^^ဟဲလို အေးအေးးငါလာကြိုမယ်
ခဏစောင့်^^
ဖုန်းချပြီးတာနဲ့ကောက်ခါငင်ခါထွက်သွားတဲ့
Jihoonကိုဘာစကားမေးမှမရလိုက်တဲ့
Haruto နဲ့ Hyunsuk
__________________________________
^^arigoo Korea မှာလည်း အသိဆိုလို့မင်းပဲရှိတာတော်ပါသေးရဲ့ရောက်လာလို့^^
Junkyu တစ်ယောက်အမေရိကားမှာ
ကျောင်းသွားတက်ပြီးKoreaကိုပြန်လာတဲ့နေ့ပေါ့။လေဆိပ်ကနေအိမ်အပြန်လမ်းမှာ ကားပျက်သွားလို့ Jihoon ကိုလှမ်းအကူညီတောင်းရခြင်းဖြစ်သည်။
^^အေးပါ အချင်းချင်းတွေပဲပြောစရာလိုလား
လာအထုပ်တွေငါကူသယ်ပေးမယ်^^
Jihoonလည်းအထုပ်တွေသူ့ကားပေါ်တင်လိုက်ပြီး
Junkyuနဲ့စကားတပြောပြောနဲ့ကားမောင်းလာသည်။
^^ရုတ်တရက်ကြီးဘာလို့ပြန်လာတာတုန်းJunkyu ya^^
^^မင်းလည်းသိသားနဲ့ငါငယ်ငယ်ထဲက
အနုပညာဝါသနာပါတာ အိမ်ကနိုင်ငံခြား နိုင်ငံခြား
လုပ်နေလို့သာမငြင်းဆန်နိုင်လို့သွားလိုက်ရတာ^^
^^ဒါဆိုခုကဘာပြန်လာလုပ်တာလဲ^^
အပြီးပြန်လာတာလား^^
^^Yess အပြီးပြန်လာတာ သူတို့ဆန္ဒအတိုင်း
ငါအမေရိကားမှာဘွဲ့တစ်ခုယူပြီးပြီလေ
ခုငါအနုပညာကျောင်းတက်ဖို့ပြန်လာတာ^^
^^ဟုတ်လှချည်လားငါတို့ကျောင်းလာတက်လေ^^
^^ငါလိုက်ကြည့်မယ်လေ^^
^^အေးအခုသွားမလား^^
^^Yrr Park Jihoon ငါအခုပင်ပန်းလို့
နားပါရစေအုန်းမင်းကငယ်ငယ်ကလိုပဲ
အခုဆိုအခုပဲစိတ်က^^
သူငယ်ချင်းနှစ်ယောက်စကားပြောရင်းနဲ့ပဲ
မောင်းလာလိုက်တာJunkyuအိမ်ရှေ့ပင်ရောက်လာသည်။
^^ Jihoon ya!! အိမ်ထဲဝင်အုန်းလေ အဖေနဲ့အမေက ငါနဲ့ဖုန်းပြောတိုင်းမင်းအကြောင်းပြောနေတာ
တွေ့ချင်လို့တဲ့^^^^တစ်ခေါက်ငါအေးဆေးလာတွေ့ပါ့မယ်ကွာ
ဒီနေ့ကျောင်းမှာငါတို့အဖွဲ့Showရှိလို့^^
Jihoonစကားကြောင့်Junkyuတစ်ယောက်
စိတ်ဝင်စားသွားသည်။
^^Show??ကိုယ်ပိုင်Showလား??^^
^^အေးး မင်းသူငယ်ချင်းကကျောင်းမှာ
နာမည်ကြီးအဖွဲ့ထဲကတစ်ယောက်လေဟဲဟဲ^^
^^နာမည်ကြီးတာနဲ့Showလုပ်လို့ရတာလား^^
^^အဲ့လိုလည်းမဟုတ်ဖူးပေါ့ကွာ
မင်းကျောင်းလိုက်ခဲ့တဲ့နေ့မှငါသေချာရှင်းပြမယ်^^
^^အေးဒါဆိုမနက်ဖန်ပဲလာခေါ်^^
^^Ok Ok Bye Junkyu ya!! ဦးလေးနဲ့အဒေါ်ကို
ငါသတိရတယ်ပြောလိုက်အုန်းနော်^^
^^အေးအေး^^
Junkyuလည်းပြောပြောဆိုဆိုနဲ့အထုပ်တွေချပြီး
အိမ်ထဲဝင်သွားတော့သည်။
အိမ်ထဲရောက်တော့
^^ဟာအကိုလေးပြန်လာပြီ
တီတီကြီးရေ အကိုလေးပြန်လာပြီ^^
Junkyu တို့အိမ်မှာက
အခြွေအရံတွေ၅ယောက်ထပ်မနည်းဘူး
အိမ်ကလည်းအကြီးကြီးပဲ!!