဆိုတဲ့ အတွေးရဲ့နောက်ကွယ်မှာ ကြက်ပျောက်ငှက်ပျောက် ဖြစ်ရတော့သည်။

Opposite Season 2 ( Our Chemistry )Where stories live. Discover now