Ep 18 💚

591 87 27
                                    

<<< One Month later >>>
BELLION Gp Debut တာ တစ်နှစ်ပြည့်တဲ့နေ့ပေါ့
Junkyu တစ်ယောက်ကတော့
မနက်စောစောစီးစီးထဲကသူ့ကောင်လေးဆီ
လက်ဆောင်တွေပို့ပေးပြီးဂုဏ်ပြုပေးခဲ့သည်။
ကိုယ်တိုင်လည်းဒီနေ့ဘွဲ့ယူရမယ့်နေ့ဆိုတော့
စောစောထပြီးပြင်ဆင်ခဲ့ရသည်။

Debut 1 year party တွေ Vlive တွေပြီးတော့
Ruto CEO အခန်းထဲဝင်လာခဲ့သည်။
CEO : aww ruto ပဲ လာလေ ဘာကိစ္စရှိလို့လဲ
Ruto : ကျွန်တော်တောင်းဆိုစရာလေးရှိလ်ို့ပါ
CEO : ဘာများလဲ
Ruto : ကျွန်တော့်မှာချစ်ရတဲ့သူရှိတယ် သူ့ကိုကျွန်တော် Official တွဲချင်တယ် အဲ့ဒါ...
CEO : Ruto အဲ့ဒါ မင်းတစ်ယောက်ထဲနဲ့
သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူးနော်
အဖွဲ့နဲ့ရော Company နဲ့ပါဆိုင်နေတာ
မင်းနှလုံးသားကိုဦးစားပေးပြီး ကျန်တဲ့အရာတွေကို
အခက်တွေ့အောင်လုပ်မလို့လား
Ruto : ဒါဆ်ို (၂) နှစ်ပြည့်ရင်ရော..???
CEO : အဲ့ဒါက...
Ruto : တွေ့လား ထင်သားပဲ ကျွန်တော်ရော အခြား member တွေရောက ခင်ဗျားအတွက်ပဲ
စိတ်ရောလူရောရင်းထားပြီးအလုပ်လုပ်ပေးနေရတာပဲ ကျွန်တော်တို့ချစ်တဲ့သူတွေအတွက်တောင်
ကျွန်တော်တို့အချိန်တွေမပေးနိုင်ဘူး....
အချိန်တွေအားလုံး Company အပေါ်မှာပဲ
ကုန်ဆုံးထားရတာ...
CEO : ဒါပေမယ့် မင်းတို့ဖြစ်ချင်တဲ့
idol ဖြစ်တယ်လေ....
Ruto : အိုကေ အခုမှကျွန်တော်တကယ်
ဖြစ်ချင်တဲ့အရာကို သိတော့တယ်...
Ruto ပြောပြီး ရုံးခန်းထဲကလှည့်ထွက်လာခဲ့သည်။
____________________________________
Yedam : Ruto ya! အဆင်ပြေရဲ့လား
Ruto : မပြေဘူး hyung
ကျွန်တော်အဖွဲ့ထဲကထွက်တော့မယ်
Yedam : Yrr မဖြစ်ဘူးလေ ငါတို့အကုန်တူတူ
​မက်ခဲ့ကြတဲ့အိပ်မက်မဟုတ်ဖူးလား
Ruto : မှန်ပါတယ် ဒါပေမယ့် Junkyu ဆိုတဲ့
လူသားတစ်ယောက် ကျွန်တော့်ဘဝထဲ
ဝင်မလာခင်အချိန်တုန်းကပဲဖြစ်လိမ့်မယ်
Yedam : Ruto ကလည်းကွာ မင်းချစ်တာသိပေမယ့် Junkyu hyung သ်ိရင်ရော
မင်းကိုခွင့်ပြုမယ်ထင်လား သူ့ဆန္ဒကိုလည်း
မင်းမသိတာမဟုတ်ပဲနဲ့
Ruto : ဒါတော့ဒါပေါ့ hyung ရယ်
ကျွန်တော်လည်း....ဟူး...
ဒါတွေခဏထားလိုက်ပါ ကျွန်တော်ညနေကျ hyung ဆီသွားရအုန်းမယ် ဒီနေ့ဘွဲ့ယူတဲ့နေ့ဆိုတော့
ဂုဏ်ပြုပေးရမယ်
Yedam : hyung တို့လည်းလိုက်ခဲ့မယ်လေ
Junkyu hyung တောင် Soloist ဖြစ်တော့မယ်နော်
Ruto : အဲ့ကိစ္စလည်း hyung ကျွန်တော့်ကို
ဘာမှထပ်မပြောသေးဘူး
ညနေတွေ့မှမေးကြည့်ရမယ် hyung လိုက်မယ်ဆို
ပြင်ဆင်တော့လေ ကျွန်တော် Jihoon hyungတို့ကိုသွားပြောလိုက်အုန်းမယ်...
____________________________________
<<< At Uni >>>
^^hyungတို့နဲ့ခွဲရတော့မယ်
ကန်တင်းတူတူမထိုင်ရတော့ဘူး အဟင့်^^
^^Aww Junghwan ကလည်း
နောက်ဆိုပြန်တွေ့ရမှာပဲက်ိုး အားရင်လည်း
အပြင်တွေတူတူထွက်ကြမယ်လေ^^
^^ဒါတော့ဒါပေါ့ ဒါပေမယ့်လည်း
ကျွန်တော်ကလွမ်းနေမှာ^^
ပြောပြီးတာနဲ့မျက်ရည်တွေဝဲလာတဲ့ အငယ်ဆုံးလေးကို ကျန်တဲ့သူတွေကလည်း
ဝိုင်းဖက်ထားလိုက်ကြသည်။
Jaehyuk နဲ့ Sahi ကတော့ အတွဲတွေဖြစ်သွားပြီ
ဆိုတော့ Sahi appa ent မှာပဲ
အလုပ်တူတူဝင်လုပ်ရန်ဆုံးဖြတ်ထားကြသည်။
Yoshi နဲ့ JungHwan ကတော့ GT Ent ရဲ့
ကမ်းလှမ်းမှုနဲ့တူတူ နောက်ပွဲဦးထွက်မယ့်
Boy Gp ရဲ့ Debut member များဖြစ်လာကြသည်။
Junkyu : GT ရောက်လို့ တခုခုအကူညီလိုတာဆို
hyung သူငယ်ချင်းတွေကိုပြောလို့ရတယ်နော်သိလား သူတို့ကမင်းတို့ရဲ့စီနီယာGpဆိုတော့
လိုတာရှိလည်းမေးပေါ့ hyung လည်းပြောထားပေးမယ်...
JungHwan : Nae Hyung Gomawor
hyung သူငယ်ချင်းတွေက
သဘောကောင်းလားဟင် ခင်ဖို့ကောင်းလား
Junkyu : ဟဟ ဒါပေါ့အကုန်လုံးက
သဘောကောင်းတယ် စိတ်မပူနဲ့
Junkyu တို့စကားကောင်းနေတုန်း...
Asahi : Gp Photo ရိုက်ကြမယ် လာကြ
📸1 2 3 Click 📸
ဘွဲ့ယူတဲ့နေ့ဆိုတော့ တစ်ကျောင်းလုံး
ကိုယ့်အဖွဲ့နဲ့ကိုယ် ဓာတ်ပုံတွေရိုက်ပြီး
နှုတ်ဆက်စကားပြောနေကြသည်။
မျက်ရည်လွယ်တဲ့သူတွေကတော့
အချင်းချင်းဖက်ပြီးငိုကြတာပေါ့...
____________________________________
ချစ်သူလေးနဲ့ Date ရမယ်ဆိုတော့
ညနေခင်းကအရင်ကထက်ပိုပြီးလှပနေသည်။
Junkyu တစ်ယောက် ခုံတန်းလေးမှာ
ထိုင်စောင့်နေတုန်း နောက်ကနေ မျက်လုံးလေးကို
အုပ်လိုက်တော့...
^^ဟွန့် နောက်ကျတယ်နော် Ruto စုတ်^^
Junkyu တစ်ယောက် သူ့မျက်လုံးပေါ်က
လက်လေးတစ်စုံကို ဆုပ်ကိုင်လိုက်ရင်း
နောက်လှည့်ကြည့်လိုက်တော့....
^^Yrrr Park Jihoon လန့်သွားတာပဲ^^
Jihoon : ဟားဟား Junkyu တို့များ
အခုထိနုံတုန်းအတုန်း
Junkyu : Yrr ငါချိန်းထားတာ Ruto နဲ့လေ
မင်းတို့ပါလာမယ်မှန်းမှမသိတာ
Ruto ကတော့ သူ့ hyung ရှက်ရမ်းရမ်းနေတဲ့ပုံလေးကိုကြည့်ပြီးအသဲယားလာတာကြောင့်
ဘေးနားမြန်မြန်ဝင်ထိုင်လိုက်ပြီးလက်နုနုလေးကို
ဆုပ်ကိုင်လိုက်ရင်း....
Ruto : hyung အများကြီးလွမ်းနေတာသိလား
Junkyu : Naduu လွမ်းနေတာ
Jihoon : အဟွတ်ဟွတ် အဟင်း
Junkyu : ဘာဖြစ်တာလဲ သေတော့မှာလား
Hyunsuk : ကဲ မင်းတို့တွေနောက်မှကိုက်
ဒီနေ့ Night pass ရတုန်းလေး ဘယ်သွားကြမလဲ
Junkyu : Night pass ရတာလား ပျော်စရာကြီး
Ruto : hyung ဘယ်သွားချင်လဲ
ကျွန်တော်လိုက်ပို့ပေးမယ်လေ
Junkyu : ဘယ်သွားရင်ကောင်းမလဲ
တွေးနေတာ...
Ruto : hyung ကြိုက်တဲ့
Seafood Buffet သွားစားမလား
Junkyu : အာ ကောင်းတယ်ကောင်းတယ်
အဲ့ကို သွားကြမယ်
Ruto : Ok ပြီးရင်အဲ့မှာပဲ ရေကူးချင်ကူး
Bar ထိုင်ချင်ထိုင်ပေါ့
ကျွန်တော်Booking ယူလိုက်မယ်
Jihoon : အခန်းပါ တခါထဲယူလိုက်ပါလား
အဲ့မှာပဲအိပ်လိုက်ကြမယ်လေ မကောင်းဘူးလား
All : OkOk အဆင်ပြေတယ်
Yedam : အိုကေ သွားကြစို့ ယောဒေါဘွန်း
____________________________________
<<< At Bcom Hotel >>>
5 Star Hotel မှာ $ နဲ့ ပေးစားရတဲ့ Buffet ဆိုတော့
သူတို့ဝိုင်းအပြင်နောက်(၂)ဝိုင်းလောက်ပဲလူရှိသည်။
​ညနေစောင်းနေတာလည်းပါတာပေါ့...
Ruto : ဟူး ခုမှပဲ
စိတ်အေးလက်အေးနေရတော့တယ်
Doyoung : ဟုတ်ပဟုတ်ပ ညအိပ်တဲ့ထိ Mask တက်ထားရမယ်ထင်နေတာတော်ပါသေးရဲ့ဟဟ
ခဏနေတော့မှာထားတာတွေရောက်လာကြသည်။
Jihoon : ကဲစားကြမယ် စားကြမယ်
Junkyu : Ruto yaaaaa
Ruto : ဗျာာာာ
Junkyu : ပုဇွန်စားချင်တယ်
Ruto : Naee သဘောပေါက်ပါပြီဗျ
ပြောပြီးတာနဲ့ပုဇွန်တွေကိုအခွံနွှာပြီး
ခွံ့ကျွေးလိုက်တာကြောင့် ကျန်တဲ့ FA တွေက
ပါးစပ်အဟောင်းသား...
Jihoon : Yrr ဒါတော့လွန်တယ်မဟုတ်ဖူးလား
ငါတို့ကိုလည်းအားနာပါအုန်း
Junkyu : အဲ့ဒါ သူများအတွဲ Date တာ
ဝင်ရှုပ်ချင်အုန်း
Jihoon : မင်းကိုသတိရလို့လာတွေ့တာနော်
အဲ့လိုပြောပြီပေါ့ဟုတ်လား
Junkyu : ချင်းဂူးရား ငါကစတာ ဟဲဟဲ
Junkyu ပလုတ်ပလောင်းနဲ့ပြောနေတုန်း
ဘေးကနေ Ruto က နှုတ်ခမ်းလေးကို
တစ်ရှုးနဲ့သုတ်ပေးနေသည်။
(တကယ်သူ့hyungကိုကလေးလေးလို
ဂရုတစိုက်နဲ့🥺💕)
Yedam : Ruto ဆိုသည်မှာလည်းနော် Junkyu hyung နဲ့ဆိုပုံစံတစ်မျိုး ကျန်တဲ့သူတွေနဲ့ဆို
ပုံစံတစ်မျိုး ထင်တောင်မထင်ရဘူး
Ruto : ချစ်တာကိုးဗျ
(ဘယ်သူတွေဘာပဲပြောပြော Ruto တို့အတွဲကတော့ဆက် Ro မှာပဲ တစ်ပြားမှမလျှော့နိုင်ဘူး)
<<< Time Skip >>>
^^Arigoo ဗိုက်ကိုတင်းသွားတာပဲ^^
^^ဟုတ်ပ စားပြီးပြီဆိုတော့ အိပ်ကြတော့မလား^^
^^အိပ်ရအောင်အစောကြီးရှိသေးတာ
Bar သွားထိုင်ကြမလား^^
^^ကောင်းသား Beer လေးသောက်ပြီး
အအီဖြေတာပေါ့^^
အကုန်လုံးအဆင်ပြေပေမယ့် Junkyu
ကတော့ကြားကနေဝင်ဖြတ်ပြောလိုက်သည်။
Junkyu : Yrr ငါမသောက်နိုင်တော့ဘူး နားချင်နေပြီ
Ruto : ကျွန်တော်ရောပဲ နားချင်နေပြီ
Jihoon : အေးအေး မင်းတို့နှစ်ယောက်က
Ro ရတာတအားပင်ပန်းသွားကြပြီဆိုတော့
နားနှင့်ကြ။ ငါတို့ တော့ သောက်ပြီးမှပြန်လာမယ်
အခန်းတံခါးသာလော့ချမထားနဲ့
Ruto : အဲ့ဒါတော့စိတ်ပူစရာမလိုဘူး ရော့အခန်းသော့
Jihoon : ဟမ် ဒါဆိုမင်းတို့က...
Ruto : ကျွန်တော်တို့နှစ်ယောက်က
သီးသန့်တစ်ခန်းလေ
Ruto ပြောရင်းမျက်လုံးတစ်ချက်မှိတ်ပြလိုက်တော့
ဘေးကနေ Ruto ရင်ဘတ်ကို
လက်သီးလေးနဲ့တစ်ချက်ထုလိုက်တဲ့ Junkyu...
Jihoon : Aww အေးပါ အေးပါ သွားကြသွားကြ
Ruto : ကောင်းကောင်းသောက်ခဲ့ကြပါ
Junkyu : ယောဒေါဘွန်း မနက်မှတွေ့မယ်
ပြောပြီးလက်ချင်းချိတ်ထွက်သွားတဲ့
ကောင်လေးနှစ်ယောက်ကိုကြည့်ရင်း....
Yedam : နှစ်ယောက်ကတကယ်ချစ်ကြတာပဲနော်
Jihoon : မနိုင်တော့ဘူး
Hyunsuk နဲ့ Doyoung ကတော့ပြုံးစိစိနဲ့သာ....
____________________________________
<<< At Room >>>
Ruto တစ်ယောက်
Junkyu ပေါင်ပေါ်မှာ လှဲအိပ်နေပြီး
မေးစေ့လေးကိုလှမ်းကိုင်လိုက်တော့...
^^Ruto ya!!ချစ်တယ်^^
^^အယ် hyung ကတော့လေ
ရုတ်တရက်ဆိုတော့ရင်တောင်ခုန်သွားတယ်^^
^^ချစ်လို့ချစ်တယ်ပြောတာကို ဘာလဲ Ruto ကမကြိုက်ဘူးလား^^
^^ကြိုက်တာပေါ့ဗျာ အရမ်းကြိုက်တာပေါ့^^
ပြောရင်းလှဲနေရာကနေ ငုတ်တုတ်ထထိုင်ကာ
Junkyuရဲ့ပါးလေးတွေကိုဖွဖွလေးညှစ်လိုက်သည်။
^^လူကိုမြင်တာနဲ့ပါးပဲဖစ်နေတာ ဟွန့်^^
^^အဲ့ပါးလေးကိုချစ်တာကိုး^^
ပြောရင်းပါးလေးကိုရွှတ်ခနဲတစ်ချက်
နမ်းလိုက်တော့....
^^ပါးကိုပဲချစ်တာပေါ့လေ^^
^^နဖူးလေးရော မျက်လုံးလေးရော
နှာခေါင်းလေးရော^^
ပြောလည်းပြော အာဘွားတွေလည်း
တစ်ချက်စီပေးလိုက်ရင်း...
^^hyung ကျွန်တော်အချစ်ဆုံးအရာလေး
ကျန်သေးတယ် သိလား^^
^^အင်း^^
Junkyu တစ်ယောက် Ruto နှုတ်ခမ်းလေးကို
အနမ်းခြွေလိုက်ရင်း...
^^ဒါလေးမလား^^
Ruto ဘာမှပြန်မဖြေပဲ Koala လေးရဲ့
နှုတ်ခမ်းဖူးဖူးလေးကို မလွှတ်တမ်း
ပြန်သိမ်းပိုက်ထားလိုက်သည်။
ခဏနေတော့ အနမ်းတွေကိုရပ်တန့်လိုက်ရင်း...
^^hyung Soloist ကိစ္စရော အဆင်ပြေရဲ့လား^^
^^အင်းပြေပါတယ် ဒါပေမယ့်....^^
^^hyung ကျွန်တော်ပြောစရာရှိတယ်^^
^^အင်းပြောလေ^^
^^ကျွန်တော်အဖွဲ့ထဲကထွက်တော့မယ်^^
^^borr wae ruto??^^
^^ကျွန်တော်ဒီလိုမွန်းကြပ်တဲ့ဘဝမှာ
​ဆက်မနေနိုင်တော့ဘူးထင်တာပဲ^^
^^မင်းပဲ idol ဖြစ်ချင်တာပါဆို
မင်းအိပ်မက်ဆို^^
^^ဟုတ်တယ် ဒါပေမယ့် hyung ကို
ရင်ထဲနှစ်နေအောင်ချစ်မိသွားတဲ့အချ်ိန်ကစပြီး
ကျွန်တော့်အိပ်မက်က hyung နဲ့တူတူ
အမြဲနေနိုင်ဖို့ပဲ^^
^^Haruto!!!^^
^^hyung ကျေးဇူးပြုပြီး..ဒီတခါလောက်တော့
ကျွန်တော့်စိတ်ကြိုက်လိုက်ရောပေးလို့မရဘူးလား
တကယ်ဒီတခါထဲပဲလေနော်...^^
^^ဒီတခါ?? ဒီတခါကိုလိုက်လျောပေးလိုက်ရင်
ရှေ့ဆက်မင်းအနာဂတ်ဘာဖြစ်သွားမလဲ^^
^^hyung^^
^^တော်တော့ Haruto မင်းအဲ့အဖွဲ့ကထွက်မယ်ဆို
ငါ့ကိုပါတခါထဲဖြတ်သွားလိုက်^^
Junkyu ပြောပြီးတာနဲ့အခန်းထဲက
ထွက်သွားမယ်လုပ်တော့နောက်ကနေ
လှမ်းဆွဲထားတဲ့လက်တစ်စုံ...
မလွှတ်တမ်းဆွဲထားတာမို့ Junkyu အားထည့်ပြီး
ရုန်းလိုက်တော့ ဘေးကစားပွဲပေါ်မှာတင်ထားတဲ့
ဖန်ခွက်ကိုထိမိပြီး ခွမ်းခနဲကွဲကျသွားသည်။
Junkyu လည်းစိတ်တိုနေတာကြောင့်
ဘာကိုမှဂရုမစိုက်ပဲရှေ့ကို
ခြေတစ်လှမ်းလှမ်းလိုက်တော့...
^^အား^^
အော်သံကြောင့် Ruto လှမ်းကြည့်လိုက်တော့
ခြေဖဝါးနုနုလေးမှာဖန်ကွဲစကစူးဝင်နေသည်။
^^hyung hyung ဘာဖြစ်သွားသေးလဲ
အဆင်ပြေရဲ့လား အရမ်းနာသွားလားဟင်^^
^^ဖယ်^^
^^ခေါင်းမာမနေပါနဲ့ hyung ရယ်
ကျွန်တော့်ကိုခံစားရအောင်မလုပ်ပါနဲ့နော်^^
Ruto မျက်ရည်တွေဝဲပြီးပြောလိုက်တော့
Junkyu တစ်ယောက်ရန်ပြန်မရှာပဲငြိမ်ငြိမ်လေး
နေနေလိုက်သည်။
Ruto လည်း ခြေထောက်နာနေတဲ့ကောင်လေးကို
ကုတင်ပေါ်ပွေ့ချီလာပြီး....
^^hyung ဒီလိုခဏထိုင်နေနော်မလှုပ်နဲ့နော်
ကျွန်တော်လိုအပ်တဲ့ဆေးတွေသွားဝယ်ခဲ့မယ်^^
^^အင်း^^
Ruto တစ်ယောက်ပြောပြီးတာနဲ့
အခန်းအပြင်ကိုဝုန်းခနဲပြေးထွက်သွားခဲ့သည်။
အခုချိန်မှာသူ့ hyung လောက်ဘယ်အရာမှ
အရေးမကြီးတော့တာပဲအမှန်ပင်။
​အနီးအနားကဆေးဆိုင်ဆီမရပ်မနားပြေးလာရင်း
လိုအပ်တဲ့ဆေးတွေအကုန်ဝယ်လာပြီး
အခန်းဆီပြန်လာတော့ koala လေးက
ကုတင်ပေါ်မှာသူထားခဲ့တဲ့ပုံစံအတိုင်းလေး
တစ်ချက်တောင်မလှုပ်ပဲထိုင်စောင့်နေသည်။
(စိတ်ဆ်ိုးနေပေမယ့်ဒီလိုကျသူ့ကောင်လေး
စကားကိုတော့နားထောင်သား😛)
^^hyung ကလိမ်မာလိုက်တာ^^
^^ဆေးပေး ကိုယ့်ဟာကိုယ်လိမ်းမယ်^^
^^မရပါဘူးကျွန်တော်လိမ်းပေးမှာ^^
Rutoရဲ့တစ်ဇွတ်ထိုးအကျင့်ကတော့
ဘယ်တော့မှပြင်မရတာမို့Junkyuကပဲ
အရှုံးပေးလိုက်ရသည်။
တစ်ဇွတ်ထိုးဆန်တာကလည်း
Rutoရဲ့အချစ်ကြီးခြင်းတွေကတစ်ခုပေါ့....
အနာကိုဆေးလိမ်းပေးနေတုန်း
လက်ပေါ်ကျလာတဲ့မျက်ရည်ပေါက်လေးကြောင့်
Ruto မော့ကြည့်လိုက်တော့ သူ့ကိုကြည့်ပြီး
မျက်ရည်တွေကျနေတဲ့Junkyuလေး...
^^hyung ဘာဖြစ်လို့လဲဟင်^^
^^ဘာမှမဖြစ်ပါဘူး^^
^^ကျွန်တော်တောင်းပန်ပါတယ် hyung ရယ်
hyung မကြိုက်ရင်ကျွန်တော်အဖွဲ့ထဲက
မထွက်တော့ပါဘူး^^
Junkyu ကတော့ဘာစကားတစ်ခွန်းမှ
ပြန်မပြောပဲဒီတိုင်းလေးနေလိုက်သည်။
^^ကဲဆေးလိမ်းပြီးပြီဆ်ိုတော့ hyung နားတော့နော်^^
^^အင်း^^
^^မငိုနဲ့တော့နော် ကျွန်တော်ချော့သိပ်မယ်^^
ကလေးလေးလိုငိုနေတဲ့ကောင်လေးကို
Rutoရင်ခွင်ထဲဆွဲသွင်းလ်ိုက်ရင်း နဖူးလေးကို
အနမ်းဖွဖွခြွေလိုက်တော့ သူ့ခါးကိုတင်းကြပ်စွာ
ပြန်ပွေ့ဖက်ထားတဲ့လက်လေးတစ်စုံ....
Junkyu Pov : Ruto ရင်ခွင်က အမြဲတမ်းနွေးထွေးနေတာပဲ တစ်သက်လုံးဒီရင်ခွင်လေးက
hyungအတွက်ဆိုကောင်းမှာပဲ....
____________________________________
မနက်မိုးလင်း Ruto နိုးလာတော့
ဘေးမှာ Koala လေးမရှိတော့ဘူး...
Ruto အော်ခေါ်တော့လည်းပြန်ထူးသံမကြား
ဖုန်းဆက်တော့လည်းစက်ပိတ်ထားတာကြောင့်
Ruto တစ်ယောက်ခေါင်းမီးတောက်သွားရသည်။
ချက်ချင်း ဘေးက jihoon တို့အခန်းကို
သွားခေါက်တော့အိပ်ချင်မူးတူးနဲ့
တံခါးလာဖွင့်တာက Yedam!!!
Yedam : Ruto ya ဘာဖြစ်လာတာလဲ
Ruto : Junkyu hyung ဒီမှာရှိလား
လာသေးလားဟင်
Yedam : မလာပါဘူး Wae
Ruto : Ahhhhhhh
Ruto အော်သံကြောင့် Yedam လည်း
မျက်စိကျယ်သွားရသလိုကျန်တဲ့အိပ်နေတဲ့သူတွေလည်းလန့်ပြီးနိုးလာကြသည်။
Jihoon : Ruto ya ဘာဖြစ်တာလဲ အလန့်တကြား
Ruto : hyung နဲ့ကျွန်တော်ညကစကားနည်းနည်းများကြတယ် ပြီးတော့သူ့ခြေထောက်ဒဏ်ရာရသွားတယ်...ညကတော့ပုံမှန်အတိုင်းပါပဲ ဒါပေမယ့်
ခုကျွန်တော်နိုးတော့ hyung မရှိတော့ဘူး
Ph လည်းစက်ပိတ်ထားတယ် ဘယ်လိုလုပ်ရမလဲပြောကြပါအုန်း
Jihoon : Yrr ခဏစိတ်ကောက်လို့နေမှာပေါ့
ပြီးရင်ပြန်အဆင်ပြေမှာပဲဟာ
Ruto : မဟုတ်ဘူး Yedam hyung
ကျွန်တော်ပြောစရာရှိတယ်...
Yedam လက်ကိုဆွဲပြီး
အခန်းပြင်ခေါ်ထုတ်လိုက်ကာ...
^^ညကကျွန်တော်အဖွဲ့ထဲကထွက်မယ့်ကိစ္စပြောမိလိုက်တာ^^
^^မင်းရူးနေလားတစ်ရက်တစ်လေလေးအေးဆေးတွေ့ရတာကိုအဲ့ဒါတွေပြောစရာလား^^
^^ကျွန်တော်လည်းကြိုသိထားစေချင်လို့
ပြောမိတာပါ^^
^^ဒုက္ခပဲ နေအုန်း မင်းအခုအခန်းပြန်ပြီး
အိပ်ယာပေါ်တွေဘာတွေမှာတခုခုရှာကြည့်
စာဘာညာချန်ခဲ့လားမသိနိုင်ဘူးလေ^^
Yedam စကားမဆုံးခင် Ruto အခန်းဆီပြန်ပြေးသွားပြီးနေရာအနှံ့ရှာဖွေကြည့်တော့
ခေါင်းအုံးအောက်ကနေစာလေးတစ်စောင်
ထွက်လာခဲ့သည်။

It's Always YOUWhere stories live. Discover now